My Wild Person (End)

4.7K 343 13
                                    

"ရှောင်အာ နင်အကြံပေးလို့သာ ကျန့်ကောကို ငါမတွေ့မိအောင်ရှောင်နေရတာ
ငါ့ကိုလွမ်းနေတဲ့သူ့မျက်နှာလေးကို တွေ့နေရတော့ပြေးတွေ့ချင်စိတ်တွေတစ်ဖွားဖွားနဲ့"

"ခဏလေးပဲ သည်းခံပါဟယ်
နင်ပဲ သူများတွေလို Ro ဆန်ဆန် မင်္ဂလာပွဲတစ်ခုဖန်တီးချင်တယ်ဆိုလို့ ငါက သေချာစီစဥ်ပေးနေတာကို
ရယ်ရတယ်သိလား ဟိုနေ့က ငါသူ့ကို ph နံပါတ်အသစ်ကြီးနဲ့ဆက်ပြီး ကလိလိုက်သေးတယ်
ဟား ဟားးး ဟားးး"

"ရယ်မနေနဲ့ သူက နင့်ကို ဘဝဆက်တိုင်း FA ဖြစ်ပါစေဆိုပြီး မေတ္တာပို့လိုက်သေးတယ်ဆို
သူငါ့ကို တကယ်ချစ်တာ ကသေချာနေတော့ နင်တော့မေတ္တာစူးပြီး FA အဖြစ် ဘဝဆက်တိုင်း အရုိးထုတ်သွားရမှာ မြင်ယောင်သေးတယ်"

"ရိပေါ် နင်နော်
သူ့ကိုလဲစေတနာနဲ့ကူညီပေးရ​သေးတယ်
ကျေးဇူးမတင် ဖင်လှန်ပြမလုပ်နဲ့
ခုချိန် ငါဖုန်းဆက်ပြီး ဟိုကောင်တွေကို နောက်ကြောင်းပြန်လှည့်ဖို့ပြောရင် နင်စီစဥ်ထားတာအကုန်ပျက်မှာနော်
ငါ့ကို လေးလေးစားစား ဆက်ဆံစမ်းပါ"

"ဟဲ ဟဲ ညီမလေးကလဲ ငါက စတာကို
စိတ်ကြီးလိုက်တာ"

"ခုမှ လာဖားမနေနဲ့
ဘာညီမလဲ နင်နဲ့ငါက ရွယ်တူပဲ
ခုကလဲ ကျန့်ကောက နင့်ကို မစွန့်လွှတ်နိုင်မှန်းသိလို့ကူညီပေးနေတာ
သူက ငါ့အပေါ် အကိုတစ်ယောက်ရဲ့ တာဝန် ကျေအောင်လုပ်ပေးခဲ့ပေမဲ့ ငါကခုချိန်ထိ
သူ့အပေါ် ညီမတစ်ယောက်ရဲ့ တာဝန် မကျေခဲ့တော့
ပြန်ကျေးဇူးဆပ်တဲ့ အနေနဲ့ကူညီပေးနေတာ"

"ဟုတ်ပါပြီ ခယ်မလေးရယ်
ဟား ဟားးး ဟားးးး"

ကျေးငှက်လေးတွေ တွန်ကျူးသံလေးတွေနဲ့ သာယာလှပတဲ့ နက်နံခင်းမှာတော့
တောထဲက ဆင် ၊ မျောက် ၊ ယုန် ၊ ကျားသစ် တောရိုင်းတိရစ္ဆာန်လေးတွေပေါင်းစုံဟာ ကိုယ်စီကိုယ်စီ တာဝန်အသီးသီးနဲ့ အလုပ်ရှုပ်နေကြလေရဲ့
ဘာလို့ဆို သူတို့သူငယ်ချင်းကြီး ဘဝသစ်တစ်ခုကို လျှောက်လှမ်းတော့မှာမို့ ပြင်ဆင်ပေးနေရခြင်းကြောင့်

"ကလေးတို့
ငှက်ပျော်ခိုင်တွေကို ကန်တော့ပွဲအတွက် ပြင်ဆင်ဖို့ သက်သက်ခွဲထားပေး
ပြီးမှ ငှက်ပျော်သီးတွေကို တစ်လုံးစီဖြုတ်ပြီး အခံွနွှာ​
ပေးထားနော်
ကျန်တဲ့ အဖွဲ့တွေ ငှက်ပျော်ရွက်တွေ နဲ့ အခမ်းအနာစီစဥ်ထားတာပြီးပြီလား
တောပန်းတွေ မှာထားတာကော ရပြီလား"

My Wild Person Donde viven las historias. Descúbrelo ahora