Part-21

9.5K 758 46
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-21

Zawgyi

  လက်ထပ်ကြဖို့ ရုံးမှာ လူတွေစုံနေကြပါပြီ။ အဖေရယ်၊ ပထွေးရယ်လို့ ဘာမှသေချာနားမလည်သေးသည့် အရွယ်မို့ ဝမ်ရီကျန့်လေးကတော့ သူ့ကိုဆွဲ၍ ပျော်ရွှင်ကျေနပ်နေခဲ့သည်။

  ကလေးပီပီ သူ့ရင်ထဲမှာ မနေ့ကသောကတွေ ဒီနေ့မရှိတော့။ လိုချင်တာရသွားပြီဟု သတ်မှတ်လိုက်သည့် ထိုနေ့က လိုချင်တပ်မတ်မက်မှုတွေကို မေ့သွားပြီဖြစ်သည်။

  တရားသူကြီးနှင့် ရှေ့နေတွေ စုံလင်ကြတော့ ကလေးကို ဦးရှောင်ဝေက ခေါ်၏။

  "မြေးက နောက်မှာထိုင်နော်၊ ဖိုးဖိုးနဲ့လေ"

  "သားသားလေးက ပါပါးနဲ့ ထိုင်မှာလေ"

  "ပြီးတော့ ထိုင်ရမှာပေါ့၊ ဟိုမှာ လက်မှတ်ထိုးကြဦးမှာဆိုတော့ မြေးရဲ့ လာ..."

  ဝမ်ရီကျန့်က နှုတ်ခမ်းလေးစူတော့ ရှောင်ကျန့်က စိတ်မဖြောင့်နိုင်ဘဲ ပခုံးလေးကို ဖက်ထားလိုက်၏။

  "ရပါတယ် Uncle၊ နေပါစေ၊ သားကို ကျွန်တော်ပဲ ချီထားလိုက်ပါ့မယ်"

  နှစ်ဖက်လူကြီးတွေကတော့ နားလည်မှုတွေနဲ့ အေးချမ်းစွာ နေကြသည့် ယွီပင်းနဲ့ ရှောင်ကျန့်တို့ကိုကြည့်ကာ ကျေနပ်သွားကြပြီ ဖြစ်၏၊၊

  တကယ်တော့ မရည်ရွယ်ကြဘဲ လူကြီးချင်း စနောက်မိကြရာမှ ယွီပင်းက ရှောင်ကျန့်ကို မြင်ဖူးလိုက်တော့ လက်ထပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။ ထို့နောက် ဝမ်ရီပေါ်ရယ်၊ ယွီပင်းရယ် ထုံးဖွဲ့ခဲ့သော သူငယ်ချင်းရန်သူဖြစ်ခဲ့ရသည့်အကြောင်းများကိုတော့ လူကြီးတွေမသိခဲ့ပေ။

  ယွီပင်းကလည်း ဦးလေးဖြစ်သူကို ရှောင်ကျန့်ကိုသာ မဖြစ်မနေလက်ထပ်ရဖို့ ရင်ဖွင့်သည်။ ရှောင်ကျန့်ကလည်း အစက ငြင်းဆန်ပြီး ​နောက်တော့မှ စေ့စပ်ဖို့တောင်မလိုဘဲ လက်ထပ်ဖို့ဖြစ်သွားခဲ့သည်။

  ဒါတွေကို ဦးရှောင်ဝေနှင့် ကာယကံရှင်တွေသာသိခဲ့ပြီး ယွီပင်းဘက်က လူကြီးများနှင့် ဘေးလူတွေ ဘာမှမသိ။

  "အဟမ်း"

  မျက်နှမသာမယာနှင့် ကြိတ်၍သက်ပြင်းချနေသည့် ဦးရှောင်ဝေမှာ တရားသူကြီး၏ ချောင်းဟန့်သံကြောင့် အသိဝင်လာသည်။ လက်မှတ်ထိုးပြီးကြလျှင် ရုံးမှာပဲ အကျွေးအမွေးလေးလုပ်ကြမှာမို့ အပြင်မှာလည်း နှစ်ဖက်မိတ်ဆွေအချို့က ရှိနေကြ၏။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now