Part-30

11K 746 26
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-30

Zawgyi

  The feeling called love bloomed in my heart puisating with life and shimmering like a rainbow.

  အချစ်တည်းဟူသည့် ခံစားမှု ကိုယ့်နှလုံးသားအတွင်း ပွင့်လန်းလာသည်နှင့် အသက်ဝင်လှုပ်ရှားလာသည်. . .သက်တံ့သဖွယ် အရောင်အသွေး တောက်ပလာလေ၏။



      ဝမ်ရီပေါ်အတွက်ကတော့၊ လူကို ခြေထောက်မှ ဆွဲကိုင်ရိုက်ခံထားရသလို၊ တစ်ကိုယ်လုံး ဖွတ်ဖွတ်ညက်ညက်ကြေမတတ် နာကျင်ပင်ပန်းခြင်းများစွာ ခံစားရသည်။

  တစ်ပတ်လုံး Nanjing Companyရုံးခွဲမှာ၊ ပြဿနာတွေကို ဖြေရှင်း လှုပ်ရှားခဲ့ရ၏။ Beijing အိမ်၌ စောင့်မျှော်နေကြမည့် ရှောင်ကျန့်နဲ့ သားလေးထံ ၊ အရောက်သွားလိုစိတ်ဖြင့် ကားကိုအပြင်းမောင်းခဲ့၏။

  ရှောင်ကျန့်၏၊ Birthdayလေးမှာ ရှောင်ကျန့် အံ့အားသင့်ဝမ်းသာစေလိုစိတ်ဖြင့်၊ နောက်တစ်နေ့. . .နေ့လည်ခင်းအချိန်ကိုက် ရောက်ဖို့၊ ရည်ရွယ်ခဲ့၏။

   သို့ပေမယ့်၊ Beijingသို့ထွက်ခွာမည့် လေယာဉ်မရှိသဖြင့်၊ ကားဖြင့်သာ တပည့်(2)ယောက်နှင့်၊ Beijingသို့ ပြန်လာရ၏။

   မထင်မှတ်ဘဲ၊ ကားက ဖောက်လွဲဖောက်ပြန်ဖြစ်ကာ၊ လုံးဝ သွား၍ မရဖြစ်ခြင်းက "ရှောင်ကျန့်နဲ့ သားလေးထံ မသွားနဲ့" ဟု တစ်စုံတစ်ယောက်က ဆွဲထားသလို ဖြစ်နေခဲ့၏။

  "အံ့ရောဗျာ. . .ကျွန်တော် ကားနည်းနည်းပါပါးပြင်တတ်ပါတယ်၊ ခုလိုမျိုး. . .တစ်ခါမှ၊ မကြုံဖူးဘူးတော့ အဟုတ်မှ ဟုတ်သေးရဲ့လားတောင် အောက်မေ့မိတယ်"

  တပည့်တစ်ယောက်က ကားကို စက်နိုးကြည့်ရင်း၊ ပြောလေသည်။ လူခြေပြတ်သောနေရာ၊ သစ်ပင်ကြီးငယ်တို့ အုပ်ဆိုင်းနေသော နေရာ၊ မျက်စိအကြည့်ရောက်လျက်၊ နေ့မှည. . .ပြောင်းလဲသွားသော အ​မှောင်ထုက၊ ဆရာ/တပည့်(3)ယောက်၏ စိတ်ကို ချောက်ချားစေသည်။

ဟိုင်းဝေး ခရီးဖြစ်သဖြင့်၊ အရှိန်ပြင်းစွာ မောင်းသွားသော ကားကြီး၊ ကားငယ်တို့က မျက်စိရှေ့မှာ၊ ရိပ်ခနဲ ဖြတ်ပြေးတာ မြန်လှ၏။ ဝှီးခနဲ၊ ဝှီးခနဲ၊ အသံတုန်ခါသွားသော မြေလှိုင်းထသံက မြေပေါ်မှာ ထိုချနေမှ၊ လူကို ကိုင်လှုပ်သလို ဖြစ်နေတာ၊ တိုက်ရိုက်ထိတွေ့ ခံစားရ၏။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now