Part -18 ~ Greedy Love

16.6K 1.2K 71
                                    

Hate is love

Zawgyi

(Meida မှာထည့်ထာတဲ့ Ariana Grande ရဲ့ Greedy သီချင်းလေးနဲ့ဒီpartလိုက်မယ်
ထင်လို့ထည့်ပေးလိုက်ပါတယ် )

ဝမ်ရိပေါ် ထွက်သွားပြီးသိပ်မကြာခင် ဆရာဝန်တွေနဲ့ပြန်ရောက်လာသည် ။

" ခေါင်းမူးတာ ခေါင်းကိုက်တာတွေဖြစ်လား အရင်ကခေါင်းကိုထိခိုက်မိထားတယ်နဲ့တူတယ် အခုသက်သာရဲ့လားခေါင်းပဲထပ်ထိတာဆိုတော့ ''

"ဟုတ်ကဲ့ ကျွန်တော်သက်သာပါတယ် Jeana ရော Jeana ရောအဆင်ပြေရရဲ့လား ''

" အဲ့လူနာကတော့ခွဲစိတ်ပြီး အခုအထူးခန်းထဲမှာပါ အခုတော့စောင့်ကြည့်တုန်းမလို့ စိုးရိမ်ရတဲ့အခြေနေတော့ မရှိတော့ပါဘူး ''

ရိပေါ်က Sean Xiao သတိရလာလို့ဝမ်းသာရပေမယ့် နိုးလာလာချင်း Jeanaကိုမေးလာတဲ့သူ့ကြောင့် ဘာကြောင့်ဝမ်းနည်းမှန်းမသိ ။

ဆရာဝန်တွေထွက်သွားတော့ အခန်းထဲသူနဲ့ ရိပေါ်နှစ်ယောက်ပဲ ရှိတော့သည် ရိပေါ်ကလဲ စကားမစသလို ရှောင်ကျန့်ကလဲရိပေါ်ကိုသာ ကြည့်မိနေသည် ။

' ကျန့် တောင်းပန်ပါတယ် ရိပေါ်ရယ် ကျန့်,ရိပေါ်ရဲ့ ရင်သွေး လေးကိုတောင်မထိန်းသိမ်းနိုင်ခဲ့ဘူး အခုချိန်မှာ ရိပေါ်ကိုသတိရကြောင်းပြောချင်ပေမယ့် ကျန့်က ရှောင်ကျန့်ဆိုတာ Stella ကိုသိခွင့်မပေးနိုင်သေးဘူး ကျန့်တို့ရဲ့ကလေးအတွက် ပြန်ပေးဆပ်ခိုင်းရဦးမယ် '

" Sean Xiao ဘာစားမလဲ ကျွန်တော်သွားဝယ်ပေးပါ့မယ်''

"အာ ရပါတယ် ရိ အဲ သူဌေးဝမ် ဒါနဲ့လေတိုက်သွားတဲ့ ကားသမားရောဖမ်းမိလား ''

" အင်း ဖမ်းမိတယ် ရဲလက်ထဲအပ်လိုက်ပြီ''

" ဘယ်ရဲစခန်းမှာလဲ ကျွန်တော့်ကိုပြောပြပါလား ''

" မနက်ဖြန်မှသွားပါလား အရေးကြီးလို့လား''

" အရမ်းကိုအရေးကြီးတယ်...''

" Jeanaကိုထိခိုက်သွားလို့ခွင့်လွှတ်လို့ မရအောင်လား''

" ဟင် အင်း ဟုတ်တယ်အဲ့ဒါကြောင့် ''

Hate is Love  { Complete }Where stories live. Discover now