Part -8 ~ Cuz of Love (🔞🚨)

23.5K 1.3K 30
                                    

Hate is Love

Zawgyi

This part is rated part if ur not old enough you shouldn't read it!! 🔞🚨

ရှောင်ကျန့်နိုးလာတော့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာနေတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ညတုန်းက ဆိုဖာပေါ်မှာ ရိပေါ်ကိုစောင့်ရင်းအိပ်ပျော်သွားပုံပဲ ။

"ဒီအတိုင်း ဆိုဖာပေါ်မှာအိပ်ပျော်မိသွားတာပါလား ဒါဆိုညကရိပေါ်အိမ်ကိုပြန်မလာဘူးပေါ့ ရုံးမှာများ အလုပ်ရူပ်နေလို့လားမသိဘူး''

ရှောင်ကျန့်ယောင်ယမ်းကာ သူဖုန်းကိုဖွင့်ကြည့်လိုက်တော့ ရိပေါ်ဆီက ဘာmissed call ဘာစာမှမတွေ့ဘူး သူရိပေါ်ဆီကိုဖုန်းဆက်ပေမယ့်ရိပေါ်က လုံးဝမကိုင် ရှောင်ကျန့်ကလဲ ရိပေါ်မကိုင်မချင်း အကြိမ်ကြိမ်ခေါ်နေမိသည် ။

"ရိပေါ် ဘာလို့ဖုန်းမကိုင်တာလဲ အလုပ်အရမ်းများနေလို့လားဟင် မနေ့ညကဘာလို့အိမ်ပြန်မလာတာလဲ ထမင်းရောစားပြီးရဲ့လား''

"ရှောင်းရှောင်ကျန့် မင်းအလုပ်လုပ်နေတာကို နားမလည်ဘူးလား ငါ့ဘာသာ ဘာပဲစားစားမငျးဂရုဈိုကျစရာမလိုဘူး ဖုန်းလဲထပ်ဆက်မနေနဲ့ အလုပ်လုပ်နေတယ် ''

ရှောင်ကျန့်မှာကျသွားတဲ့ဖုန်းလေးကိုကိုင်ပြီး ငိုင်နေမိသည် မျက်ရည်တွေဝဲလာပေမယ့် ရိပေါ်အလုပ်ရူပ်နေတာ စိတ်ရူပ်နေလို့ သူ့ကိုအော်တာနေမှာပါဆိုပြီး ဖြေသိမ့်လိုက်သည် အရင်ကဆို တစ်နေ့ကိုသုံးလေးခေါက်လောက် ဖုန်းဆက်နေတဲ့သူကအခုလိုစိမ်းစိမ်းကားကားပြောတော့ သူ့မှာနားမလည်နိုင်အောင်ပဲ ဒါပေမယ့်လဲ အလုပ်ကြောင့်ဟုစိတ်ဖြေလိုက်သည် ။

အလုပ်ရူပ်နေတဲ့ရိပေါ်အတွက် နေ့လည်စာထမင်းဗူး ပြင်ဆင်ဖို့ပဲလုပ်ကာ ရိပေါ်ကြိုက်တဲ့ဟင်းတွေကို ပြင်ဆင်ပြီး ရုံးကိုပဲထွက်လာလိုက်သည် ရုံးမှာလဲ ရှောင်ကျန့်ကိုရိပေါ်ရဲ့ လက်တွဲဖော်အဖြစ်သိတာမို့ ရှောင်ကျန့်ရိပေါ်အခန်းထဲကို တံခါးမခေါက်ဘဲ ဝင်သွားလိုက်သည် ။

အခန်းထဲမှာရိပေါ်နဲ့အမျိုးသမီးတစ်ယောက် စကားထိုင်ပြောနေတာတွေ့တော့ တံခါးမခေါက်ဘဲဝင်လာတာ မှားသွားပြီလား တောင်ထင်မိတယ် ။

Hate is Love  { Complete }Where stories live. Discover now