Part-17

9.9K 783 43
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-17

Zawgyi

  "Uncleကတော့ ကိုယ့်သဘောအတိုင်းပြောရရင် လုံးဝသဘောမတူဘူး၊ ဒါပေမယ့် မင်းက နှစ်ရှည်လများ မျှော်လင့်ခဲ့တဲ့သူ၊ တိုက်တွန်းစရာ စေတနာကောင်းမရှိတာမှန်ပေမယ့် စိတ်လိုက်မာန်ပါမလုပ်ဖို့တော့ Uncleက သတိပေးချင်တယ်"

  "ဟုတ်ကဲ့ Uncle"

  "ယွီပင်းနဲ့သား လက်ထပ်မယ်ဆိုတာ"

  ရှောင်ကျန့်က ခေါင်းခါ၍ နေရာမှ ထရပ်သည်။ ရပ်ပြီးမှ မွေ့ရာပေါ်မှာ အိပ်မောကျနေသည့် သားလေးကို ပြန်ငဲ့ကြည့်သည်။ ဦးရှောင်ဝေကလည်း ကလေးကို ဂရုဏာမျက်ဝန်းမျာင်းနှင့် လိုက်ငုံ့ကြည့်ကာ ရှောင်ကျန့်၏ မှန်တင်ခုံရှေ့မှာ ဝင်ထိုင်သည်။

  တူဝရီးနှစ်ယောက် တကူးတက တွေ့ဆုံစကားပြောဖို့ရာ ဒီရက်ပိုင်းမှာ ရှောင်ကျန့်ပဲ ဒေါသတွေထွက်၊ အခန်းအောင်းလျက်၊ အပြင်ထွက်ချင်ပြီဆို ဖုန်းဆက်လိုက်၊ ပြန်ချလိုက်။ ဒီနေ့တော့ မပြောမဖြစ် ပြောရမှာမို့ ဦးရှောင်ဝေက ရှောင်ကျန့်ရှိသည့်နေရာ လာရ၏။

  "ကလေးက Daddyဘယ်သူလဲမေးတော့ သား ဘယ်လိုဖြေခဲ့သလဲ"

  ရှောင်ကျန့် ရုတ်တရက်မဖြေနိုင်ဘဲ ငိုနေပြီးမှ.....

  "သူ့Daddyကိုပဲ ပြောလိုက်တာပါ"

  "ဒါကို ပြောတာပေါ့၊ သူ့Daddy ဘယ်သူပါလို့ သား လွှဲမဖြေနိုင်ဘူး"

  "သားသားကို သနားလို့ပါ Uncle၊ တလွဲခင်တွယ်ပြီး တစ်သက်လုံး တစ်ဖက်သတ် ပေးဆပ်သွားရမှာစိုးလို့ပါ"

  "သားဆန္ဒက ကလေးကိုတော့ သူ့Daddyနဲ့သူ့သား ဖြစ်စေချင်တာပါ"

  "အဲဒီလိုလဲ မဟုတ်ဘူး၊ ကျွန်တော် သူ့အသံကိုတောင် မကြားချင်ဘူး၊ အဲဒါ အမှန်ပါပဲ၊ ဒါပေမယ့် သားရဲ့သွေးကို ဖောက်ထုတ်မပစ်ရက်တာပါ"

  "အေးလေ...အခု မြေးလေးက သူ့Daddyဘယ်သူဆိုတာ သိသွားပြီ၊ သားက ယွီပင်းနဲ့လက်ထပ်လိုက်ရင်..."

  ရှောင်ကျန့်က ဦးရှောင်ဝေ ဘာဆက်ပြောမည်ကို သိသည်။ ထို့ကြောင့် စကားကို မဆုံးသေးဘဲ ဖြတ်တောက်ပစ်၏။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now