Part -3 ~ Wedding Day (🚨🔞)

40.2K 1.8K 37
                                    

Hate is Love

Zawgyi

This part is rated part if ur not old enough you shouldn't read it! ! 🚨🔞

ပါးကမင်္ဂလာပွဲကိုအလောတကြီးစီစဉ်တာမို့လို့် ရိပေါ်ရော ရှောင်ကျန့်ရော မင်္ဂလာဝတ်စုံရွေးဖို့ဝတ်စုံဆိုင်ကို ရောက်နေကြတယ် ရှောင်ကျန့်ကရောက်နေပေမယ့် ရိပေါ်ကကုမ္ပဏီကတန်းလာမယ်ဆိုတာကြောင့် ရှောင်ကျန့်ဝတ်စုံဆိုင်မှာပဲစောင့်နေလိုက်သည် ။

"သွေ့ပုချိ ကိုယ်နောက်ကျသွားတယ် ''

"ရပါတယ် ''

"မင်းဝတ်စုံမရွေးရသေးဘူးလား ''

"ရိပေါ် ဘာကြိုက်မှန်းမသိလို့ ရိပေါ်ကိုစောင့်နေလိုက်တာ''

" ဒါဆိုလဲ ရွေးလိုက်ရအောင်လေ ''
ရိပေါ်နဲ့ရှောင်ကျန့်မင်္ဂလာပွဲကိုဟောင်ကောင်မှာ ကျင်းပဖို့စီစဉ်လိုက်တယ်ဒီမှာမင်္ဂလာပွဲလုပ်ဖို့အဆင်မပြေတာကြောင့်ဟောင်ကောင်မှာပဲအကုန်စီစဉ်ထားလိုက်သည် ။

"တက်လေ ကိုယ်ပြန်လိုက်ပို့ပေးမယ် ''

"ဟင့်အင်း ကျွန်တော်သွားစရာရှိသေးလို့အရင်ပြန်နှင့်ပါ ကျွန်တော်taxi စီးပြီး ပြန်ခဲ့ပါ့မယ်''

"ကောင်းပြီလေ''
တစ်ခွန်းတည်းပြောပြီးကားပေါ်တက်ကာ မောင်းထွက်သွားသည် ။

ရှောင်ကျန့်လဲမသွားတာကြာပြီဖြစ်တဲ့ မားဆီကို မားကြိုက်တဲ့ကျူးလစ်ပန်းတွေဝယ်ပြီး သွားလိုက်သည် မားကုတင်ဘေးကပန်းအိုးထဲမားကြိုက်တဲ့ အဖြူရောင်ကျူးလစ်ပန်းတွေထိုးလိုက်သည် အဖြူရောင်ကျူးလစ်ပန်းတွေရဲ့အဓ်ိပ္ပါယ်အတိုင်းမားက ပါးအသက်ရှင်စဉ်ကပါးဘာအပြစ်လုပ်လုပ် ကျူးလစ်ပန်းအဖြူတွေဝယ်လာတာနဲ့ ခွင့်လွှတ်ပြီးသား မားကစ်ိတ်ထားအရမ်းကောင်းတဲ့မိန်းမသားတစ်ယောက် ဖြစ်ခဲ့တယ် ပါးဘယ်လိုအခြေနေပဲဖြစ်နေဖြစ်နေ လက်ခံပေးပြီးချစ်ခဲ့တာ ဒါပေမယ့်ရက်စက်တဲ့ ကံကြမ္မာကြောင့်ချစ်ရသူနှစ်ဉ်ီးကိုသေကွဲကွဲခဲ့ရပေမယ့် ပါးအေပၚ မားအချစ်တွေမပြောင်းလဲဘူးဆိုတာ သက်သေပဲလေ ။

ပါးဆုံးပြီးတစ်နှစ်လောက်အလုပ်တွေလုပ်ပြီး အကြွေးကိစ္စရောမားဆေးဖိုးတွေပါရှာပေမယ့် မားခွဲစိတ်ဖို့အတွက်မတက်နိုင်ခဲ့ဘူး အခုတော့သူဌေးဝမ် ကျေးဇူးကြောင့်မားရဲ့ဦးနှောက်အကျိတ်ကိုအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပေမယ့်မားကတော့သတိပြန်မလည်လာသေးဘူး အောက်စီဂျင်အကူညီနဲ့သာအသက်ရှင်နေရတယ် ရှောင်ကျန့်မားရဲ့လက်လေးတွေ ခြောက်ထောက်တွေကို ရေပတ်ဝတ်နဲ့တိုက်ပေးနေရင်း

Hate is Love  { Complete }Where stories live. Discover now