Part-11

11.1K 859 33
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-11

Zawgyi

  ပြောနေကြပြီ ကိုကို...။ "နင်ဟာ ဘယ်နှယောက်မြောက်လဲတဲ့။ ကျွန်တော် ပြောခဲ့တယ် သိလား၊၊ "ကိုကိုက ကျွန်တော့်ကို အချစ်ဆုံး"လို့...။

  သတိရတိုင်း ထုတ်ကြည့်ဖြစ်သည့် ဘဏ်စာအုပ်လေးကို ငေးရင်းမျက်တောင်မခတ်ဘဲ ငြိမ်သက်နေသော မျက်ဝန်းတို့မှာ မျက်ရည်ဥတို့ခိုတွဲနေ၏။

  ဟိုတုန်းကဆို ( ကိုကို ထားသွားတုန်းကပါ ) မျက်ရည်တွေဟာ ခေါင်းအုံးပေါ်မှာ ရွှဲနစ်နေခဲ့၏။ ရင်ဘတ်ပေါ်မှာ၊ စားပွဲစွန်းကလေးတွေမှာ၊ ပြီးတော့ ကျွန်တော့်ရဲ့ Diaryစာအုပ်လေးထဲမှာ မျက်ရည်မခဖူးတဲ့ နေရာမရှိ။ ကိုကို ပြန်လာမှာပါ။ အိပ်ရာထဲမှာ လှဲရင်း မျှော်ခဲ့သည်။ တံခါးဝကနေ ထွက်ပြီး မျှော်ခဲ့၏။

  သွားလာတဲ့နေရာတိုင်းမှာ ဘယ်ကြည့်ကြည့် ဘောင်းဘီထဲလက်နှိုက်၍ Styleကျကျလျှောက်သွားတဲ့ယောကျာ်းပျိုတွေတိုင်း၊ ဗိုက်သားရှပ်ရှပ် အရပ်မြင့်မြင့်နဲ့ အလွန် ကြည့်ကောင်းသော ကိုယ်လုံးဖြောင့်ဖြောင့် ရှိသူတို့ကိုတွေ့တိုင်း၊ ပြီးတော့ ကိုကိုဝါးနေကျပီကေနံ့လေး သွားလာရင်း နှာခေါင်းထဲ ဝေ့သွားတတ်တိုင်း ကျွန်တော် ပြေးလိုက်ကြည့်၊ လည်ပင်းရှည်ကြည့်။ ခလုတ်တိုက်တာလည်း ရှိသည်။ သူများနဲ့ တိုးတိုက်မိပြီး လက်ထဲမှာ ဆွဲကိုင်ထားသမျှ လွတ်ကျပြုတ်ကျကုန်တာလည်း ကြုံခဲ့ရ၏။

  ဟိုတုန်းကဆို (1)ယောက်တည်း။ ခုကျတော့ သားလေးနဲ့ ကျွန်တော် (2)ယောက်.....။ ကိုကို ထားရစ်ခဲ့တာ (5)နှစ်ပြည့်တော့မည်။ သားလေးတောင် (4)နှစ်ပြည့်တော့မည်လေ။

  သားလေးရှိနေခဲ့မှန်း မသိသေးမီ Uncle တရုတ်ပြည် ပြန်ရောက်လာသည်။ ကိုကို့ကို ကြိတ်မျှော်ရင်း မနေနိုင်တော့ဘဲ အပြင်ထွက်၍ ဟိုဒီလိုက်ရှာရင်း လမ်းပေါ်မှာ မူးလဲတော့ Uncleကားရှေ့မှာဖြစ်။

  "ကလေးလေး၊ ငါ့ကလေးပါလား"

  ဦးရှောင်ဝေ ပြေးလွှားဆင်းလာတာရော၊ ပြောလိုက်သံကိုပါ ကြားလိုက်ရသည်။ နောက်တော့ ရှောင်ကျန့် ဘာမှမသိတော့ပေ။ သူ သတိရလာတော့ ကိုယ်ဝန်ရှိနေပြီ တဲ့။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now