Part-15

11.5K 845 30
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-15

Zawgyi

ဝင်လာသူကိုကြည့်လိုက်တော့ အစိမ်းရောင်ရင့်သော စပို့ရှပ်ကို ဘောင်းဘီအရှည်အနက်နှင့် ကုတ်အင်္ကျီကို တွဲဝတ်ထား၏။ အကြည့်ရဆိုးလောက်အောင် တုတ်ခဲပြောင်လက်နေသော ပလက်တီနမ်အဆစ်ပျောက်ကြိုးက အင်္ကျီလည်ပင်းဝအောက်နားထိ ရှိသည်။ ဆံပင်က လှိုင်းတွန့်ရေးရေးရှိ၏။ ခလယ်ခွဲဖြီးထားပြီး ဘေးနှစ်ဖက်အားလုံး အပြောင်သိမ်းလှန်ထားသည်။

နားရွက်အောက်ဆံပင်တွေ ကုပ်ပိုးထိ ခွေဝိုက်ဆင်းကျနေပုံက သူ့အရပ်၊ အဝတ်အစားနှင့် တော်တော်ကြည့်ကောင်း၏။ ဘယ်သူမှန်း မသိပေမယ့် ဦးရှောင်ဝေ မျက်နှာလွှဲဖို့ မေ့သွားတာတော့ အမှန်ပဲ ဖြစ်သည်။ အစိမ်းရင့်ရောင်က ရင့်နေပေမယ့် အသားရောင် ပျက်မသွားဘဲ အင်္ကျီအရောင်အတိုင်းပဲ ဝင်စိုနေသည်။

"ထိုင်ပါ၊ မောင်ရင်က..."

"ကျွန်တော်..."

သူ ငေးကြည့်နေမိဆဲ ထိုလူရွယ်က ရှေ့မှာထိုင်ချလိုက်ပြီး မေးတာကို ဆုံးအောင်မဖြေဘဲ မျက်လွှာချနေလျက်မှ မျက်တောင်(1)ချက် ခတ်သည်။ ပြီးမှ ပြန်မော့လာပြီး နောက်ထပ် မျက်ဝန်းတို့ကို အနည်းငယ် တိမ်းပစ်လိုက်ကာ.....

"ဝမ်ရီပေါ် ပါ"

"ဟေ..."

ဦးရှောင်ဝေကိုယ်ကြီး တုန်ခနဲ ဖြစ်သွား၏။ လက်စသတ်တော့ ဒီကောင်ပဲကိုး။ စိတ်ထဲမှာ တွေးလိုက်မိပြီး ရည်မွန်စွာ ခင်းကျင်းထားပြီးသည့် မျက်နှာကို ချက်ချင်းတည်ပစ်လိုက်မိသည်။

နာမည်ကြီးသလောက် ချောလည်းချောနိုင်ပါပေ့။ မိန်းကလေးတွေ မပြောနဲ့၊ ယောကျာ်းလေးချင်းတောင် ငေးခနဲ ငိုင်ခနဲ ဖြစ်ကျန်ခဲ့နိုင်သည်။ အပြစ် ဘယ်မှာလဲ။ အရပ်၊ Body၊ မျက်နှာ၊ လမ်းလျှောက်ပုံကအစ ဘယ်မှာမှ အပြစ်ပြောစရာမရှိ။

ကိုယ့်ကလေးအတွက် ရင်နာစွာတွေးမိရင်း ဦးရှောင်ဝေ မျက်နှာကြီး ပို၍ တင်းသွားသည်။

"ဟုတ်ပြီ၊ ဘာကိစ္စလဲ"

လေသံက သိသာစွာ ပြောင်းလဲသွား၏။ ရီပေါ်က ပီကေကို ခပ်ဖိဖိကြိတ်ဝါးရင်း ပြောဖို့ကို အရှိန်ယူသည်။ တစ်သက်လုံးက မရှိခဲ့ဖူးသော သိမ်ငယ်ခြင်းတွေ ကိုယ်မှာဖိစီးကာ ကိုယ့်ကိုကိုယ် ဘာကောင်မှန်းပင် မသိတော့ပါ။ ဒါပေမယ့် သူ ပြန်လှည့်မသွားနိုင်ပါ။ ငါ မှားခဲ့တာ ဆိုသောအသိက သားလေးမျက်နှာကို ပြန်မြင်မိတိုင်း ဖျောက်လို့မရ ဝဋ်လည်ပြီထင်သည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now