My Wild Person (21)

2.8K 292 6
                                    

"ရိပေါ် ကျောင်းကပြန်လာပြီလား
ရော့ဒီမှာ နင်မောလာမှာစိုးလို့ရေအေးအေးလေးခပ်ပေးထားတယ် "
"ဖိနပ်ချွတ်ထားခဲ့လိုက်လေ ငါတိုက်ပေးထားမယ် "
"ဖက်ထုပ်ပြုတ်လဲဝယ်ထားပေးတယ် စားပွဲပေါ်မှာ
စားလိုက်အုံးနော် "
ရိပေါ်နောက်ကပါလာတဲ့ရှောင်ကျန့်ကိုအရေးမလုပ်ပဲ
အရင်တုန်းက တစ်ဇောင်းစေးနဲ့မျက်ချေးလို ရိပေါ်နဲ့အတည့်တဲ့ရှောင်အာက ဒီနေ့မှ သဘောတွေစွတ်ကောင်းနေတာကြောင့်

"ရှောင်အာ နင်နေကောင်းပါတယ်နော် "သူပြောသမျှကိုအရေးမလုပ်ပဲ အပေါ်ထပ်တက်သွားတဲ့ရိပေါ်ကိုစိတ်တိုနေပါတယ်ဆို ရှောင်ကျန့်ကပါသူ့အပေါ်မသင်္ကါသလိုစကားဆိုလာတာကြောင့်

"ကောင်းတယ်ဟေ့ ကောင်းတယ်
တစ်အိမ်ထဲနေတဲ့သူအချင်းချင်းသင့်သင့်မြတ်မြတ် နေရအောင် ငြိမ်းချမ်းရေးယူမိပါတယ်
တစ်ယောက်ကလဲ ငါ့ကို လစ်လျူရှုတယ်
နောက်တစ်ယောက်ကလဲ ငါ့ကို စိတ်မကျန်းမာသူလိုဆက်ဆံနေတယ် "

"မဟုတ်ပါဘူးဟ
အရင်ကနင်နဲ့ရိပေါ်က တွေ့လိုက်တိုင်းသတ်နေတာမို့ "

"လူ့စိတ်ဆိုတာ တစ်သတ်မတ်ထဲရှိနေတာမှမဟုတ်တာ
ပြောင်းလဲဖို့အကြောင်းရှိရင်ပြောင်းလဲရမှာပဲ "

"ပြောင်းလဲဖို့အကြောင်းကဘာများလဲ "

"နင့်ကိုအကုန်သံတော်ဦး တင်နေရမှာလား"ဟုတ်တယ်လေ သူမရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြပေးလို့မှမရတာ

Flask back

ရှောင်ကျန့် ဖုန်းကို ကိုင်လိုက်ပြီး တစ်ဖက်ကပြောတာတွေနားမလည်တာကြောင့် ပြန်မပြောဖြစ်သေး နားပဲထောင်နေလိုက်တော့တယ်
ဖုန်းချခါနီး ကြားလိုက်ရတဲ့လိပ်စာက သူဟိုတစ်ခါရှောင်ကျန့်နဲ့ အန်တီကြီးကို အိမ်ပြန်လိုက်ပို့ပေးတဲ့လိပ်စာပဲ
ပြောတဲ့စကားတွေနဲ့စပ်ဆက်ကြည့်လိုက်ရင် ရိပေါ်ကသူတို့ပျောက်နေတဲ့သားပေါ့
ရှောင်အာ့အတွက်တော့ စားရကံကြုံလို့မှုတ်ဆိတ်ပျားဆွဲတာပဲ
သူဌေး သားလေးကိုအရယူပြီး သူဌေးချွေးမလုပ်
သူဆေးသုံးဖို့လိုတဲ့ငွေအတွက်လဲအေးအေးဆေးဆေး ထိုင်နေရုံနဲ့ရမှာ
အခုလို ရှောင်ကျန်ဆီက လက်ဖြန့်သုံးနေစရာမလို
သူနဲ့ရိပေါ် ချစ်သူတွေဖြစ်ပြီးမှ သူ့မိဘတွေနဲ့ပြန်တွေ့တာအကောင်းဆုံးပဲ
ဘာလို့ဆို ရိပေါ်မိဘတွေက ရိပေါ်ကို သူတို့အိမ်ပြန်ခေါ်သွားရင် နီးစပ်ဖို့ဝေးပြီ
အာ့တော့ တစ်ဖက်ကဆက်သွယ်ထားသမျှ contact တွေကိုဖျက်
ရိပေါ်ကိုအပိုင်ကပ်ဖို့ကြံရပေတော့မည် ။
Flask back end.

My Wild Person Where stories live. Discover now