Part-10

12.2K 902 23
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-10

Zawgyi

  "ကိုကို"

  သူ့ကိုမြင်လိုက်သည်နှင့် ထွက်ပေါက်ရှာနေသော ငှက်ကလေးတစ်ကောင်လို ရှောင်ကျန့် ထပြေးလာသည်။ တံခါးဆွဲဖွင့်၍ သော့ပြန်ခတ်နေသည်။ သူ့ခါးကို နောက်ကနေ ဖက်ထားကာ ကျောပြင်မှာ ပါးကလေး ကပ်ထားသည်ထင်၏။

  "ဝမ်းသာလိုက်တာ ကိုကိုရယ်၊ ကျွန်တော်လေ ကိုကိုပြန်မလာတော့ဘူးဆိုပြီး..."

  "ဘာဖြစ်လဲ"

  သူ နောက်ပြန်လှည့်၍ ကိုယ်လုံးလေးကို ဖက်လိုက်တော့ ရှောင်ကျန့် မျက်ရည်တွေ ကျနေသည်။ ပြီးတော့ ရယ်လည်း ရယ်နေသည်။

  "ကိုကို"

  "ပြော"

  "ကျွန်တော် ကိုကို့ကို သိပ်ချစ်တယ်"

  ရှောင်ကျန့်က သူ့ရင်ခွင်ထဲ တိုးဝင်ကာ ရင်ဘတ်ကို တိတ်တိတ်လေးခိုးနမ်း၏။ ချစ်ရဲ့လားဟင် လို့ ဘယ်တော့မှမမေးတတ်ဘဲ "ချစ်တယ် ကိုကို" ဟု ခဏခဏပြောတတ်သည့် ရှောင်ကျန့်၏ ပေးဆပ်မှုလေးကို သူ သတိတရဖြစ်နေပါပြီ။

  "မငိုပါနဲ့ကွာ တိတ်တော့၊ ဒီတိုက်ခန်းလေးကို ကြိုက်ရဲ့လား"

  "ကိုကိုရှိနေရင် ဘယ်နေရာဖြစ်ဖြစ် ကျွန်တော် စိတ်ချမ်းသာတယ်"

  နှစ်ယောက်အတူ Sofaပေါ်မှာ ထိုင်ရင်း ကားပေါ်ကို သူက လက်ညိုးထိုးပြကာ.....

  "ကားပေါ်မှာ TV(1)လုံးနဲ့ ဇာတ်လမ်းတွဲတွေ ပါတယ်၊ ဒီမှာက ဘာမှစုံစုံလင်လင် မရှိဘူးလေ၊ ဘာလိုသေးလဲ၊ လိုအပ်တာပြော၊ အဝတ်အစားတော့ မင်း စိတ်ကြိုက်ဝယ်ပေါ့၊ မီးခံသေတ္တာထဲမှာ ကိုယ် ပိုက်ဆံထည့်ပေးထားတယ်"

  "ကိုကိုကေကာ"

  "ဘာလဲကွ"

  "ကျွန်တော့်ကို အခုလို တစ်နေကုန် ထားခဲ့ဦးမှာလားဟင်"

  ရှောင်ကျန့်၏ မေးဖျားလေးကို ပွတ်သပ်ငေးကြည့်၍ မျက်တောင်လေးတွေကို သူနမ်းမိသည်။ သူလေး၏ မျက်နှာကို နမ်းမိတိုင်း သူ ပထမဆုံနမ်းသည့်နေရာဟာ မျက်တောင်ကော့ကော့လေးတွေကိုပဲ ဖြစ်၏၊၊ ပြီးတော့ နှုတ်ခမ်းအောက်ကမှဲ့နက်လေးတွေ.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now