Part-2

15K 1.1K 21
                                    

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီEp-2

Zawgyi

သူ့ကိုကိုယ်ဝန်ရှိတော့ ပါး မိန်းမတစ်ယောက်ကိုတရားဝင် ယူပစ်ခဲ့၏။စီးပွားရေးက ကျလာ၏။ နောက်မိန်းမနဲ့ သုံးဖြုန်းပစ်ခဲ့သည်။

မိန်းမကလည်တော့ ပါးစည်းစိမ်တွေ အပြုတ်ချူယူပစ်ခဲ့တာပေါ့...အဲဒါဘာဆန်းလဲ မိန်းမတွေအပေါ်အလေးအနက်မထားတတ်တဲ့ ပါးကို ယောကျာ်းတွေအပေါ်အလေးအနက်မထားတတ်တဲ့ မိန်းမနဲ့တွေ့စေရမှာပဲ.....

တိုက်ဆိုင်မှုက...ကျွန်တော့်ကို ကိုယ်ဝန်ရှိစဉ်ကျမှ ပါးအပေါ်ဒုက္ခပေးမယ့် မိန်းမတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရတော့သည်။ စီးပွားလည်းကျ...အိမ်ကြီးလည်းမီးလောင်...ပြဿနာတွေ အားလုံးက ကျွန်တော့်အပေါ်ပုံကျလာသည်။နောက်မိန်းမက ပါးကိုစွန့်ခွာသွားတော့ ပါးစိတ်ညစ်ပြီး အရက်တွေသောက်လာတော့၏။

အခု...အရက်သမားကြီးဖြစ်နေသည်။

မား အလုပ်ပြန်လုပ်၍ စီးပွားရေးအဆင်ပြေလာခဲ့၏။စိန်ပွဲစားအလုပ်ကို မားတို့ မျိုးရိုးစဉ်ဆက်လုပ်ခဲ့သည်။

မား ဆက်လုပ်ခဲ့၏။
အောင်မြင်သည်။
ခြံနှင့်တိုက်လေးတစ်လုံး ဝယ်လာနိုင်တဲ့အဆင့်ရောက်လာခဲ့၏။

မားတို့အကြောက်ဆုံးက စီးပွားကျသွားမှာပင်ဖြစ်သည်။ဒါကြောင့်လည်း...ကွန်တော့်ကို သူတို့သားအဖြစ်လက်မခံဘဲ ဖြစ်၏။အဆိုးဆုံးက...အိမ်တော်စိုးကြီး ဒေါ်ကျောက်လုံပင် ကျွန်တော့်ကို သားအဖြစ် လက်မခံလိုခဲ့ပေ။

အရင်ကတည်းက ရှိနေတဲ့ ပန်းနာရင်ကျပ်ရောဂါပြန်ထတာ ကျွန်တော့်ကြောင့်တဲ့...ကျွန်တော့်နှလုံးသားတွေထဲမှာ နာကျင်မှုဝေဒနာတွေက အမြဲတမ်း ကိန်းအောင်းနေခဲ့တော့သည်။

ဘယ်သူနှင့်မှ ပတ်သက်ဆက်ဆံခြင်း မပြုတော့ပေ...အထီးကျန်စွာနေခဲ့သည်။ကျွန်တော့်အိပ်ခန်းလေးသည် ကျွန်တော့်ရဲ့ နားခိုရာကမ္ဘာလေးပင် ဖြစ်သည်။ပါးတို့မားတို့ကိုလည်း ရှောင်ကွင်းပြီးနေခဲ့မိသည်။မိသားစုတစ်ခုလုံးနှင့် တွေ့ရမှာပင် ကျွန်တော်ကြောက်နေမိ၏။

အစားအသောက်တွေကို ကျွန်တော့်အခန်းထဲ လာပို့ကြသည်။

ရှုပ်ပွနေတဲ့ ကျွန်တော့်အိပ်ခန်းကိုလည်း ရှင်းပေးမည့်သူ တစ်ယောက်မှမရှိ...နေကြပေါ့...ကျွန်တော်လည်းမလုပ်...သူတို့လာလုပ်ပေးတဲ့အချိန်ပဲ ကျွန်တော်စောင့်နေမိသည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now