ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-16
Zawgyi
ရှောင်ကျန့် နာရီငုံ့ကြည့်တော့ သားက လိုက်ကြည့်သည်။ ပြန်မော့လိုက်တော့ မျက်နာနောက်ကို လိုက်မော့ကြည့်၏။
"ပါပါး...ဘာစောင့်နေတာလဲဟင်"
"ဦးဦးကိုလေ၊ ဦးဦး တော်ကြာလာခေါ်မှာ၊ ပါးတို့အပြင်မှာ မုန့်သွားစားကြမှာ၊ သားသား ဘာစားမလဲ စဉ်းစားထားနော်"
"မုန့်စားမယ်"
"အင်း..."
သားက Sofaပေါ်က ဆင်းရပ်လိုက်ပြီး ရှောင်ကျန့်မျက်နှာရှေ့မှာ သေချာရပ်ကြည့်ကာ.....
"ဦးဦးကို သားသားချစ်ဘူး၊ ပါပါးပဲ ဦးဦး ဘယ်ခေါ်ခေါ် မလိုက်ရဘူးဆို"
"ဟင်..."
"ပါပါး ပြောခဲ့တာပဲ၊ ဦးဦးကို မချစ်ရဘူး၊ ဘာကျွေးကျွေး မစားရဘူး၊ ဘာဝယ်ပေးပေး မယူရဘူးတဲ့၊ အခုကျတော့ ဘာဖြစ်လို့လဲ"
ရှောင်ကျန့် အကျပ်ရိုက်သွားသည်။ သားက သူ ဘာဖြစ်မလဲလို့ မော့ငေးနေဆဲ။
"အဲဒါက ဟုတ်တယ်၊ ဟို ဒါပေမယ့် ဦးဦးယွီက စိတ်ရင်းကောင်းပါတယ် သားရယ်၊ သားသားရဲ့ ဖိုးဖိုးနဲ့လဲ ခင်တယ်လေ၊ ပါးက သားသားရဲ့ဖိုးဖိုးကိုချစ်တော့ ဖိုးဖိုးချစ်တဲ့လူကိုလဲ ချစ်ရတာပေါ့"
"ပါပါးက ဦးဦးကို ချစ်တယ်"
"ဟင်..."
"ဟုတ်လား ပါပါး၊ ဦးဦးကို ပါပါးက ချစ်တယ်"
သားက ကျွန်တော့်ပခုံးနှစ်ဖက်ကို လှုပ်၍ မေးနေပြီ။ အမြန်ဆုံး လက်ထပ်ဖို့ ဆုံးဖြတ်ပြီးတာ မှန်သည်။ ပြီးစလွယ်ခေါင်းညိတ်လိုက်ဖို့လည်း ပြဿနာမရှိနိုင်။
ဒါပေမယ့် ကျွန်တော့်ခေါင်းက တောင့်မတ်နေ၏။ အချစ်ကို ကြောက်နေပါပြီ။
ပြီးစလွယ်ပဲဖြစ်ဖြစ် တိတ်တိတ်လေးဖြစ်ဖြစ် အိပ်မက်ထဲမှာတောင် အချစ်အတွက် ခေါင်းညိတ်ဖို့က မဖြစ်နိုင်တော့ပေ။
"သားသား ဦးဦးယွီကိုချစ်ဘူး၊ ဒါပေမယ့် ပါပါးက ချစ်တယ်ဆိုတော့ သားသားလေးလဲ ချစ်ရမှာပေါ့နော်"