Part -20 ~ Painful Love

18.6K 1.2K 42
                                    

Hate is Love

Zawgyi

ရှောင်ကျန့်ကရိပေါ်ကိုဟိုတယ်အခန်းထဲနေရာချပေးကာသူပါပင်ပန်းနေတာမို့ရိပေါ်ဘေးကိုဝင်လှဲလိုက်ပြီးသူပါခဏဆိုပြီးဝင်လှဲလိုက်ပေမယ့်ရိပေါ်ကသူ့ကိုဆွဲဖက်လိုက်တာမို့ သူလဲအလိုက်သင့်ရိပေါ်ရဲ့ရင်ခွင်ထဲ ခိုအောင်းလိုက်သည် သူနဲ့ဝေးနေတာကြာပြီဖြစ်တဲ့ ရိပေါ်ရဲ့ရင်ခွင်က အရင်ကလိုနွေးထွေးနေဆဲပင် ။

သူရိပေါ်ရဲ့ရင်ခွင်ထဲရောက်နေတုန်း ရိပေါ်ရဲ့ နှုတ်ခမ်းလေးကို သူ့လက်ညိုးလေးနဲ့ဖွဖွလေး
ထိတွေ့လိုက်သည် အရင်ကပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းကစိတ်ဖိစီးမှုလျော့ချဖို့ ဆေးလိပ်တွေသောက်နေသည်ထင်ပါ့ နှုတ်ခမ်းလေးမှာအနည်းငယ်ပင်ညိုနေလေပြီ။

နှုတ်ခမ်းလေးကညိုသယောင်သန်းနေပေမယ့် နှုတ်ခမ်းတွေကတော့အရင်လိုနူးညံနေဆဲ။

'ချစ်တယ် ရိပေါ် နောက်ဆိုရိပေါ်ရဲ့ဘေးကနေ သတ္တိကြောင်ပြီး ထွက်မပြေးတော့ပါဘူး '

သူရဲ့အသံတိတ်ကတိပေးစကားတွေပြောပြီး
နောက်သူလဲခဏဆိုပြီးမှိန်းလိုက်တာအိပ်ပျော်သွားသည်။

ညကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းတွေကိုက်ပြီး နိုးလာတော့လက်မောင်းကိုတစ်ခုခုဖိထားလို့ ကြည့်လိုက်မိတော့ သူ့မနက်တိုင်းတောင်းတနေခဲ့ရတဲ့ သူ့ရဲ့အချစ်ရဆုံးသောသူ။

သူကိုယ်တိုင်တောင်သူ့မျက်လုံးသူမယုံနိုင် အိပ်မက်များလားထင်မိသည် အိပ်မက်ဆိုရင်တောင် သူဘယ်တော့မှမနိုးထချင်တော့တဲ့အိပ်မက်လေး ရိပေါ်ကရှောင်ကျန့်ရဲ့မျက်နှာလေးကို ဖွဖွလေးထိလိုက်မိလိုက်သည် ။

" ဟင် တကယ်ပဲ ငါထင်ယောင်ထင်မှားဖြစ်နေတာ
မဟုတ်ဘူးပေါ့ ''

ရိပေါ်မနေ့ကအကြောင်းရာများသေချာပြန်စဉ်းစားကြည့်လိုက်တော့မှ သူမနေ့ကJeanaလာပေးတဲ့ဝိုင်ကို သောက်လိုက်မိပြီး သူ့တစ်ကိုယ်လုံး မနေနိုင်မထိုင်နိုင်ဖြစ်လာတာပဲ Jeanaကဘာလို့သူ့ကိုဆေးခပ်တာလဲ

သူ့ရင်ခွင်ထဲကရှောင်ကျန့်က လူးလိမ့်လာတာမို့ ရိပေါ်သူ့လက်မောင်းပေါ်ကရှောင်ကျန့်ကို တွန်းလိုက်သည်။

Hate is Love  { Complete }Where stories live. Discover now