My Wild Person (9)

3.8K 403 2
                                    

ရန်ချန်းတို့တစ်တွေ တဲဆီကိုလှမ်းလာတော့ တဲထဲက ကောင်လေးတစ်ယောက်ထွက်ပြေးသွားတာကိုတွေ့လိုက်တာကြောင့် "လိုက် အဲ့ကောင်နောက်ကလိုက်သွားကြ  ကျန်တဲ့ကောင်တွေတဲအနှံ့လိုက်ရှာကြ ငါ့တို့ကို ဒုက္ခပေးတာ သူတစ်ယောက်ထဲမဟုတ်ဘူး ေနာက်တစ်ယောက်ရှိသေးတယ် "
လူဆိုးတွေကိုမျှားခေါ်သွားတဲ့ကောင်လေးကတော့သူကျန့်ကောသွားတဲ့လမ်းနဲ့ဆန့်ကျင်ဘက်သို့
ဒီတောက ရိပေါ်ကျွမ်းကျင်စွာသွားလာနေတာကြောင့် ဟိုလူဆိုးတွေကို အသာလေးမျက်ခြေဖြတ်ထားနိုင်တယ်
ရိပေါ်လဲ ကျောက်ဆောင်တွေပေါ်မှာခဏနားနေတုန်း သူ့နောက်ကျောကို လာထောက်တဲ့မာကြောကြောအရာတစ်ခု
"လက်မြှောက်ထားလိုက် " ရိပေါ်လဲလက်မြှောက်ကာနောက်ကိုလှည့်ကြည့်မိတော့ မျက်နှာတစ်ပြင်လုံးမှာ အမွေးအမျှင်များစွာနဲ့ပိန်ပါးပါးခန္ဓာကိုယ်နဲ့လူတစ်ယောက် အဲ့ဒီ့လူပုံစံကိုကြည့်ရတာ ဟိုလူတွေ အဖွဲ့ထဲကတော့မဖြစ်နိုင်

ယမ်ဟွမ့်လဲ တောထဲမှာတူလေးပျောက်သွားတာကြောင့် ဒီတောထဲမှာနေပြီး တူလေးကိုရှာနေတာ 10စုနှစ်တစ်ခုကျော်လာခဲ့ပြီ
ဒီနေ့လဲ ထုံးစံအတိုင်း တူလေးကို တောထဲကို လာရှာရင်း ကျားသစ်ဝတ်ရုံနဲ့ ပြေးလာတဲ့လူရိုင်းလိုလို​ေကာင်လေးတစ်ယောက်ကိုတွေ့တာကြောင့် တားမိခြင်း
ဟုတ်တယ်လေ သူတို့မှာမျိုးနွယ်စုတွေဘာတွေရှိရင် သူ့တူလေး​​ေပျာက်သွားရတညအာ့မျိုးနွယ်စုနဲ့များတစ်နည်းတစ်ဖုံပတ်သတ်နေမလားလို့ 
ဖြစ်နိုင်ခြေနည်းပေမယ့်လို့ပေါ့
လှည့်ကြည့်လိုက်တဲ့မျက်ဝန်းမှေးမှေးလေးတွေက တစ်ယောက်ယောက်နဲ့တူသလိုလို
သူသေနတ်နဲ့ချိန်ထားတာကိုပင် ကြောက့်လန့်ဟန်မပြပဲစူးစူးရဲရဲပြန်ကြည့်နေတဲ့ကောင်လေးကြောင့်
ယမ်ဟွမ့်ပင် ပြန် လန့်သွားမိမတတ်
"ကောင်လေး ခုဏက ဘာဖြစ်လို့ပြေးလာရတာလဲ မင်းနောက်ကို တစ်ခုခုလိုက်လာလို့လား"
"အင်း ဟုတ်တယ် သူတို့တွေကကျုပ်တို့နေရာကိုဖျက်စီးဖို့ကြိုးစားနေလို့ "ဘာလို့မှန်းမသိ ရိပေါ်ဒီလူကြီးကိုမြင်မြင်ချင်း ရင်းနှီးနေသလို ခံစားရတာ​ကြောင့် သူတို့ကြုံခဲ့ရသမျှတွေကို တစ်လုံးမကျန်ပြန်ပြောပြနေမိတော့တယ်
ယမ်ဟွမ့်လဲ တောင်တောင်ရေမြေနဲ့တိရစ္ဆာန်လေးတွေကို မသမာသူတွေကြောင့်ပျက်စီးသွားမဲ့အဖြစ်မျိုးကိုမလိုလားတာကြောင့်
"အဲ့ဒါဆို ဦးကမင်းကိုကူညီပေးမယ် ဦးအကူညီလိုနေရင်လဲမင်းကပြန်ကူညီပေးရမယ် ဘယ်လိုလဲ "
"ဦးက ကျုပ်ဆီက ဘာအကူညီတောင်းမှာလဲ "
"နောက်မှပြောပြတော့တယ် အခုတော့ သူတိ​ု့မင်းကိုရှာမတွေ့ခင် ပုန်းစရာနေရာတစ်ခုရှာကြရအောင် ညဘက်ကျမှလှုပ်ရှားကြတာပေါ့ "
.......................................................................

My Wild Person Where stories live. Discover now