Part-20

10.6K 770 44
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-20

Zawgyi

  ထိုနေ့က ကလေးတအားငိုထားသဖြင့် ချွေးတွေစိုရွှဲနေခဲ့၏။ သားလေးကို ညနေစောင်းမှာ ရေချိုးပေးမိတာ ရှောင်ကျန့် မှားသွားသည်။ ဒါပေမယ့် ဦးရှောင်ဝေကတော့ ရေချိုးမှားလို့ လို့မပြော။

ရှောင်ကျန့် ပြန်ပြောတာ မစုံလင်ပေမယ့် ဦးချန်က အားလုံးကို ပြောပြခဲ့တာမို့ ဖြစ်ခဲ့သမျှကို ဦးရှောင်ဝေ သိပြီးဖြစ်သည်။

  "အဲဒါ သားကြောင့်လို့ပဲပြောရင် မဟုတ်ဘူးလို့ သားက ငြင်းမှာပဲ၊ ကလေးဖျားတာ ရေချိုးမှားလို့ မဟုတ်ဘူး"

  "သားလေးက ညနေရေချိုးရင် ဟိုတစ်ခါလဲ ဖျားခဲ့ဖူးတာပဲ Uncleရယ်၊ ဘာ့ကြောင့်မှ ကင်ပွန်းမတပ်ပါနဲ့၊ ဒီလိုမစွဲလမ်းသင့်တဲ့သတ္တဝါကိုမှ စွဲလမ်းနေပြီဆိုရင် သားလေးကိုပါ ကျွန်တော် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး"

  "အဲဒါ စွဲလမ်းတာမဟုတ်ဘူး၊ အမြင်မတော်တာကိုမြင်ပြီး ကလေး စိတ်ထိခိုက်သွားတာ၊ ကလေးက သူ့Daddyကိုလဲ ခင်လှတယ်လို့ မဟုတ်သေးပါဘူး၊ ဒါပေမယ့် သူ့Daddyဆိုတဲ့အသိလေးတော့ ရှိနေပြီ၊ လူတွေရှေ့မှာ သွေးထွက်သံယိုဖြစ်အောင် ဝိုင်းပြီး ထိုးကြိတ်နေကြတာ၊ ဒီကလေးရင်ထဲမှာ ဘယ်လိုနေမလဲ"

  ရှောင်ကျန့် ရင်ထဲမှာလည်း ဒိုင်းခနဲ ဆောင့်ခုန်သွား၏။ ဟုတ်ပါသည်။ ဒါကို သူလည်းတွေးခဲ့မိသည်။ သားလေးရှေ့မှာ သူစိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်။ ရီပေါ်ကို ယောကျာ်းတွေ ထိုးကြိတ်အော်ငေါက်နေကြစဉ် သားလေး သူတို့ကားနားကို ရောက်လာသည်။ မျက်ဝန်းလေးတွေ ဝိုင်းလည်လျက် နှုတ်ခမ်းလေးအစုံ ပွင့်ဟနေအောင် ငေးမောနေတာ ထိတ်ထိတ်လန့်လန့်နှင့် ဖြစ်သည်။ ဒီအချိန်လေးမှာ ဟမ်းချိန်းက ပြုတ်ထွက်ပြီး သားလေးဆီ တည့်တည့်ရောက်သွားခဲ့သည်။ ကံကြမ္မာက ဘယ်လိုလှည့်ကွက်တွေနဲ့ ဆက်သွယ်ပေးနေတာလဲ။

  မရဘူး၊ ဘယ်တော့မှ ကျွန်တော် သူ့ကိုခွင့်မလွှတ်ဘူး။ နှစ်ပေါင်းများစွာ သားလေးကိုဖက်တွယ်ပြီး ကျခဲ့ရတဲ့ မျက်ရည်တွေ။ ကိုကိုဟာ ရက်စက်တတ်သူမှန်းသိသည်။ မိန်းကလေးတွေ အများကြီးနှင့် ထိတွေ့ပတ်သက်ခဲ့ဖူးတာလည်း သိသည်။ ဘယ်မိန်းကလေးအပေါ်မှာမှ လေးနက်မှုမရှိခဲ့ဘဲ သူ့အပေါ်မှာကော သေချာချစ်ရဲ့လားဆိုတာလည်း မသေချာ။ ဒါကိုလည်း တွေးမိလေသည်။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now