Part-31~Wang MinYu's Bd

15K 985 68
                                    

Hate is Love

Zawgyi

ရိပေါ်ညကပွဲကြမ်းသွားတာမို့ ရှောင်ကျန့်မှာ မနက်မထနိုင်တာမို့ ရိပေါ်ကပဲကလေးကိုချီပြီး
အောက်ထပ်ဆင်းလာရသည် ။

" ဟဲ့သား ကျန့်လေးရော မနိုးသေးဘူး ''

" ကျန့်လား နေသိပ်မကောင်းချင်လို့တဲ့ အဲ့ဒါအိပ်နေတယ် ''

" သားရောရုံးမသွားဘူးလား ''

" ဟုတ်တယ် ဒီနေ့ကျန့်နေသိပ်မကောင်းလို့ကျွန်တော်ပဲ ဝမ်ပိစိကိုထိန်းမလို့လေမား ''

" မားထိန်းပေးမှာပေါ့ ''

"ရပါတယ် မားနားပါ ''
ရိပေါ်မှာကလေးကိုကြိုးသိုင်းတဲ့ဟာနဲ့ရင်ဘတ်မှာ ချီထားပြီး ရှောင်ကျန့်အတွက်မနက်စာကို ဗန်းနဲ့အပေါ်ကိုယူခဲ့လိုက်သည် ။

အိပ်နေတဲ့ရှောင်ကျန့်ဘေးနားမှာကလေးကိုချလိုက်တော့ ကလေးက, လေးဖက်ထောက်ပြီး ရှောင်ကျန့်ပေါ်တက်သွားသည် ။

အကျီမဝတ်ရသေးတဲ့ရှောင်ကျန့်ရင်ဘတ်ပေါ် တက်သွားပြီး ရှောင်ကျန့်ရင်ဘတ်ကိုသွားရိုက်နေသည် ။

"ပါးပါး နိုးသွားမယ်လေ သားရဲ့ ''

" အင်း ''

" ကျန့်နိုးလာပြီလား ''

"အင်း သားရောနိုးနေပြီလား ရိပေါ်ရုံးမသွားဘူးလား ''

"အင်းဒီနေ့တစ်ရက်ခွင့်ယူပြီး ကျန့်နဲ့ကလေးကူထိန်းပေးမလို့လေ

ကိုယ်မနက်စာယူလာခဲ့ပေးတယ် စားလိုက်ဦး ကိုယ်ကလေးထိန်းလိုက်မယ် ''

ရိပေါ်ကလေးကိုခေါ်ပြီး အောက်ဆင်းသွားပြန်သည် ။
ကလေးထိုင်တဲ့ခုံအရှည်မှာမင်ယူလေးကိုတင်လိုက်ပြီး ကလေးတွေစားတဲ့ ဒိန်ချဉ်လေးကျွေးတော့ပျော်ပြီး လက်ခုပ်တောင်တီးနေသေးသည် ။

ရိပေါ်လဲ ကလေးကပျော်ရွှင်စွာစားနေတာလေးကို ကြည်ပြီးပီတီဖြာနေရသည် သူအခုဆိုရင်သူ့ကိုယ်သူ အဖေဆိုတာခံစားမိလာသည် ကလေးကို ဖြည့်စွက်အစာလေးတွေဖျော်ကျွေးပြီး ရေချိုးပေးတော့ ရေမကြိုက်တဲ့ မင်ယူကကော့ပြန်လန်နေတာမို့ ရိပေါ်မှာမနည်းထိန်းရသည် ။

Hate is Love  { Complete }Where stories live. Discover now