My Wild Person (11)

4K 425 4
                                    

ရှောင်ကျန့်နဲ့ရိပေါ် ဂူထဲကိုပြန်ဝင်လာကြတော့ ရောင်နီပျပျလေးတောင်မြင်နေရပြီ
အဖွဲ့သားတွေကတော့ အိပ်မောကျနေကြတုန်း ဂူထဲမှာပဲ ယာယီ tent လေးတွေ ဆောက်ထားတာကြောင့် အအေးဒဏ်ကို သိပ်မခံရပဲ အိပ်နေနိုင်တာ
"ဘာ   ဘာကြီးလဲ "အိပ်ရာမှနိုးလာတဲ့ အဖွဲ့သားတစ်ယောက်ရဲ့အော်သံကြောင့်ကျန်တဲ့သူတွေလဲ ဆက်မအိပ်နိုင် ပဲ tent ထဲက ထွက်လာရတော့တယ်

"ဘာဖြစ်တာလဲ ရင်းရင်း " စကားကိုပင် ပြန်မပြောနိုင်ပဲ တစ်နေရာသို့ ကြောက်ကြောက်လန့်လန့် ကြည့်နေတဲ့ ရင်းရင်းကြောင့် အဖွဲ့သားတွေ ရဲ့မျက်လုံးများက ရှောင်ကျန့်ရှိရာသို့

လက်ညိုး တစ်ထိုးထိုး မျက်စ တစ်ပစ်ပစ်နဲ့ရှောင်ကျန့်ကို သတိပေးနေတဲ့အဖွဲ့သားများ စကားသံတောင်ထွက်မလာနိုင်ကျတော့
ရှောင်ကျန့်ကသာ ရိပေါ်ကိုသူ့အဖွဲ့သားတွေ တစ်ခုခုလုပ်မှာစိုးနေတာ
ခုတော့ သူတို့က ရိပေါ်ကိုမြင်တာနဲ့ ကြောက်လန့်နေကြလေရဲ့

"ဟား ဟားး ဟားးး " အထိန့်တလန့်ဖြစ်နေတဲ့အဖွဲ့သားများကြောင့် ရှောင်ကျန့် ရယ်ချင်တာကိုထိန်းမရ
"မင်းတို့ကောင်တွေကွာ သူကတစ်ယောက်ထဲ မင်းတို့ကအများကြီးလေ ဘာကြောက်နေကြတာလဲ
တော်တော်လဲအားကိုးရတဲ့ကောင်တွေ အာ့နေရာမှာသူမိလို့ ငါ့ကိုဘာမှမလုပ်တာ အခြားသူသာဆိုရင် ငါသေနေတာကြာပြီ"

"ဘာတွေလဲ မင်းနဲ့သူနဲ့က သိနေကြတာလား "

"အဖြစ်ကတော့ ဒီလိုကွာ "ရှောင်ကျန့်လဲ ကြုံခဲ့ရသမျှ အားလုံးကို ပြောပြပြီးတော့ မှအဖွဲ့သားတွေအားလုံးလဲ သက်ပြင်းရဲရဲ ချနိုင်တော့တယ် 

"တော်သေးတာပေါ့ကွာ ငါတို့က သူ တို့ကိုကြည့်နေတော့ သူ့ဘက်တော်သားတွေခေါ်ပြီး ငါတို့ကို ကင်စားမှာလားဆိုပြီး စိုးရိမ်နေကြတာ "

"သားကြီးရေ drama ကြည့်တာများသွားပြီ "ရှောင်ကျန့်ရဲ့ အရွှန်းဖောက်ခါ ပြောလိုက်တဲ့ စကားကြောင့်တစ်ဖွဲ့လုံးပွဲကျသွားတော့တယ်

အယ် အားလုံး ဟက်ဟက်ပက်ပက် ရယ်နေချိန်မှာ ရုပ်တည်ကြီးနဲ့ရှောင်ကျန့်ဘေးမှာရပ်နေတဲ့ကောင်လေးကြောင့် အဖွဲ့သားတွေအားလုံးမှာတော့ ဆက်ပဲရယ်ရတော့မလိုလို သူ့လို ပဲ လိုက်ပြီး ရုပ်တည်ကြီးနေပေးရမလို လမ်းတွေပျောက်လို့

My Wild Person Kde žijí příběhy. Začni objevovat