Part-24~Being a daddy

18.8K 1.3K 46
                                    

Hate is Love

Zawgyi

နေ့လည်ကတည်းက ပွဲကြမ်းလိုက်တာပြီး ရှောင်ကျန့်ကတော့ပင်ပန်းစွာအိပ်ပျော်နေပြီမို့ ရိပေါ်ကဘဲရေစိုတဘက်လေးယူပြီး

ှောင်ကျန့်ကိုသန့်ရှင်းရေးလုပ်ပေးလိုက်သည် နှစ်ချိုက်စွာအိပ်ပျော်နေတဲ့ သူ့ရဲ့အသက်လေး နဖူးကိုခပ်ဖွဖွနမ်းလိုက်ပြီး ရေချိုးဖို့ရာရေချိုးခန်းထဲဝင်လိုက်သည် ရိပေါ်ရေချိုးပြီးထွက်လာသည့်တိုင်အောင် ရှောင်ကျန့်ကအိပ်နေတုန်းပဲ ညစာအတွက် ဘာမှမရှိတာကြောင့်ဖုန်းယူပြီးဖုန်းကနေတစ်ဆင့်ပဲမှာလိုက်သည် လွယ်လည်းလွယ်အဆင်လည်း
ပြေနေသည်မဟုတ်လား ။

ရိပေါ်,ခါးအောက်ပိုင်းကိုသာတပတ်နဲ့ ပတ်ထားပြီးဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ကာ မနက်ဖြန်အတွက် scheduleတွေကို ယွီပင်းကိုလှမ်းမေးနေသည် သူထိုင်နေတုန်းအိမ်ရှေ့ တံခါး passwordကိုဖွင့်သံကြားလို့ ရိပေါ်ထကြည့်လိုက်တော့ အိမ်ထဲဝင်လာတဲ့ Jeana...

" သူဌေးဝမ် ဘယ်လိုရောက်နေတာလဲ ''

"အင်း နေ့လည်ကတည်းကရောက်နေတာ
ကျန့်ကအခန်းထဲမှာအိပ်နေတုန်း မင်းဒီနေ့အပြင်မှာပဲ အိပ်လိုက်ပါလား ''

" အာ ဟုတ်ပြီလေ ''
Jeana ကတစ်ချက်တစ်ချက်ရိပေါ်ရဲ့six pack တွေလှမ်းခိုးကြည့်နေသေးသည် ။

" ဒါနဲ့ကျန့် ဟောင်ကောင်မှာဘယ်လိုနေဖြစ်သွားတာလဲ ''

"ကောကရှင့်ကိုဘာမှမပြောဘူးလား''

" မပြောတာထက် ငါကမမေးချင်လို့ပါ သူအရမ်းခက်ခဲခဲ့လား''

" ကောကိုသွေးသံတရဲရဲနဲ့ရှန်ဟွာအဝေးပြေးလမ်းမမှာ ကျဲတို့တွေ့တာ ဆေးရုံကိုအချိန်မှီပို့ခဲ့ပေမယ့် ကလေးအသက်ကိုတော့မကယ်နိုင်ခဲ့ဘူး ကောက ကလေးကိုအရမ်းမျှော်မှန်းထားခဲ့တဲ့ပုံပဲ၊ ကလေးမရှိတော့မှန်းသိတော့ အရမ်းကိုပြိုလဲသွားခဲ့ပြီး အတိတ်ပါမေ့သွားလောက်တဲ့အထိ shockရခဲ့တာ သူ့ကိုယ်သူဘယ်သူမှန်းတောင် မသိတော့လို့ ရွှယ်လုကျဲက မောင်အဖြစ်မွေးစားလိုက်တာ၊ ကျဲကတစ်ဦးတည်းသောသမီးဆိုတော့ မောင်နှမလိုချင်နေခဲ့တာ အဲ့တာကြောင့်ကောကို ဟောင်ကောင်မှာခေါ်ဖို့အထိဖြစ်သွားတာ ''

Hate is Love  { Complete }Where stories live. Discover now