Part-31(final)

19.5K 895 73
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-31( Final )

Zawgyi

  

  You were to me something apart from common life a thing. Pure, honest,without tain. The world seemed to me finer because you are in it, and goodness more real because you lived.

  မင်းဟာ စင်ကြယ်တယ်၊ မြင့်မြတ်တယ်၊ ရိုးသားတယ်၊ အစွန်းအထင်း မရှိဘူး၊ ကိုယ့်အဖို့ မင်းဟာ သာမန်ဘဝထက် ထူးခြားပါတယ်၊ မင်း ရှိနေတဲ့အတွက် ကိုယ့်အဖို့ ဒီကမ္ဘာဟာ ပိုပြီး လှလာတယ်။ ပြီးတော့. . .မင်းအသက်ရှင်နေတဲ့အတွက် ဘဝရဲ့ အနှစ်သာရလည်း ပိုပြီး ယုတ္တိရှိလာပါတယ်။

   ရှောင်ကျန့်လက်တွေ၊ အေးစက်နေတာ သူသိသည်။ ခုနတုန်းက အေးစက်စက် လက်ကလေးတွေကို၊ သူ ဆုပ်ကိုင်လိုက်၏။ ဒီနေ့လေးဟာ သူတို့နှစ်ယောက် ပြန်၍ လက်ထပ်သည့်နေ့ပင်။ သူ့အတွက်တော့ ရှောင်ကျန့်ကို ချစ်ရခြင်း၊ ပိုင်ဆိုင်ရခြင်းဟာ တကယ့် ပျော်ရွှင်စရာ အကောင်းဆုံး အချိန်တွေပါ။

  "ကျန့်ကျန့်၊ နေမကောင်းဘူးလား၊ ကိုယ် ဧည့်သည်တွေနည်းနည်းပဲ ဖိတ်ထားတာပါ. . .ပါးက၊ သူ့သားမက်လေးကို ကြွားချင်လွန်းလို့၊ သူ့ မိတ်ဆွေတွေ ဖိတ်တာ များသွားပြီထင်တယ်....."

  "နေကောင်းပါတယ်၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး...၊ သားလေးရောဟင်...သားကို မနက်ကတည်းက မတွေ့မိဘူး"

  "ပါး ခေါ်သွားပြီး၊ သူ့ ဧည့်သည်တွေကို သွားကြွားနေတယ်လေ"

  "ဟုတ်"

  ရီပေါ်၊ သူ့ရှေ့က လူသားလေးကို ကြည့်မဝနိုင်၊ အဖြူရောင် suitအပြည့်အစုံနှင့် လိုက်ဖက်လွန်းလှသည်။ ရှောင်ကျန့်ကို မသိတဲ့သူတွေကိုသာ၊ ကလေးတစ်ယောက်အဖေလို့ ပြောလျှင် ယုံကြည်နိုင်ကြမည် မဟုတ်။ ဖြူဖွေးသန့်ရှင်းချောမောနေသည့် မျက်နှာလေးနှင့်၊ သူ၏ စိတ်လေး ဖြူစင်လွန်းလှသည်ကြောင့်၊ သူ မြင်မြင်ချင်း ရင်ခုန်ခဲ့ရပါ၏။

  "ဆရာ၊ သခင်ကြီးက မင်္ဂလာချိန်နီးပြီမို့ ခန်းမထဲ၊ လာခဲ့ပါတော့တဲ့"

  "အင်း၊ ငါအခုလာခဲ့မယ်"

  သူ၏ အတွေးတို့ကို ဖြတ်ကာ၊ တပည့်တစ်ယောက် အကြောင်းလာကြားသည်ကို ပြန်ဖြေပြီး၊ ရှောင်ကျန့်ဘက်လှည့်ကာ.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now