Part - 5 ~ Losing Family

21.5K 1.4K 26
                                    

Hate is Love

Zawgyi

ရှောင်ကျန့်နဲ့ရိပေါ် မားကိုကြည့်ပြီး ဆေးရုံက
နေပြန်ဖို့ထွက်လာတော့ ဆေးရုံကကြေငြာတစ်ခုကို
ရှောင်ကျန့်တွေ့လိုက်သည် ။

"ရိပေါ်..ဟို အရင်ကားပေါ်သွားနှင့်လိုက်ပါလား ကျန့် toilet သွားလိုက်ဦးမယ် ကားပေါ်ကစောင့်နှင့်နော် ''

"ဟမ်...ဘာလို့လဲ ကိုယ်လဲလိုက်ခဲ့မယ်လေ ''

"အာ..ရိပေါ်ကလဲသွားပါ ပြီးတော့ အောက်ထပ်ကwardမှာ ကျန့်အတွက်ice americano ဝယ်ထားပေး''

"အမ်...ညဘက်ကြီးကော်ဖီသောက်မလို့လား ''

"အာ..သွားပါမြန်မြန်သွားဝယ် ပြန်လာတာနဲ့ကော်ဖီဝယ် ထားတာမြင်ချင်တယ်သွား သွား ''

ရိပေါ်ထွက်သွားပြီးတော့ရှောင်ကျန့်လဲ ဆေးရုံကကြေငြာထားတဲ့စာရွက်လေးသွားယူလိုက်သည်။

"အမ ဒီကုထုံးအတွက်စာရင်းသွင်းချင်လို့''

ကားparking မှာamericano ဘူးကိုကိုင်ကာ ကားကိုမှီပြီးရပ်နေတဲ့ ရိပေါ်က တကယ့်မိန်းကလေးတွေရဲ့ideal type

"ရိပေါ် စောင့်ရတာကြာသွားလား ''

"မကြာပါဘူး ''

ရိပေါ်ကရှောင်ကျန့်ကို ကားခါးပတ်ပတ်ပေးတော့ ရှောင်ကျန့်ကရိပေါ်ကိုပြုံးပြီးကြည့်နေသည် ။

"ဘာလို့လဲ ကိုယ့်မျက်နှာမှာဘာပေနေလို့လဲ ''

''အင်း ပေနေတယ် ချောမောခြင်းတွေလေ ခ်ခ်'' ရှောင်ကျန့်ကပြောပြီး ရိပေါ်ပါးလေးကို နမ်းလိုက်သည်။

''အာ ဒီလို ပါးကိုနမ်းရုံနဲ့ ဘယ်ရမလဲ '' ရိပေါ်ကရှောင်ကျန့် ပါးကလက်နဲ့ညစ်လိုက်တော့ နှုတ်ခမ်းလေးဆူထွက်လာတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည် ။

'' အာ ရိပေါ် တော်တော့ ကားparking ကြီးမှာ ''

''အင်း အိမ်ရောက်မှ ''
ရိပေါ်ကနောက်ပြီးပြောတော့ ရှောင်ကျန့်က ရိပေါ်လက်မောင်းကို ထုတော့သည် ဘာတွေပဲဖြစ်ဖြစ် သူတို့အတွက် ကြည်နူးစရာအချိန်လေးတွေက ရွှေထက်တောင် ပိုတန်ဖိုးရှိနေတဲ့ အချိန်လေးတွေ......

Hate is Love  { Complete }Where stories live. Discover now