My Wild Person (14)

3.7K 377 4
                                    

"အရသာ အရမ်းရှိတဲ့ကျန့်ကောရဲ့ လက်ရာခေါက်ဆွဲပြုတ်လေးကို စားခွင့်ရလို့ အရမ်းကျေးဇူးတင်ပါတယ်နော်"

"မလိုပါဘူး ရိပေါ်ရယ် ကောကသာမင်းကိုတောင်းပန်ရအုံးမယ် ငါ့ကောင်လေးကို မြို့ရောက်ရောက်ချင်း ကောင်းတဲ့အစားအစာတွေမကျွေးနိုင်လို့ "

"ချစ်သူတွေကြားမှာ တောင်းပန်ဖို့လိုလို့လား "

"အဲ့ဒါဆို ချစ်သူတွေကြားမှာ ကျေးဇူးတင်စကားပြောဖို့လိုတယ်ထင်လို့ ပြောတာပေါ့ဟုတ်လား "

"ကျန့်ကောကလဲ ကျန့်ကောလက်ရာက အရမ်းကောင်းလို့ ကျေးဇူးတင်စကားဆိုတာလေ ကျေးဇူးတင်ပါတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်လေးစားတန်ဖိုးထားလို့ ချစ်သူတွေကြားမှာ သေးသေးမွှားမွှားကိစ္စလေးကအစ ကျေးဇူးတင်စကားပြောပေးရတယ်တဲ့
တောင်းပန်တယ်ဆိုတဲ့စကားကကျတော့ အမှားလုပ်တဲ့သူတွေမှသုံးကြတာတဲ့ ကျွန်တော်တို့ကြားမှာအမှားဆိုတဲ့အရာကို အခုကောနောင်ကော ဘယ်သူကမှ ကျူးလွန်ကြမှာမဟုတ်ဘူးလို့ ယုံကြည်တာမို့ တောင်းပန်တယ်ဆိုတဲ့စကားကိုနောက်မပြောနဲ့နော်
တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုက ကျွန်တော်တို့နှစ်ယောက်ဘဝတစ်လျှောက်လုံးပျော်ရွှင်နိုင်စေတဲ့ အဓိကသော့ချက်ပဲ
ကျွန်တော်က ကျန့်ကောကိုအပြည့်အဝယုံကြည်သလို ကျန့်ကောကလဲ ကျွန်တော့်ကိုယုံကြည်ပေးနော် "

"အတတ်ကလေး ရိပေါ် အဲ့ဒါတွေကြောင့်ကောမှာ ချစ်ပြီးရင်းချစ်နေတာ "

ကျန်းချန်ကို အရင်က ကြည့်မရပေမယ့် အခုတော့ သူ့ကိုကောလို့ခေါ်ရတော့မယ်ထင်တယ်
ဘာလို့ဆို သူ့ ဖုန်းထဲက drama တွေကို ရိပေါ်ကြည့်ထားတာကြောင့် အခုလိုကောသူ့ကိုအချစ်ပိုအောင်ပြောတတ်နေခြင်း
နောက်ဆို drama များများကြည့်ပြီး အဲ့ကားတွေထဲက dialogue တွေအတိုင်း ပြောပြီးတစ်နေ့ထက်တစ်နေ့ကျန့်ကောပိုပိုချစ်အောင် နေတော့မှာမို့

သူ့စကားကိုဘာမှပြန်မပြောပဲ ပြုံးပြုံးကြီးနေနေတဲ့ရိပေါ်ကြောင့်
"Mwach Mwach Mwach "

နမ်းလိုက်တော့မှ တစ်အံ့တစ်သြ သူ့ကိုကြည့်လာတဲ့ရိပေါ်
"ကော ကောနော် အဆုံးထိ တာဝန်မယူနိုင်ပဲနဲ့လာလာဆွနေတယ် ကျွန်တော်ပြန်ဆွရင် ကျန့်ကောဖွတ်ဖွတ်ညှပ်ညှပ်ကြေတော့မယ် "

My Wild Person जहाँ कहानियाँ रहती हैं। अभी खोजें