My Wìld Person (3)

6.4K 577 0
                                    

"ရှောင်ကျန့် သတိထား"အလန့်တကြားသတိပေးသံနဲ့အတူ ရိပေါ် ရှောင်ကျန့်ကိုဆွဲဖက်လိုက်သည်။
"ဘယ်လိုဖြစ်လို့အလောတကြီးသွားနေရတာလဲ ခင်ဗျားရှေ့မှာ ဗဒူ တွင်းကြီးတွေ့လား
အာ့ ဗဒူကောင်တွေက ဆင်တစ်ကောင်လုံးကိုတောင်မိနစ်ပိုင်းအတွင်းစားနိုင်တယ် ခင်ဗျားသာ အာ့တွင်းထဲကျသွားကြည့် ပြန်ပေါ်လာမှာကိုမဟုတ်တော့ဘူး"ရိပေါ်အပြောကြောင့် ရှောင်ကျန့်ရှေ့ကိုကြည့်လိုက်တော့တွင်းနဲ့တူတာ ဘာမှမတွေ့
"ဘယ်မှာလဲ ရိပေါ် တွင်းက "
"အာ့ ဗဒူကောင်တွေက လူတွေကိုလှည့်စားတတ်တယ်ဗျ ခုခင်ဗျားမြင်ရတာ သစ်ရွက်ခြောက်တွေနဲ့ သာမန်မြေသားပြင်လို့ထင်ရပေမယ့် သေချာကြည့်ရင်အရွက်ပုံစံတွေကွာနေတာတွေ့လား
ဗဒူတွင်းရှိတဲ့ နေရာကသစ်ရွက်တွေက သာမန်ထက်ပိုပြီး အောက်ကိုနည်းနည်းနိမ့်နေတတ်တယ် သစ်ရွက်အနိမ့်မြင့်မညီတာကိုကြည့်ပြီးတော့ ဗဒူကျွင်းရှိမရှိသေချာကြည့်ရတယ်ဗျ " ရိပေါ်အပြောကြောင့်ရှောင်ကျန့် အလန့်တကြားကြည့်မိတော့တယ် ရှောင်ကျန့်ကပဲဒူနေတာလား ဗဒူတွေက လှည့်စားတတ်တာလားတော့မသိ ခုထိဘာမှထူးခြားတာသိပ်မတွေ့
"မယုံရင်ဒီမှာကြည့်"ရိပေါ်လဲ သူ့စကားကိုမယုံချင်သလိုဖြစ်နေတဲ့ကျန့်ကောကြောင့် သူတို့အစာပြေစားဖို့ပါလာတဲငါးကင် ကို ရှောင်ကျန့်ရှေ့က မြေသားပေါ်သို့ပစ်တင်လိုက်တဲ့တစ်ခဏ ဗဒူကောင်တွေအုံလိုက်ကျင်းလိုက်နဲ့ တက်လာပြီး ငါးကင်တွေကို စားသွားတာက အရိုးပါမကျန်
"ရှောင်ကျန့်လဲ အဲ့ဒီ့တော့မှ မျက်လုံးပြူးမျက်ဆံပြူး ကြောင်တောင်တောင် ငေးကြည့်နေရင်းမှ အာ့နေရာကအမြန်ထွက်လာခဲ့တော့တယ် "
"ရိပေါ် အကောင်လေးတွေကသေးသေးလေးတွေနဲ့ကိုနော် တော်တော်အဆိပ်ပြင်းတာပဲ"
"အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်ဆိုတာ အာ့လိုကောင်မျိုးတွေကိုပြောတာပဲ"
"ဒါနဲ့ ရိပေါ် ခုနက ငါတို့စားမဲ့ငါးကင်တွေကို သုံးလိုက်တာဆိုတော့ငါတို့ဆာရင် ဘယ်ဟာသွားစားရမှာလဲ"ဟုတ်တယ်လေ ရှောင်ကျန့်အတွက်က အစားသည်သာ ပထမ အစားသာလျှင် ဒုတိယ အစားကလျှင်တတိယ ပဲ အာ့တော့ စားဖို့ကိုပူရတာပေါ့
ကမ္ဘာကြီးနှစ်ခြမ်းကွဲပြီး တစ်ခြမ်းမှာ သူသိပ်ချစ်ရတဲ့ရွယ်ရွယ် နောက်တစ်ခြမ်းမှာ အစားသောက်တွေရှိနေရင်တောင်မှ အစားသောက်ရှိတဲ့ဘက်မှာ နေမယ်" အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ဆိုရိုးလဲ ရှိတယ်မလား ကျန်ကျန့်အတွက်က သီလမစောင့်နိုင်ပေမယ့် ရွယ်ရွယ်ကိုချစ်ဖို့က ဗိုက်ပြည့်နေမှရမှာ ဟုတ်ဘူးလား"

My Wild Person Where stories live. Discover now