My Wild Person (19)

3K 332 4
                                    

ရိပေါ်မျက်နှာ စူပုတ်ပုတ်က ကျန်းချန်ပြန်သွားတော့မှပဲ မျက်နှာကြောလျော့သွားတော့တယ် ။

"ရိပေါ်  ဘာတွေဖြစ်နေတာလဲ
သူကကောသူငယ်ချင်းနော်
ရင်းရင်းနှီးနှီးဆက်ဆံပေးလို့မရဘူးလား "

"ကောကလဲ သူကကောအသားကိုနာအောင်လုပ်တာကိုး
ကျွန်တော်သူ့ကို ပြန်မလုပ်ရမချင်းမကျေနပ်နိုင်ဘူး
အဲ့တစ်ခုကိုတော့ ကောကျွန်တော့်ကိုခွင့်ပြုပေး "သူ့စကားဆို အရာရာနားထောင်တဲ့ကောင်လေးက သူ့အသားကိုနာအောင်လုပ်တဲ့ သူအပေါ်မှာလဲ အညှိုးကကြီးသေး

"ရိပေါ်ကလဲကွာ
ကောတို့က သူငယ်ချင်းအချင်းချင်းဒီလိုပဲ
စနေကြ
ကျန်းချန်က အပြောနဲ့စရိုက်ကလေး မဆိုသလောက်လေးပဲကြမ်းတာ
အရမ်းစိတ်ထားကောင်းတယ်"
ရိပေါ်လဲ သူ့ကောက သူ ကျန်းချန်ကိုကျေနပ်တယ်မပြောမချင်း ကျန်းချန်ကောင်းကြောင်းတရားတွေဆက်​ေဟာနေမှာစိုးတာကြောင့် ကျန်းချန်ကို ပြန်လက်စားမချေတော့ပါဘူးလို့ကတိပေးလိုက်ရတယ်
ကျန်းချန်ကို ပြန်မလုပ်ရမချင်း ဘယ်ကျေနပ်နိုင်ပါ့မလဲ

"ကော ဘယ်ကို ဖုန်းခေါ်နေတာလဲ" ဖုန်းကိုကိုင်ကာတစ်နေရာကိုဆက်နေတဲ့ကျန့်ကောကြောင့်မေးလိုက်ခြင်း

"ရှောင်အာ့ဆီကို
အန်တီကြီး သူ့မိသားစုနဲ့ သေချာပြန်တွေ့သွားရဲ့လားမေးချင်လို့
ကောင်မလေးက ခုထိဖုန်းမကိုင်သေးဘူး "

"အဆင်ပြေလို့ နေမှာပါကောရယ်
အချိန်ကိုလဲကြည့်လိုက်အုံး
ဒီကောင်မလေးခုချိန်ဆို club တစ်ခုခုမှာ ကွဲနေလောက်ပြီ "

"ဟင်းးးးး "ရိပေါ်စကားကိုကြားပြီး သက်ပြင်းသာချနိုင်တော့တယ် ။ သူ့ညီမအကြောင်းရိပေါ်တောင် တော်တော်လေးသိနေပြီ
ညီမလေးကို ပြောလို့မနိုင်လို့သာလွှတ်ထားတာ
အန္တရာယ်တစ်ခုခုဖြစ်မှာတော့ စိုးရိမ်မိတယ်

"ကဲပါ ကောရယ်
သက်ပြင်းကြီး ချမနေနဲ့တော့ အချိန်တန်ရင်ပြန်လာမှာပါ
ကောညီမက ဂျင်းပေါ်ကထုံး လည်လိုက်တာမှတစ်ဝီဝီနဲ့
ဘာမှမဖြစ်လောက်ပါဘူး
ကောစိတ်မချရင်လဲ ကျွန်တော်တို့ လိုက်ရှာကြည့်တာပေါ့ "ပေကျင်းမှာရှိတဲ့ club တွေကအများကြီး
အဲ့ club တွေကိုသွားပြီး ရှောင်အာ့ကိုရှာရတာထက် ကောက်ရိုးပုံထဲက  အပ်ကိုရှာရတာကပိုလွယ်အုံးမယ်
ဒါပေမယ့်လဲ သူ့ကျန့်ကောလေး စိတ်ဆင်းရဲမှာစိုးလို့ လိုက်ရှာလို့ ရတယ်ဆိုတဲ့အကြောင်းသတိပေးလိုက်ရသေး

My Wild Person Where stories live. Discover now