My Wild Person (30)

3.1K 286 7
                                    

"ဟေ့ကောင်တွေ boss ကမှာထားတယ်
ငါတို့ကိစ္စအားလုံးပြီးရင် ဝမ်ချောင့်ကို အပြတ်ရှင်းခဲ့တဲ့"

"အေး နောက်ကကားထဲမှာ သူပါလာတယ်မလား"

"အေးပါတယ်
သူက ငါတို့နဲ့လိုင်းချင်း မတူတော့ ဒီကောင်ငါတို့အပျော်တွေဖျက်မှာ စိုးလို့ "ပြီ တီတီ ရုပ်နဲ့ ရှောင်ကျန့်ကို ကြည့်ကာပြောလာတဲ့ကျားနက်ကြောင့် အခြားအဖွဲ့ဝင်တွေက

"ဒါဆို သူ့ကို ငါတို့ ပျော်ဖို့ခေါ်လာတာပေါ့"

"အေးပေါ့ကွ   ဟား ဟားးး ဟားးးးး"

"ဟေ့ကောင် ခွေးစကားမပြောနဲ့
ငါက လိုက်လာရင်ဆေးရမယ်ဆိုလို့လိုက်လာတာ
ယောကျာ်းချင်း ခွေးစကားတွေလာပြောမနေနဲ့
သတ္တိရှိရင် တစ်ယောက်ချင်းချမယ်" ရှောင်ကျန့်ရဲ့ ဘယ်သူမှမမြင်နိုင်တဲ့ နူးညံ့မှုက ရိပေါ် တစ်ယောက်ထဲအတွက်ပဲ
ကျန်တဲ့သူတွေနဲ့သာဆို သူက မာန်စွယ်ဖွေးဖွေး ကျားရိုင်းတစ်ကောင်လို

"စိတ်ချ တစ်ယောက်ချင်းချမှာ
လက်နဲ့ သတ်ပုတ်တဲ့သိုင်းတော့မဟုတ်ဘူး
ဟားး ဟားးး ဟားးးး"ပြောပြောဆိုဆို ကားပေါ်မှာပဲ သူ့အင်္ကျီတွေကို အတင်းဆွဲချွတ်ဖို့ လုပ်နေတာကြောင်​့ အကြောက်အကန်ငြင်းဆန်နေရတယ်

ကားပေါ်မှာ သူအပါအဝင် လူလေးယောက်ရှိတယ်
တစ်ယောက်ချင်းဆို ယှဥ်နိုင်ပေမယ့် သုံးယောက်တစ်ယောက်ဆုတော့ အင်အားချင်းမမျှ
"ဟေ့ကောင် သူ့ကို ချုပ်ထား "

"ကားရပ်လိုက်ရမလား
မင်းတို့နှစ်ယောက်ထဲသာယာနေတာ မကောင်းဘူး"

"ဟေ့ကောင် မောင်းမှာသာမောင်း အသစ်အဆန်းလေးဖြစ်သွားရအောင်လို့
ငါတို့ပြီးရင် မင်းအလှည့်လာမှာပဲ "

"ဟေ့ကောင် အဲ့ဒါတော့မတရားဘူး မင်းတို့ပြီးမှဆိုတာက"

"ငါအရင်ခေါ်လာတာလေကွာ မကျေနပ်ရင် ဂျောင်း"
ကားမောင်းနေတဲ့တစ်ယောက်ကတော့ အောင့်သက်သက်နဲ့ခံလိုက်ရတယ်

ရှောင်ကျန့်ဘောင်းဘီကိုချွတ်ဖို့လုပ်နေတုန်း ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်ရတယ်
သူ့ boss ရဲ့ အလျင်စလိုတားမြစ်သံကြောင့်
လုပ်လက်စကို ရပ်လိုက်ရတယ်
မရပ်လို့လဲမရ boss ကစိတ်ကြီးတယ်
သူ့ဟာလေး အဖြတ်ခံရမှ နောက်ဆို ဘာမှတောင်မဘာနိုင်ဖြစ်သွားမယ်
တစ်ခါ ကောင်းစားဖို့ အတွက်နဲ့ တစ်သက်လုံး အဖြတ်ခံရပြီး မနေနိုင်ပါ

My Wild Person Opowieści tętniące życiem. Odkryj je teraz