Part-14

11K 926 33
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-14

Zawgyi

  ဟိုတုန်းကတော့ ငွေပေါတိုင်း မျက်စိကျနှင့် ဝယ်ပစ်လိုက်ပဲဖြစ်သည်။ ဒီတိုက်ခန်းလေးကို ဝယ်လိုက်တာက လက်ဝဲဘက်အခန်းက ကောင်မလေး(1)ယောက်ကို မျက်စိကျမိသောကြောင့် ဖြစ်သည်။

  ဒါပေမယ့် သူငယ်ချင်းတွေကိုခေါ်ပြီး Guitarသွားတီးကြ၊ ဟိုဘက်နဲ့ဒီဘက် သီချင်းတွေဆို၊ စကားပြောမိရင်း၊ အသိတွေဖြစ်၊ ရင်နှီးသွားတာနှင့် မကြာခင်ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။ ပြီးတော့လည်း ဘယ်လိုဘယ်လိပြတ်တောက်ကုန်မှန်း မသိတော့ပါ။

  ဒီတိုက်ခန်းကလေး အဖတ်တင်ကျန်ခဲ့တာလည်း ပါး သိရုံသာသိပြီး လိုက်လည်းမကြည့်ခဲ့။ သူလည်း နောက်ထပ်ဝင်မနေဖြစ်ခဲ့ဘဲ.....။

  ပေါ်တီကိုအောက်မှာ ကား(2)စီး ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်မိကြသည်။ အတွေးစတို့ကို ဖြတ်တောက်ကာ ရီပေါ် ကားပေါ်က ဆင်း၏။ Driverကလည်း ဆင်းပြီဖြစ်ကာ တစ်ဖက်ကို သွား၍ ကလေးကို ပွေ့ချီချပေးရင်း သူ့ကား နောက်ကပါလာတာကို ခုမှသိသွားပုံနှင့် တအံ့တဩကြည့်၏။

  ပထမတော့ (3)ခန်းတွဲတိုက်ခန်းမို့ ဘယ်ကိုလာသည့်လူမှန်း မသိ၍ ကြည့်နေခြင်းဖြစ်ပြီး သူတို့ဆီကိုပဲ ရီပေါ်က လျှောက်သွားတော့မှ.....

  "ခင်ဗျားက..."

  "ကျွန်တော်က..."

  ဝမ်ရီပေါ် ဆိုသည့် နာမည်ကို အမြဲတမ်း ခပ်မိန့်မိန့်ပြောခဲ့သမျှ အခုကျမှ ပြောမည့်ပါးစပ်က ကလေးမျက်နှာလေးဆီ ဖျတ်ခနဲ အကြည့်ရောက်ပြီး ဆွံ့အသွားခဲ့လေသည်။

  အလွန်ချစ်စရာကောင်း၍ ကြည်လဲ့သော မျက်လုံးလေးတွေက သူ့ကို ငေးနေသည်။ နှုတ်ခမ်းလေးတွေက ပွင့်ဟလျက် မလွှဲတမ်း မော့ငေးနေသည်က Posterတစ်ချပ်ထဲက ပုံကလေးလို တုတ်တုတ်မှ မလှုပ်။

  "သားသား..."

  ခေါ်သံ(1)ချက် စူးခနဲ ထွက်လာ၏။ ကလေးနှင့် အကြည့်ချင်းဆုံ၍ ငေးနေမိသော ရီပေါ် ဖျတ်ခနဲ မော့ကြည့်လိုက်မိသည်။

  ရှောင်ကျန့် အထဲကနေ ပြေးထွက်လာပုံက ကလေးကို ဘေးရန်တစ်ခုခု ထိခိုက်လာတော့မှာမို့ အသေခံပြီး ကာကွယ်တော့မည့် ပုံစံဖြစ်လျက်.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now