Extra🚫🚫

5.7K 290 14
                                    

🎤အလှအပ ဗန်းပြပြီးတကယ် ငါ့ဘဝ ပျက်အောင်ပြုစားရက်တယ်
မုသားးယှက်နွယ် အပြုံးတစ်ခဏလေးနဲ့အမုန်းတစ်ကမ္ဘာပေးသူရယ်.....
ရိပေါ်လေးအသည်း ထောက်ထားမညှာပဲ ဖောက်ပြားကာအမြဲ..........
စိမ်းကားသူပစ်မုန်း ပြေးးးထွက်ဖို့ ဝန်မလေးတယ်
ရိပေါ် အနေခက်အောင်လုပ်ဖို့နည်းနည်းလေးမှ ဝန်မလေးတယ်
စိမ်းသရဖူစိမ်း ...စိမ်းသရဖူစိမ်းရယ်
အစိမ်းမှာ သတင်းကြီးတဲ့ မောင့်ကောကော ကျန့်ရယ်🎤

မနက်လင်းလင်းချင်းကြားလိုက်ရတဲ့အသံဗြဲကြီးကြောင့် ရှောင်ကျန့်မှာ ထထိုင်မိလျင်သား

"ဘာတွေဆိုနေတာလဲ ရိပေါ် ညက တစ်ညလုံးမအိပ်ရလို့ မှေးခနဲ အိပ်ပျော်မလို့ရှိသေးတယ် မင်းကြောင့်နိုးရပြီ" ပြောလဲပြော သူ့လက်လေးထဲမှာ အိပ်ပျော်နေတဲ့ ယုန်ဖြူကြီးရဲ့ မျိုးဆက်ထဲက တစ်ကောင်ကို မနိုးရအောင် ကျောလေးကို အသာပွတ်သတ်ပေးမိတယ်

"ကော အကြောင်းဆိုတာလေ
ကောစိမ်းကားနေတာကို"

"ငါ့အကြောင်းဆိုတာ ဟုတ်လား
ညက မင်းကို အတူတူနေခွင့်မပေးလို့စိမ်းကားတယ်ပြောတာကထားပါတော့
ဖောက်ပြားတာတွေဖောက်ပြန်တာတွေက ဘယ်ကပါလာတာလဲ"

"ကောဖောက်ပြန်နေတာ အသိသာကြီးကို
လက်ပူးလက်ကြပ်မိနေတာကို
ခုမှ ဘာကန်စွန်းဥလာလုပ်ချင်တာလဲ"

"မုန်လာဥလုပ်စမ်းပါကွာ"

"အတူတူပဲဗျာ နှစ်ခုလုံးမြေကြီးထဲကတူးရတာပဲ"

"ပြောပါအုံး ငါကဘာတွေများဖောက်ပြန်နေလို့လဲ"
တစ်ညလေးခွဲအိပ်မိပါတယ် မိုးမလင်းခင် ပြဿနာရှာခံနေရတဲ့ uke ေလးဘဝက သာယာနေတာတော့မဟုတ်

"အဲ့မှာလေ ကောလက်ထဲကကောင်နဲ့လေ
တစ်ညလုံး သူ့ကို ရင်ခွင်ထဲထည့်ထားပြီးဖောက်ပြန်နေတာ
လင်ကြီးငုတ်တုတ်ရှိတယ်ဆိုတာတောင်အမှတ်ရရဲ့လားမသိဘူး"စူပွပွမျက်နှာနဲ့ သူ့ကိုဖောက်ပြန်တယ်လို့ စွတ်ဆွဲနေတဲ့လူရိုင်းလေးကို ဒေါသထွက်ရမှာထက် သနားစိတ်ပိုမိတာသူမလွန်ပါဘူးနော်

ကောင်းကြသေးရဲ့လားဗျာ
ကျွန်တော်က ဒီည အတူတူမနေနိုင်ဘူးပြောတာနဲ့ တကယ်ကို ကျွန်တော့်စကားကိုနားထောင်ပြီး တစ်ညလုံး အသားကိုလာမထိတဲ့ကောင်လေး
အဲ့တာပြောတာ တစ်ခါတစ်လေ ဂျင်ပေါ်ကထုံးလို လည်လွန်းသလောက် တစ်ခါတစ်လေကျတော့လဲကျောက်ခေါတ် လူသားအရှုံးပေးရလောက်အောင် ပိန်းချက်က လက်လန်တယ်
တကယ်တော့ ညက သူအိပ်မပျော်သလို ကျွန်တော်လဲ အိပ်မရဘူး
ဘယ်အချိန် သူကျွန်တော့်အနားလာမလဲဆိုပြီး ရင်တစ်ထိတ်ထိတ်နဲ့စောင့်နေရတာ
သူ့အနားကို တစ်ဖြည်းဖြည်းကပ်လာတဲ့ အသံကြားရတာကြောင့် ရိပေါ် သူ့နားကပ်လာပြီအထင်နဲ့ မူပိုကာအတင်းငြင်းလွှတ်ဖို့မောင်းတင်နေတုန်း အထင်နဲ့အမြင်တက်တက်စင်အောင် လွဲကာ ရောက်လာတဲ့ ယုန်ငဖြူရဲ့မျိုးဆက်လေးကိုပဲ ရင်ခွင်ထဲထည့်ထားပေးလိုက်ရတယ်
ဒါကို ဒင်းလေးက သူဖောက်ပြားနေတယ်ဆိုပြီးပြဿနာတွေရှာနေတာ
သူသာ ရှောင်ကျန့် စကားနားမထောင်ပဲ နားမထောင်ပဲ အတင်းတောင်းဆိုလာရင် သူက ခွင့်မပြုပေးမှာကျလို့
ရှက်ရှက်နဲ့ပဲ ရိပေါ်သူ့ဆီလာအောင် အိပ်ရာထဲကို ပြန်ခွေနေမိတယ်

My Wild Person Where stories live. Discover now