Part-34~ Ice cream

10.9K 979 66
                                    

Hate is Love

Zawgyi

ရှောင်ကျန့်တစ်ယောက်အိမ်ပြန်လာပြီး ဘယ်သူနဲ့မှလဲစကားမပြောဘဲ အလုပ်သာလုပ်နေသည် ။ အိမ်မာကလေးကူထိန်ပေးတဲ့ အဒေါ်ကြီးကလဲ ရှောင်ကျန့်ရဲ့ပုံစံကိုမြင်ပြီး နည်းနည်းလန့်နေတော့သည် သူတို့တစ်ခါမှမမြင်ဘူးတဲ့ ပုံစံနဲ့မို့လို့် ရှောင်ကျန့် ကလေးစားတာလေးတွေချက်ပြီး ထမင်းကျွေးဖို့ ကလေးထိုင်တဲ့ခုံအရှည်ပေါ်မှာတင်လိုက်သည် ။

မင်ယူကသိပ်မစားဘဲဂျီတိုက်နေတာမို့ ရှောင်ကျန့်ဒေါသတွေပိုထွက်လာရသည် ။

" မစားဘူးလား ပါးဒေါသထွက်လာပြီနော် ဟိုဟာလဲ မစားဒီဟာလဲမစားနဲ့ အမြဲတမ်းသရေစာမုန့်တွေပဲ
စားလို့ရမလား မင်းကိုယ်မင်းဘယ်လောက်ရှိပြီ ထင်နေလို့လဲ ဟမ်... ''
ရှောင်ကျန့်ကဒေါသထွက်ထွက်နဲ့အော်လိုက်တော့ မင်ယူလေးကလန့်ပြီး ထငိုတော့သည် ။

" သား အားရီပဲ ဆက်ကျွေးလိုက်ပါ့မယ် ပင်ပန်းနေနားရင်နားလိုက်ပါလား ''

ရှောင်ကျန့်ဘာစကားမှမပြောဘဲထ မင်ယူ့ကိုကျွေးနေတဲ့ ထမင်းခွက်ကိုချပြီး ထထွက်သွားသည် ။
" အဒေါ်ကြီးသားက ဘာဖြစ်တာလဲ ''

" မသိဘူးရှင့် ဈေးဝယ်ပြီးပြန်လာတည်းက ဒေါသထွက်နေတဲ့ပုံပဲဘာဖြစ်လာလို့်လဲမသိဘူးအပြင်မှာ ''

" ဟုတ်လား အေးအေး ''

ရှောင်ကျန့်အခန်းထဲဝင်တော့လဲ သူဆွဲလက်စပန်းချီတွေကို စိတ်တိုတိုနဲ့ ကောက်ပေါက်ပစ်သည် ။

"ဝမ်ရိပေါ် မင်းကအပြင်မှာ နောက်မီးလင်းချင်တယ်ပေါ့လေ အေးမင်းလဲအသေ ငါလဲအသေပဲ အား ''
ရှောင်ကျန့်စိတ်ပေါက်ပေါက်နဲ့ မျက်နှာကိုခေါင်းအုံးအပ်ပြီး အော်လိုက်သည် ။

မင်ယူလေးကထမင်းစားပြီးတော့ ရှောင်ကျန့်လဲမင်ယူ့ ကိုခေါ်ပြီးထိန်းသည် မင်ယူက lego ရုပ်လေးတွေ တက်လိုက်ဖြုတ်လိုက်နဲ့ သဘောတွေ့နေသည် သူသဘောကျတဲ့အရုပ်လေးကိုယူကာ ရှောင်ကျန့်ဆီလျှောက်ကာလာပေးသည် ။

" ဘာလဲ မင်းကရော ဘာဖြစ်ချင်နေတာလဲ မင်းကိုလွယ်ပြီးမွေးထားရတာငါလေ မင်းကဘာလို့် အဲ့ကောင်နဲ့တရုပ်ထဲတူ အကျင့်ကလဲ တစရိုက်ထဲ ဟမ် မင်းကိုမွေးထားတဲ့ ငါနဲ့ဘာလို့နဲနဲမှမဆင်တာလဲ ''

Hate is Love  { Complete }Where stories live. Discover now