ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-12
Zawgyi
"ဘာဖြစ်နေတာလဲ ဝမ်၊ ရှေ့မှာ ယာဉ်တိုက်မှုဖြစ်နေတာ မမြင်ဘူးလား"
"မြင်တယ်လေ"
"မြင်ရင် ဘေးကကွေးတက်ရအောင် လမ်းတောင်းပါလား မင်္ဂလာအချိန်က ကျတော့မှာ၊ ကားကြောပိတ်နေတာကြီးကို ဒီအတိုင်း ထိုင်စောင့်မလို့လား"
"အားလုံး ဒီမှာ စုပြုံညပ်နေတာကိုကွာ"
"ဟုတ်တယ်လေ...ဘေးမှာကားတွေ ဒီလိုပဲ ဖောကိထွက်ကုန်ကြတာ မမြင်ဘူးလား၊ လုပ်ကွာ၊ ကမန်းကတန်းကြီးပွဲတက်ရရင် ချွေးပြန်ကုန်လိမ့်မယ်"
ရတနာတွေ ပြိုးပြက်လက်နေကာ အလှဆုံးမျက်နှာလေး ညိုးနေတာကို ရီပေါ်က ခဏကြာအောင် ငဲ့ကြည့်၏။ ပြီးတော့ လည်ပင်းက Necktieကို စိတ်ကျဉ်းကျပ်သလို တမင်ဆုပ်ကိုင်၍ ဟိုဘက်ဆွဲ ဒီဘက်ဆွဲ လုပ်ပစ်လိုက်သည်။ ပြီးမှ ကူရှင်မှာ အရုပ်ကြိုးပြတ်လို မှီချလိုက်ကာ ဘေးကမှန်ကို ချလိုက်၏။
"မတတ်နိုင်ဘူးကွာ၊ တရွေ့ရွေ့ ရှေ့တိုးလိုက်၊ စောင့်နေလိုက်၊ ဟိုကားကိုလက်ပြ၊ ဒီကားကို တောင်းပန်လိုက်နဲ့ မလုပ်ချင်ဘူး၊ 1:00ကျော်ကျော် စောထွက်လာတာပဲ၊ မှီပါတယ်"
"ကျွတ်"
လင်းရှက သူ့ဘက်ကို ကိုယ်တစ်ခြမ်းစောင်းလေး လှည့်လာကာ.....
"အဲဒီတံခါးက ဘာဖြစ်လို့ ချပစ်လိုက်ရတာလဲ၊ ဒါ မင်္ဂလာကားနော်၊ Coffeeထွက်သောက်ဖို့ မောင်းလာတဲ့ကားမဟုတ်ဘူး၊ ပြန်တင်လိုက်"
ရီပေါ်က ပခုံးနှစ်ဖက်ကို စုကျုံ့၍ အေးစက်စက် ပြန်ကြည့်သည်။
"လေသံက ရင့်လှချည်လား လင်းရှ၊ ကိုယ်က မင်းရဲ့Driverမဟုတ်ဘူး"
"Driver မောင်းပို့မယ့်ဟာ Youကလက်မခံတာလေ၊ သတို့သားကိုယ်တိုင် ကားမောင်းထွက်လာသတဲ့၊ လူမြင်လို့မှ မကောင်း"
"လူမြင်မကောင်းရအောင် ကိုယ်က သူခိုးဂျပိုးရုပ်နဲ့မောင်းနေလို့လား"
"မသိဘူးကွာ...ဒီချိန်မှာ ရန်လာမဖြစ်နဲ့၊ မှန်ပြန်တင်လိုက်"