My Wild Person(2)

8.1K 704 8
                                    

ဂွီ ဂွီ ဂွီ...
မျောက်ကလေးက ကောင်လေးကို စကားပြောနေခြင်းပင် သဘောကတော့ ရှောင်ကျန့် သတိရလာပြီပေါ့

ကောင်လေးက ရှောင်ကျန့်ကိုပြူးကြည့်နေရင်းလက်ထဲက ငှက်ပျော်သီးကို ထိုးပေးသည်။ ကြောင်တောင်တောင်နဲ့ရှောင်ကျန့်လဲဗိုက်ကအချက်ပြလာတာမို့ငှက်ပျော်သီးကိုလှမ်းယူမလို့ရှိသေး

"တယ် ဒီမျောက်မသားလေးကတော့"ဟုတ်ပါတယ်ရှောင်ကျန့်လက်ထဲမရောက်ခင် မျောက်ဖင်နီကောင်က လုယူသွားခြင်းပင်
.........................................................................

ကောင်လေးကရှောင်ကျန့်မျက်နှာနားကပ်ခါ သူ့လက်နဲ့ရှောင်ကျန့်မျက်နှာအနှံပွတ်သပ်နေတာကြောင့်
"ဟေ့ကောင် ဘာလုပ်တာလဲကွ "သူနားလည်တာနားမလည်တာမသိ ရှောင်ကျန့်ကတော့ရှက်ရှက်နှင့်ပင် အတင်းရုန်းနေမိတော့တယ်။

" နေ  လို့   သက်   သာ  ရဲ့   လား?" ကောင်လေးဆီက တစ်လုံးခြင်းဖြေးဖြေးမှန်မှန်ထွက်ပေါ်လာတဲ့စကားသံသြသြကြောင့် ရှောင်ကျန့်အား တက်သွားကာ

"မင်း စကားပြောတတ်တာလား" ကောင်လေးက ခေါင်းလေးငြိမ့်ပြကာ
"နည်း နည်းတော့ပြောတတ်တယ် ခဏစောင့်နော် အထီး စားဖို့ တစ်ခုခု ယူလာပေးမယ်"
"ဘာ သူ့ကိုကောင်လေးက ဘယ်လိုခေါ်လိုက်တာ"အထီးဆိုပဲ

"ရားးး ဟေ့ကောင် ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲကွ ငါ့မှာနာမည်ရှိတယ် ငါ့နာမည်က ရှောင်ကျန့်ကွ"
"ရှောင်ကျန့် ရှောင်ကျန့် " ကောင်လေးက သူ့နာမည်ကိုတိုးတိုးလေးရေရွတ်ခါ "ကျုပ်တို့ သူငယ်ချင်းတွေကတော့ အထီးကောင် အမကောင် အာ့လိုပဲခေါ်ကြတာပဲ"

"အေးပါကွာ ဒါပေမမယ့်ငါ့ကိုတော့ နာမည်ပဲခေါ်ပါနော် မင်းက အထီးကောင်ခေါ်ရင်ငါ့မှာ ထပဲ အူရတော့မလိုလို ရွံ့ထဲပဲလူးရတော့မလိုလို လမ်းတေပျောက်နေလို့ ဟားးးးး"

ရှောင်ကျန့်က သူ့ပါတူပြောနေရင်းသဘောတကျရယ်နေတာကြောင့် ကောင်လေးကသူ့ကိုငေးကြည့်နေတာကိုသတိမထားမိ "ဟေ့ကောင် ဘာလုပ်တာလဲကွ"ကောင်လေးက ရှောင်ကျန့်နှုတ်ခမ်းအောက်ကမှည့်နက်လေးကိုသူ့လျှာနဲ့ယှက်နေခြင်း
ရှောင်ကျန့်ရဲ့အလန့်တကြားအော်သံကြောင့်မျောက်ဖင်နီကောင်ကတော့အပင်ပေါ်တက်ပြေးပြီ

My Wild Person Where stories live. Discover now