Part-29

11.2K 814 38
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-29

Zawgyi



   "ကျန့်ကျန့်...ထတော့...သားလေးတောင်၊ နိုးနေပြီ"

  "အင်..."

  ရီပေါ်၊ ရှောင်ကျန့်၏ ပါးလေးကို၊ ဖွဖွလေးနမ်းကာ လှုပ်နိုးလိုက်သည်။ သို့ပေမယ့်၊ အိပ်ချင်မူးတူးသံလေးသာ၊ ထွက်လာပြီး၊ သူ ထိုင်နေသည့်ဘက်၊ ကျောပေးကာ အိပ်နေပြန်လေသည်။

  "ကျန့်ကျန့်၊ ထတော့လေကွာ ပန်းခင်းကြီးဘက် လိုက်ပို့ပေးမယ်"

  "တကယ်"

  "ပါပါး၊ မြန်မြန်၊ ရေချိုးတော့၊ သားသားလေး သွားချင်လှပြီ"

  ရှောင်ကျန့်၊ အတော်လေး နေမြင့်သည်အထိ၊ အိပ်ရာမှမထဘဲ ပေကပ်အိပ်နေရာမှ၊ ရီပေါ်က ရှောင်ကျန့် ပခုံးကို၊ နောက်မှ လှုပ်နှိုးပြီး၊ ပြောလိုက်သဖြင့်၊ ရှောင်ကျန့်၊ ဝုန်းခနဲ ထလိုက်မိသည်အထိ၊ အပျော်စိတ်ဖြင့်၊ ရှောင်ကျန့် နှုတ်ခမ်းတွေ၊ အလိုလို ပြုံးသွားရသည်။

  "တကယ်...အိပ်ပုတ်လေး လုပ်မနေနဲ့တော့၊ ကိုယ်နဲ့ သားလေးတောင်၊ ကမ်းခြေဘက် လမ်းလျှောက်ထွက်ပြီးပြီ"

  "ကျွန်တော့်ကိုကျ၊ မနိုးကြဘူး"

  "ကျန့်ကျန့်မှ၊ နေမကောင်းတာ၊ ဒါကြောင့် မနိုးဘဲသွားလိုက်တာ၊ သားလေးကလဲ ကမ်းခြေဘက် သွားချင်တယ်ဆိုလို့ပါ"

  "ဟုတ်"

  "Daddy၊ သားသားလေးကို ပီကေကျွေးမယ်ဆို၊ သားသားလေးပီကေစားချင်တယ်"

  သားလေးက ကမ်းခြေဘက် လမ်းလျှောက်ထွက်ချိန်၊ ပီကေ စားချင်ကြောင်း၊ ပြောသဖြင့်၊ အခန်းရောက်မှ ကျွေးမည် ဟု ပြောထားသည်ကို သတိရကာ၊ သူ၏လက်ကို ကိုင်ပြီး၊ လှုပ်ယမ်းကာ ပီကေ စားချင်ကြောင်း၊ ချစ်စဖွယ် အမူအရာလေးဖြင့်၊ ပြောလေ၏။ ဝမ်ရီပေါ်မှာ၊ သူ၏ မျက်နှာတွင်၊ အပြုံးခပ်ကြီးကြီး ချိတ်ဆွဲလျက်၊ သားလေးရှေ့ မုဆိုးထိုင် ထိုင်ကာ.....

  "သားလေးအတွက်၊ Daddy ပီကေတွေ၊ အများကြီး၊ ဝယ်ထားတယ်"

  ဝမ်ရီပေါ်က၊ သူ၏ ဘောင်းဘီအိတ်ထဲက၊ ပီကေသုံးခု ယူပြီး၊ နှစ်ခုကို သူကိုယ်တိုင် သေချာစွာ ခွာ၍ ရီကျန့်၏ ပါးစပ်လေးထဲ တစ်ခု ထည့်ပေးလိုက်၏။ တစ်ခုကို သူဝါးကာ၊ စက္ကူ မခွာရသေးသည့် တစ်ခုကို ရီကျန့်လေး၏ လက်ထဲသို့ ထည့်ပေးလေသည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now