Part-23

10K 766 64
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-23

Zawgyi



  "သား"

  သူ့ကိုပဲ တစိုက်မတ်မတ်ကြည့်နေသည့် သားကိုယ်လုံးလေးကို ရင်ခွင်ထဲမှာ မြုပ်နေအောင် ဖက်ထားလိုက်၏။

  "သား...Daddyကို ကြောက်နေလားဟင်၊ သားလေးကို Daddyက ချစ်လို့ပါ သားရယ်၊ မကြောက်နဲ့နော်"

  ဝမ်ရီကျန့်သည် သူ့ပါးမှာ ပါးချင်းကပ်၍ စကားတွေဆိုကာ ဟိုရုံးထဲမှာလိုပဲ သူ့မျက်ဝန်းတွေကိုသာ နမ်းနေခဲ့သည့် ရီပေါ်ကို စကားမဆိုမိပါ။ ပါးချင်းခွာသွားပြီး မျက်နှာချင်းဆိုင်ကြည့်တော့ ပါပါး တဖွဖွမှာခဲ့သော Daddyကို ကြောက်စိတ်တို့ လျော့ပါးသလို ဖြစ်လာခဲ့သည်။

  "သား"

  လက်ဖဝါးသေးသေးလေးကို ဖြန့်ယူပြီး ရီပေါ်က သူ့လက်ဖဝါးနှင့် ထပ်ဆုပ်သည်။ ထိုလက်ဖဝါးတွေကိုလည်း ရီကျန့်က သေချာကြည့်၏။ ပန်းနုရောင်ဖျော့ဖျော့ ခပ်ပြားပြားလက်ဝါးတို့နှင့် ဖဝါးစောင်းတွေရဲကာ နုထွတ်တင်းပြည့်သည့် လက်ဖဝါး။

  "သား...ဘာလိုချင်လဲဟင်၊ ဘာစားချင်လဲ၊ သားလေး ဘာကြိုက်တယ်ဆိုတာ Daddyသိပါရစေ၊ Daddyကို စကားပြောပါဦး သားရယ်၊ Daddyက ကြောက်စရာကောင်းနေလို့လားဟင်"

  ရီကျန့်က သေချာကြည့်ပြီး ခေါင်းလေးခါပြ၏။ ရီပေါ်မျက်နှာ ချိုအီပြုံးကျသွားသည်။ ဤသို့သော ကြည်နူးမှုမျိုး သူ ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ သားမျက်နှာလေးကို ထိုင်ကြည့်နေရတာ ကြည်နူးနေသည်။ ပိုပို၍ ချစ်သည်။ ပါးလေးတွေကို ဖွဖွလိမ်၍ နှာသီးဖျားလေးကို မနာအောင် ကိုက်ပစ်ချင်သည်။

  "သား"

  "....."

  "သားမွေ့နေ့ကို သိတယ်မို့လားဟင်၊ Daddyကို ပြောပါလား"

  "August 5ရက်"

  "ဟင်...ဟုတ်လား၊ ဒါဆို Daddyနဲ့သား မွေးလမွေးရက် တူနေတာပေါ့"

  ဆရာမတွေက ကဗျာတွေ တိုင်ပေးနေရင်း သူတို့ဆီကိုပဲ လှမ်းကြည့်နေကြ၏။ ရီပေါ်က အားလုံးကို မေ့နေ၏။ ရီကျန့်ကိုယ်လေးကို စားပွဲပေါ်ပွေ့တင်၍ ထိုင်စေကာ ခါးလေးကို ပြန်ဖက်မိ၏။ ပြီးတော့ ကုလားထိုင်မှာ ထိုင်နေရာကာနေ သူ့မျက်နှာကို မော့ပေးကာ.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now