My Wild Person (15)

4.2K 367 2
                                    

Bus မမှီတော့တာကြောင့်ကျောင်းတက်ချိန်ကျော်သွားခဲ့တယ်။
ဆရာ့ကိုတော့ ဒီနေ့မလာနိုင်ကြောင်းဖုန်းဆက်ပြီး တောင်းပန်လိုက်ရတယ် ။

"ရိပေါ်  ကောဒီနေ့အတန်းချိန်မမှီလို့ မတက်ဖြစ်တော့ဘူး
အဲ့ဒါရိပေါ်မှာ လဲအဝတ်အစားတွေမရှိတော့ ကောတို့
Supermarket သွားကြရအောင် "

"ကော  ကျွန်တော့်အတွက်ဆို မဝယ်ပေးလဲရတယ် ကောအင်္ကျီတွေရှိနေတာရပဲ ကောဟာတွေယူဝတ်လဲရတယ်"

"ကောအင်္ကျီတွေက တစ်ပတ်နွမ်းတွေလေ
ရိပေါ် ကိုကော ဆရာက အထက်တန်းပြန်ဖြေဖို့ စာသင်ပေးမယ်တဲ့
ဆရာနဲ့တွေ့ရင် သပ်သပ်ရပ်ရပ် ဝတ်သွားတာကောင်းတယ်
နောက်ပြီး ကောက ရိပေါ်ထက်ပိုပိန်တော့ ကောအဝတ်တွေရိပေါ်ဝတ်ရင် ကြပ်နေတာကို "

"ကျွန်တော်က ကောပိုက်ဆံကုန်မှာစိုးလို့ပြောတာပါ"

"ဒါက လိုလို့ သုံးတာလေရိပေါ်ရဲ့
အဝတ်အစားတွေပေါများနေပြီး နောက်ထပ် ထပ်ပြီးဝယ်ရင်သာ ဖြုန်းရာကြတာ အသုံးနဲ့အဖြုန်းကို ခွဲခြားသိရမယ်နော်ရိပေါ် "

"ဟုတ် "

Supermarket မှာ ရိပေါ်အတွက်လိုအပ်တဲ့ အဝတ်အစားသုံးလေးစုံလောက်ဝယ်ပြီးပြန်လာခဲ့တယ်
အောက်ထပ်က ကော်ဖီဆိုင်ရောက်တော့ မှန်တွေရဲ့ဘေးမှာ နေရာယူထားတဲ့ Birthday 'cake ပေါ်က အရုပ်လေးတွေကိုငေးနေတဲ့ရိပေါ်ကြောင့်

"ရိပေါ် ဘာလို့လဲ စားချင်လို့လား "

"ကျွန်တော်ငယ်ငယ်တုန်းက ပါးနဲ့မားက ဒီလိုမျိုး cake လေးနဲ့မွေးနေ့ပွဲလုပ်ပေးဖူးတယ် "ကောင်လေးက ငယ်ဘဝကိုပြန်လွမ်းနေတယ်ထင်ပါရဲ့

"ရိပေါ်   မင်းမိဘတွေကိုသွားတွေ့ကြမလား "

"ကျန့်ကောလိုက်ပို့ပေးနိုင်မလား "

"အင်း ရတာပေါ့ ဒါပေမယ့်  မင်းဦးလေး ရေးပေးလိုက်တဲ့လိပ်စာပါတဲ့အင်္ကျီနဲ့မှရှာလို့ရမှာ
မင်းပြတဲ့နေ့က ငါသေချာမကြည့်လိုက်မိဘူး "

"အာ့ဆို အိမ်ပြန်ပြီး အဝတ်သွားယူမယ် ပြီးမှကျွန်တော့်အိမ်ကိုလိုက်ပို့ပေး ".

------------------------------------------------------------

"ရိပေါ်   ဒီလောက် ဘဲတီးနေတာကိုအိမ်ထဲကတစ်ယောက်မှ ထွက်မလာကြဘူးနော် "

My Wild Person Where stories live. Discover now