My Wild Person (16)🔞

7.4K 410 11
                                    

"ရှောင်အာ အဲ့ဒါဘာတွေဖြစ်နေကြတာလဲ "ရှောင်ကျန့်တို့ အချိန်ပိုင်းအလုပ်ပြီးလို့ပြန်လာတဲ့အချိန် ခြံရှေ့မှာ ကောင်လေးတစ်ယောက်က ရှောင်မေ့ကို ဆွဲလားရမ်းလားလုပ်နေတာကြောင့်မေးလိုက်ခြင်း

"ကော အဲ့ကောင် ညီမကိုလိုက်နှောက်ယှက်နေလို့ "ငနဲသားကသူတို့လဲမြင်ရော တစ်ချိုးထဲတန်းလစ်သွားတော့တယ်

"ရှောင်အာ အိမ်ပြန်လာတာမဟုတ်ဘူးလား အိမ်ထဲဝင်လေ "အိမ်ထဲမဝင်ဘဲ အပြင်ကို ပြန်ထွက်ဖို့လုပ်နေတဲ့ညီမဖြစ်သူကြောင့်ရှောင်ကျန့်မေးလိုက်ခြင်း

"အိမ်ထဲမှာ ဘာလုပ်ဖို့နေနေရမှာလဲ ပျင်းစရာကြီး Club သွားမလို့ "

"ရှောင်အာ နင်က မိန်းကလေးနော် ခုတောင်ညနေစောင်းနေပြီ မသွားပါနဲ့လားဟာ "

"ငါ့အမေက တောင်ငါ့ကိုဝင်မပြောတာ နင်ဆရာမလုပ်ပါနဲ့ " ပြောပြီး Taxi ငှားကာ ကားပေါ်တက်သွားတဲ့ ရှောင်အာ

"ကော ပြောမနေနဲ့တော့ သူ့လိုလူမျိုးက စေတနာနဲ့မတန်ဘူး နွားပလာတာကျွေးသလိုပဲ ပြောလဲ စကားနားမထောင်မှတော့ လွှတ်ထားလိုက် "

"ရိပေါ် ရယ် သူက ကောညီမလေ ကောမှာဒီညီမလေးတစ်ယောက်ပဲရှိတာ သူလမ်းမှားမရောက်အောင် ကောက ဆုံးမပေးရမှာပေါ့  "

"ဟုတ်ကဲ့ပါ ကောရဲ့ ကျွန်တော်ကလဲ သူကကောစကားနားမထောင်တော့စိတ်တိုသွားလို့ပါ
တွေ့လား ရိပေါ်လောက် ကောစကားကိုဘယ်သူမှနားမထောင်ကြဘူး ကျွန်တော်တော်တယ်မလား "

"ဒါပေါ့ ကောကောင်လေးကအတော်ဆုံးပဲ "လက်မလေးထောင်ကာ သူ့ကိုကြည့်ပြီးပြုံးပြုံးလေးထောက်ခံလာတဲ့ကောကိုကြည့်ပြီး ရိပေါ်မှာအသည်း တစ်ယားယား

အိမ်ထဲကို ကောကရှေ့ကဝင်သွားတာကြောင့် ကောရဲ့နောက်ဖက်က မက်မွန်သီးလုံးလုံးလေးတွေကိုမြင်ပြီးလဲသွားရည် တစ်များများ
*အင်းအဲ့ မက်မွန်သီးလေးတွေကိုသာ ပယ်ပယ်နယ်နယ် ကိုင်လိုက်ရလျှင်ဖြင့် ရိပေါ်ရဲ့ အာဂလက် လူဖြစ်ကျိုး နပ်လိမ့်မယ် *

"ရိပေါ် ကောပြောတာကြားလား "အတွေးနဲ့ သူ့ကျန့်ကောကိုပစ်မှားနေတဲ့ရိပေါ်က ရှောင်ကျန့်ပြောလိုက်တဲ့စကားကိုမကြားမိ

My Wild Person Where stories live. Discover now