Part-4

12.3K 1K 15
                                    

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ Ep-4

Zawgyi

  "ဘာ!...ရှောင်လင်းယွီ ဟုတ်လား"

  "ဟင် မင်းမလွန်ဘူးလား"

  "ဟိုက ဆရာဝန်"

  သုံးယောက်လုံး အရင်လိုပြုံးဖြဲဖြဲနဲ့ စနောက်လာကြတာမဟုတ်ဘဲ အပြစ်တင်သံကြီးတွေ ဆက်တိုက်ထွက်လာသည်။

  "သူ့မားက စိန်ပွဲစား မာနလဲကြီးတယ် သူ့ပါးက ဘာအလုပ်ပါ့မလုပ်ပေမယ့် မင်းလျှော့မတွက်နဲ့ သူ့သမီးကိုထိရင် ခံမှာမဟုတ်ဘူး"

  "သူနဲ့ငါနဲ့မှမဆိုင်တာ သူ့သမီးနဲ့ အဆင်ပြေနေပြီဥစ္စာ"

  "ဟင်...ဘာရယ် ရှောင်လင်းယွီနဲ့ မင်းက"

  ရီပေါ်က ပီကေကို ဝူးခနဲမှုတ်ထုတ်ပစ်လိုက်ပြီး စီးကရက်ထုတ်၍မီးညှိသည်။ တစ်ရှိုက် ရှိုက်ပြီးမှမီးခိုးငွေ့တွေကို ခပ်ဖြည်းဖြည်းမှုတ်ထုတ်ကာ.....

  "သူ့ကို ငါ ဆေးခန်းအပြန်လိုက်ပို့တာ (3)ရက်ရှိပြီ"

  "ကြည့်လုပ်ပါကွာ သူ့မားတို့သိသွားမှ"

  "သူ့မားကကျေးဇူးတင်ပါတယ်တဲ့ နောက်လဲအိမ်ကိုဝင်ပါထွက်ပါတဲ့"

  "ဘယ်လို"

  "ဟင်...ကြွားနေတာလား"

  ရီပေါ်က ပြုံးနေလျှက်ဘာမှဖြေခြင်းမရှိ။ တကယ်တော့ သားအမိနှစ်ယောက် ကားပျက်နေကြသည်။ လူရှုပ်နှစ်ယောက်က ကားပြင်ပေးမလိုလိုနဲ့ ဒေါ်ကျန့်မိန်လီလက်ကိုင်အိတ်ကို လုပြေးသည်။ ထိုအချိန်မှာ ရီပေါ်က ကွက်တိရောက်သွားခဲ့သည်။

  ကံကြမ္မာဟာ ရီပေါ်၏နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံခွင့်မပေးခဲ့ဘူးထင်၏။ အမြဲတမ်းသူ့ဘက်မှာပဲ ရှိနေသည်။ အိတ်ကိုပြန်လုပေးခဲ့သည်။ ကားလည်းပြင်ပေးလိုက်၏။

  ဆုံစည်းကြပုံက ရုပ်ရှင်လိုလို ဘာလိုလိုဆန်ပေမယ့် ဒါဟာဖန်တီးမှုမပါတာ သေချာပါသည်။

  ဟိုနေ့တွေကတည်းက ရှောင်လင်းယွီအလှကြောင့် ဆေးခန်းရှေ့ရစ်သီရစ်သီ မကြာခဏလုပ်ခဲ့သည့် ရီပေါ်ကို ရှောင်လင်းယွီက မရိုးသားမှန်းသိပြီးသား။ ဒါပေမယ့် သူ့မားကို ဘာမှပြောမထားဘဲ ခုမှခင်ရသလိုဖော်ရွေသည်။ ထို့ကြောင့် အဆင်ပြေ၏။ နောက် ပို၍အဆင်ပြေလာတာက ဆေးခန်းအပြန် သူပဲသွားကြိုပြီး ပြန်ပို့ပေး၏။ Modelအမြင့်ဆုံးကားကြီးနှင့် ချောမွေ့သန့်စင်နေသည့် ဝမ်ရီပေါ်ကို ဘယ်လိုလူက အထင်သေးမလဲ။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now