My Wild Person (4)

5.1K 486 8
                                    

မနက်ခင်း သူရိန်နေမင်းကြီးထွက်ပေါ်လာခြင်းနှင့်အတူ ငှက်ကလေးများရဲ့ တေးသံသာသာများကြောင့် ဗလတောင့်တောင့်နဲ့ယောကျာ်းပီသသော ကောင်လေးရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ နှုတ်ခမ်းအောက်က မှည့်နက်ပိုင်ရှင်ကောင်လေးတစ်ယောက် နိူးလာလေရဲ့
အာ့ကောင်လေးကိုရင်ခွင်ထဲထည့်ထားတဲ့ ရင်ခွင်ပိုင်ရှင်လေးကတော့ အိမ်မက်ကမ္ဘာကြီးထဲမှာသာယာလို့ကောင်းတုန်း
"ရိပေါ် ရိပေါ် ထတော့လေ မိုးလင်းနေပြီ"
"အင်း ကျန့်ကော ရာ ခဏ" ကောင်လေးကရင်ခွင်ထဲက ကောင်လေးကို လွှတ်မပေးပဲထက်တိုးဖက်ကာဆိုလာလေရဲ့
ရှောင်ကျန့်လဲ ကောင်ငယ်လေးအိပ်နေတာကို မနှောက်ယှက်ချင်ပေမယ့် သူတို့လုပ်ရမဲ့ကိစ္စတွေကရှိသေးတယ်မလား
တောထဲကိုရောက်လာတဲ့လူစိမ်းတွေအကြောင်းစုံစမ်းရအုံးမယ်လေ
"ရိပေါ် ထတော့ကွာ " ပြောပြီး ရှောင်ကျန့်တစ်ယောက်ရင်ခွင်ထဲမှအတင်းရုန်းနေတာကြောင့်ရိပေါ်လဲဆက်အိပ်လို့မရတော့
ညက ရှောင်ကျန့်ကို တစ်ယောက်ထဲထာစခဲ့ရမှာစိတ်မချတာကြောင့် ဟိုလူစိမ်းတွေရဲ့အခြေအနေကိုသူ မစုံစမ်းရသေး
"ထပြီ ဗျာ ထပြီ  " ကြာကန်မှာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတော့ ရိပေါ်တို့နှစ်ယောက် ရှောင်ကျန့်အဖွဲ့ရှာပုံတော်ဖွင့်ကြရတယ်ဆိုပါတော့
"ရိပေါ် ဟိုမှာ ဘာကြီးလဲ "ရှောင်ကျန့်ပြတဲ့နေရာကိုကြည့်လိုက်တော့ ဆင်တစ်ကောင်
ဆင်တစ်ကောင်လို့ပြောရမှာထက် သေနေတဲ့ဆင်တစ်ကောင်လို့ပြောရမှာက ပိုမှန်ပေမည်။
"ဆင်စွယ်တွေကိုနှာမောင်းအရင်းကနေ ဖြတ်ထားတာကြောင့် သွေးများကပေပွလျှက် " ဆင်ကြီးရဲ့ခန္ဓာကိုယ်မှာ သွေးတွေထွက်နေသေးတာကြောင့် မကြာသေးခင်အချိန်ကမှ ဖြစ်သွားခဲ့တာပဲ
" ဒါ ဟိုလူတွေလက်ချက်ပဲနေမှာ လူမဆန်လိုက်ကြတာကွာ သူတို့တွေက တောပြုန်းအောင် လုပ်တာအားမရလို့ တိရစ္ဆာန်တွေကိုပါ မျိုးတုန်းအောင် လုပ်ဖို့ကြံရွယ်နေကြပြီ"
"ဥတုရာသီ တောကိုမှီ၏ " ဆိုတဲ့စကားကိုသူတို့တွေမကြားဖူးကြတာလား "တစ်ဦးတစ်ယောက်ထဲကောင်းစားဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို သူတို့ထင်သလို လုပ်နေကြတာပဲ
ရှောင်ကျန့်က ဒေါသထွက်ခါ စကားတွေအများကြီးပြောနေပေမဲ့ ရိပေါ်ကတော့ လက်သီးကိုတင်းတင်းဆုတ် ထားတယ်
"အာ့လူတွေအားလုံးကို သတ်ပစ်ချင်နေပြီ"
"စိတ်ကိုလျော့ထားရိပေါ် ဥပဒေဆိုတာရှိတယ်ကွ အချိန်တန်ရင်သူတို့ပြစ်ဒဏ်သူတို့ပြန်ခံရလိမ့်မယ်"
"အာ့မတိုင်ခင်မှာ သူတို့လက်ချက်ကြောင့် တိရစ္ဆာန်ဘယ်နှစ်ကောင် အပင်တွေဘယ်လောက်များများ ပျက်စီးဆုံးရှုံးပေး​ေနရအုံးမလဲ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီ ဒီလူတွေကို နောက်တစ်ခါမလုပ်ရဲအောင်ပညာ ကောင်းကောင်းပေးရမယ်"
"တာဝန်ရှိသူတွေကိုအသိပေးရအောင်လဲ ကျွန်တော်တို့မှ နေရာမသိတာ ကျန့်ကော အဖော်တွေကိုတောင်တွေ့အောင်ရှာနိုင်သေးတာမဟုတ်"
"အင်း အဲ့ဒါဆို ကောလဲမင်းကိုကူညီပေးမယ်"
"အင်း အာ့ဆို ခုတော့ ခရီးဆက်ကြအုံးစို့ ဟိုလူတွေမတွေ့အောင်လဲသတိထားနေရမယ်"
...................................................,.....................
ကွိကွိကွိ

My Wild Person Where stories live. Discover now