Part - 15 ~ Miss U 🔞🚨

25.7K 1.3K 35
                                    

Hate is Love

Zawgyi

This part is rate part if ur not old enough u shouldn't read it!! 🔞🚨🚫

သူဌေးဝမ်နဲ့ညကသွားသောက်ပြီး သူကသိပ်မမူးပေမယ့် သူဌေးဝမ်က အရမ်းမူးနေလို့အတွင်းရေးမှူး ကိုခေါ်လိုက်ရသည် သူရုံးရောက်တဲ့အထိ သူဌေးဝမ်ကို မတွေ့တာမို့ သူဌေးရုံးခန်းကိုထွက်လာခဲ့သည် ရိပေါ်ကို သူဘာလို့တွေ့ချင်တာမှန်းမသိ။ သူ့ရဲ့အိမ်ထောင်ဖက်က သူနဲ့တူတယ်ဆိုလို့စိတ်ဝင်စားမိတာများလား ။

" ဆရာဒီနေ့မလာဘူးရှင့်''

ရုံးခန်းထဲ ဝင်ဖို့ပြင်နေတဲ့ သူ့ခြေထောက်တွေ ရပ်တန့်သွားသည် သူ့ကိုပြောလိုက်တဲ့ကောင်မလေးဆီ ပြန်လျှောက်သွားပြီး မေးကြည့်လိုက်သည်။

" ဘာလို့လဲ ''

" အာ ဘယ်လိုပြောရမလဲ ဒီနေ့ကသူဌေးရဲ့အမျိုးသား ဆုံးသွားတာ ၃နှစ်ပြည့်လေအရင်နှစ်တွေဒီချိန် အိမ်မှာပဲတစ်နေကုန်နေ,နေတက်တယ် ''

"ဒါဆို မနက်ဖြန်တင်သွင်းမယ့်ကုန်တွေအတွက် သူဌေးရဲ့ လက်မှတ်လိုတယ်လေ ''

" အဲ့ဒါမနက်ဖြန်မှထိုးလို့မရဘူးဟင် ဒီနေ့တော့ဖြစ်မှာမဟုတ်ဘူး ''

" ဒါဆိုလဲ သူဌေးအိမ်ကိုသွားပြီး လက်မှတ်ထိုးခိုင်းလိုက်လေ''

"မဖြစ်ဘူး သူဌေးကဒီလိုနေ့မှာအရမ်းဒေါသကြီးတာ သူ့အိမ်ကိုဘယ်သူမှလာတာကြိုက်တာမဟုတ်ဘူး အလုပ်ဖြုတ်ခံရလိမ့်မယ် ''

"ဒါဆို အတွင်းရေးမှူးယွီပင်းကရော ''

" အတွင်းရေးမှူးက မနေ့ညကတည်းက ရှန်ဟိုင်းစက်ရုံကိုသွားတယ် ပြန်ရောက်ဦးမှာ မဟုတ်သေးဘူးဟိုလေအားနာပေမယ့် ကိုယ်စားလှယ်ကြီးကပဲ သွားပေးလို့မရဘူးလား ကျွန်မတို့သွားရင် အလုပ်ထုတ်ခံရမှာကျိန်းသေတယ် "

" ရတယ်လေ ကျွန်တော်သွားပေးလိုက်ပါ့မယ်''

"အာ ကျေးဇူပါရှင် ကျွန်မလိပ်စာရေးပေးလိုက်ပါ့မယ် ''

သူရေးထားတဲ့ လိပ်စာအတိုင်းရောက်လာခဲ့သော်လည်း ဒီအိမ်က သူ့နဲ့အရမ်းကိုရင်းနှီးနေသလိုပင်ခံစားရသည် လူခေါ်ဘဲကို အဆက်မပြတ်တီးနေပေမယ့် ဘယ်သူမှမလာတာကြောင့် တံခါးကိုတွန်းဖွင့်လိုက်တော့ပွင့်သွားတာမို့ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။

Hate is Love  { Complete }Where stories live. Discover now