Part-18

9.5K 752 36
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-18

Zawgyi

  အရက်ဆိုတာ ဘယ်လိုနေရာမှာ သုံးသလဲတော့ မသိပါ။ သူ သောက်နေတာကျတော့ ဝိုင်လို့ ခေါ်သည် တဲ့။ ဒါပေမယ့် ဘာဖြစ်လို့ မူးနေရတာလဲ။

  "ရီပေါ် မင်းတော်တော့၊ ပြီးရင် ကားမောင်းရဦးမှာ၊ မင်းက အစကတည်းက ကားမောင်းကြမ်းတဲ့ကောင်၊ ကျွတ်...ခက်တော့တာပဲ"

  ရီပေါ် ကိုင်သမျှ ဟိုပုလင်းဆွဲယူ၊ ဖန်ခွက်ကိုဖယ်ပစ်နှင့် ဟောက်ရွှမ်း ရှုံ့မဲ့နေတော့သည်။ ပြီးတော့ သူငယ်ချင်းအတွက် စိတ်မကောင်းလည်း ဖြစ်မိရင်း ဥပက္ခာမထားခဲ့နိုင်။ ကျိုးချန်းကတော့ အမြည်းတွေနည်းနည်းစီယူစားရင်း ဘာစကားမှမပြောဘဲ ရီပေါ်ဖြစ်နေပုံကိုပဲ စိုက်ကြည့်နေ၏။

  "အဲဒါ မင်းဝဋ်လည်တာ" လို့လည်း ပြောခဲ့မိပြီ။ "ဝဋ်ကြွေးကုန်ရင် ပြီးချင်ပြီးသွားမှာပါ၊ ကျေကျေနပ်နပ် ခံလိုက်ပေါ့ကွာ" ဆိုတာမျိုး ပြော၍လည်း ခနဲ့ခဲ့ မဲ့ခဲ့ပြီးပြီ။ တကယ်တော့ နိုင်ကွက်နင်း၍ ပြောတာမဟုတ်ပါ။ ယွီပင်းလုပ်သွားပုံကို မကျေမနပ်ဖြစ်ကြရပြီး သူ့အတွက် မခံချင်လွန်း၍ ဂရုဏာဒေါသနှင့် ပြောမိခြင်းသာ။

  ရီပေါ်က သူတို့ကို ချိန်းသည်။ မဆုံဖြစ်ကြတာလည်း ကြာပြီမို့ သူတို့ လာခဲ့ကြ၏။ ဒါတောင် ခုလိုဖြစ်ဖို့ လေးရက်လောက် ကြိုးစားကြရ၏။ သုံးယောက်လုံးက တစ်မြို့တည်းမှာ မရှိကြတော့ဘဲ အလုပ်ကိုယ်စီ တစ်နေရာစီမှာ ဖြစ်နေကြ၏။ ထိုအထဲမှာ ဟောက်ရွှမ်းနဲ့ ကျိုးချန်ရယ် ယွီပင်းရယ်ဟာ အသွားအလာအခေါ်အပြောနည်းသွားခဲ့ပေမယ့် အဆက်အသွယ် ပြတ်သွားခဲ့ကြတာမျိုးတော့ မဟုတ်။

  ဘယ်သူ ဘာလုပ်တယ်၊ ဘယ်မှာတွေ့တယ်၊ ဘာဖြစ်နေတယ် စသဖြင့် ကြားနေသိနေခဲ့ကြ၏။ တစ်ယောက်တည်း ပျောက်ထွက်သွားသူက ရီပေါ်ပဲဖြစ်သည်။ နောက်ထပ် နာမည်းဆိုးက ယောကျာ်းလေးတစ်ယောက်ကို ခိုးယူပေါင်းသင်းထားပြီး ​နောက်တစ်ယောက်နှင့်စေ့စပ်၍ Koreaထွက်သွားသည် ဟူ၍.....

  "ငါ မဟုတ်ဘူး၊ အဲဒါ ပါးစီစဉ်ခဲ့တာပါ၊ လင်းရှကို စေ့စပ်ခိုင်းခဲ့တာ ငါပဲဆိုတာ မှန်တယ်၊ မင်းတို့ ငါ့အကြောင်းသိပါတယ်၊ ငါ မက်မောလွန်းလို့ မရမနေအဖြစ်မျိုးနဲ့ ပူဆာခဲ့တာမဟုတ်ဘူး၊ တကယ် ငါလက်ထပ်ခဲ့ရင် အစောကြီးကတည်းက ပြီးသွားမှာပါ၊ ငါ...ငါဘာကိုမှ အလေးအနက်မထားတတ်တဲ့အကျင့် ရှိတယ်၊ လေးနက်ဖို့မလိုအောင် ငါ့အတွက် ပေါများနေတော့ အချစ်စစ်လား၊ အတုလားဆိုတာ ငါမခံစားတတ်ဘူး၊ အဲဒီလို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းလာခဲ့တဲ့အချိန်မှာ၊ အဲဒီအချိန်မှာလေ...ဒီရင်ဘတ်ကြီးထဲမှာ သူ ဝင်ပုန်းနေခဲ့တာကွ"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now