Part-22

9.8K 747 27
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-22

Zawgyi

  "ကျွန်တော်တို့ဆန္ဒကတော့ အားလုံးအေးချမ်းသွားမှပဲ မင်္ဂလာကိစ္စကို စီစဉ်ရင်ကောင်းမယ်လို့ ထင်တာပဲ ဦးရှောင်ဝေ၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူပဲမှန်နေနေ မှားနေနေ သူက ကန့်ကွက်ပြီဆိုရင် အကြောင်းရင်းကို ပြန်ရှာရတော့မှာပဲ၊ ဒါဆိုရင် အဖြေထွက်လာမှာကတော့ မှန်တယ်၊ လောလောဆယ် ပြဿနာရှင်းရဦးမှာကို ဘယ်လိုမှ ရှောင်လို့မရဘူး"

  အိမ်အပြန်လမ်းမှာ ကလေးကို ဒေါ်ယွဲ့နဲ့ ခဏထည့်ပေးလိုက်ပြီး သူတို့အားလုံး တိုင်ပင်ခဲ့ကြသည်။ ယွီပင်း၏ ဦးလေးယွီရှင်းလုကပဲ စကားစ၏။ ဦးရှောင်ဝေက အစကတည်းက ဒီကိစ္စကို အလျင်စလို မလုပ်ဖို့ သတိပေးနေခဲ့သူပါ။

  "ဘာမှ မပတ်သက်တော့ဘူးဆိုတာ တစ်ချက်တည်း စစ်ကြည့်ရုံနဲ့ပြီးမှာပဲ Uncleလု၊ သူဖျက်လို့ ပျက်သွားရတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ဘူး၊ လက်ထပ်မယ်၊ ရှုပ်လာရင် ရှင်းရုံပဲ"

  ယွီပင်းက ဇွတ်ဝင်ပြော၏။ ရှောင်ကျန့်ကတော့ လက်ဖဝါးနှစ်ဖက်ထပ်ဆုပ်၍ အံကြိတ်ထားမိ၏။

  "ကျန့်ကျန့်ကရော"

  ယွီပင်းက သူ့ကို ငဲ့ကြည့်ပြီးမေးတော့မှ မျက်နှာလေး မော့လာ၏။ ဦးယွီရှင်းလုနှင့် မျက်လုံးချင်းဆုံကြည့်လိုက်ပြီးမှ.....

  "ကျွန်တော့်ကြောင့် ယွီကောနဲ့ Uncleလုတို့ သိက္ခာကျ၊ အရှက်ရတာကို စိတ်မကောင်းပါဘူး၊ ဒီအဖြစ်ကြောင့် ရှေ့တိုးဖို့၊ နောက်ဆုတ်ဖို့ ကြိုက်သလို ဆုံးဖြတ်ပါ၊ ကျွန်တော် ကျေနပ်ပါတယ်"

  "ဟာ...ကျန့်ကျန့်၊ ကျန့်ကျန့်ရယ် ကိုယ်တွေဆွေးနွေးနေကြတာ အဲဒါတွေ မပါဘူး"

  ယွီပင်း ပျာပျာသလဲဖြစ်သွားကာ အတူယှဉ်လျက် ထိုင်နေသည့် ရှောင်ကျန့်လက်ဖဝါးလေးပေါ်ကို ထပ်အုပ်ကိုင်လိုက်တော့မလို ဖြစ်သွား၏။ ပြီးမှ သတိတရ လက်ကို ပြန်ရုတ်လိုက်၍.....

  "ကျန့်ကျန့်နဲ့ ရီပေါ်အကြောင်း အစအဆုံးကို Uncleလုရော၊ ကိုယ်ရော သိခဲ့ကြတာပဲဟာ ကျန့်ကျန့်ရယ်၊ လက်ထပ်ကြဖို့ကို ကိုယ်ကိုယ်တိုင် မနည်းကြိုးစားခဲ့ရတာ၊ ဘာဖြစ်လို့ ဒီလိုပြောရတာလဲ၊ သူ ဘယ်လိုနည်းနဲ့ဖျက်ဖျက် ကိုယ်တို့ ဂရုစိုက်စရာလား"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now