Part-24

9.8K 707 22
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-24

Zawgyi


  လမ်းပေါ်မှာ ကားသိပ်မရှိပေ။ ပြီးတော့ ထောင့်ချိုးအကွေ့မို့ ဘွားခနဲ မြင်လိုက်ရသည်နှင့် ရှေ့ကအရာအားလုံးက အမှတ်ထင်ထင်ဖြစ်သွားခဲ့၏။ ရီပေါ်က ရှေ့ကကားကို မရှောင်ဘဲ သူ့ကား၏ ဦးခေါင်းကိုဆွဲလှည့်၍ ပိတ်ခံပစ်လိုက်၏။

  မျက်နှာချင်းဆိုင်လာသည့် ကားပေါမှာ ယွီပင်း။ "ရှေ့ကကားက ရီပေါ်ကားပဲ" ဟု အတွေးဖြစ်သည်နှင့် ပစ်တိုက်တော့မလို ဖြစ်သွားတာ သီသီလေးပဲဖြစ်သည်။ တမင်သက်သက် ပြဿနာရှာတာမှန်းသိလိုက်ပေမယ့် ယွီပင်း ကိုယ့်စိတ်ကို ချုပ်တီးသည်။ သူ ရှောင်သည့်ဘက်ကို လိုက်ပိတ်ထားသဖြင့် ကားနှစ်စီးက လမ်းဘေးတစ်ဖက်မှာ ကပ်ရပ်ထားသလိုဖြစ်နေ၏။

  ထို့ကြောင့် ကားတွေ ဖြတ်သွားဖြတ်လာ ရှိကြပေမယ့် ပြဿနာမရှိ။ ရီပေါ်နဲ့ သူရင်မဆိုင်ချင်ပါ။ ဒါပေမယ့် တံခါးဖွင့်ဆင်းလာနေတာမြင်တော့ သူလည်း ဆင်းလိုက်ရသည်။

  ရီပေါ်နဲ့မှ ဘာဖြစ်လို့ သူ ပြိုင်ဘက်တွေ ဖြစ်ခဲ့မှန်းမသိ။ ဒါဟာ ရည်ရွယ်ချက်မရှိဘဲ မျဉ်းပြိုင်နှစ်ကြောင်းပေါ်မှာ အတူရပ်မိခဲ့ကြခြင်းသာ။ ရှောင်ကျန့်ဟာ ရီပေါ်နဲ့ပတ်သက်ခဲ့သည့် ယောကျာ်းလေးမှန်း သူ အစက မသိခဲ့။ သိတဲ့အချိန်မှာလည်း နောက်ဆုတ်ဖို့ မရည်ရွယ်ခဲ့ပါ။

  ရှောင်ကျန့်ဟာ ရီပေါ်ကို ဘယ်လောက်ပဲ တမ်းတမ်းစွဲနေပါစေ ရီပေါ် ဘယ်လိုလူစားမှန်းသိတဲ့တစ်နေ့မှာတော့ မုန်းကိုမုန်းလိမ့်မည်။ နာကြည်းကျောခိုင်းသွားလိမ့်မည်။

  ဒါဟာ သူ့ဘက်က အပိုင်တွက်ခဲ့ပြီးသား။ သေချာမှုတစ်ခု။ ဘာကြောင့်လဲဆိုတော့ ရီပေါ်ဟာ ဘယ်တော့မှ နောက်ပြန်လှည့်လာမယ့် သူ မဟုတ်တာကို သိနေခဲ့၍ ဖြစ်သည်။

  ရှောင်ကျန့်ကို အမှန်အတိုင်းသိစေမည်။ ရှောင်ကျန့် နားလည်လက်ခံသွားတဲ့နေ့ဟာ ရှောင်ကျန့်ကို သူ လက်ထပ်ခွင့်ရတဲ့နေ့ ဖြစ်လာမည်။ ဒါကြောင့် သူ နောက်ဆုံးကြိုးစားခဲ့တာက ရီပေါ်၏မင်္ဂလာဧည့်ခံပွဲကို ရှောင်ကျန့် မြင်အောင် ခေါ်ပြလ်ုက်ခြင်း ဖြစ်သည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now