My Wild Person (18)

3.3K 330 5
                                    

ရဲစခန်းကိုရှောင်ကျန့်ရောက်တော့ စခန်းမှူးရှေ့က ခုံလေးပေါ်မှာရိပေါ်ကထိုင်နေလေသည် ။

"ညီလေး မိသားစုဝင်တွေကို အကိုကဆက်သွယ်ခိုင်းနေတာက ညီလေးကယ်ခဲ့တဲကလေးမလေးမိဘတွေက ကျေးဇူးတင်စကားဆိုချင်လို့ တဲ့
ညီလေး မိသားစုဝင်တွေကိုအန္တရယ်ပေးမလို့မဟုတ်ပါဘူး "
စခန်းမှူးကြီးမှာတော့ တစ်ခါမှ ခေါင်းမရှုပ်ခဲ့ဘူးသမျှ ရှေ့က လူသားကြောင့် ခေါင်းရှုပ်နေတာ သူ့ခေါင်းပေါ် မြွေသိုက် ဆောက်လို့ရလောက်ပြီ
ရှင်းပြရတာလဲအခါခါ
အဲ့တာကို ကောင်လေးကသူ့ကိုမယုံကြည်ပဲ ဆက်သွယ်ဖို့လိပ်စာခုထိမပေးသေး
ဒီအရွယ်ရောက်နေပြီ သူ့အိမ်ကိုဆက်သွယ်ရမဲ့လိပ်စာမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား
အဲ့ဒါဆို ဖုန်းနံပါတ်ပေးဆိုတော့လဲ ဖုန်းနံပါတ်လဲမသိဘူးတဲ့

အချိန်ကလဲအတော်ကြာနေပြီ
မေးသမျှလဲ မသိဘူးပဲပြောနေတဲ့ကောင်လေးကြောင့်လပ်လျော့ပြီး ပြန်လွှတ်ဖို့ ဆုံးဖြတ်လိုက်မယ့်အချိန်
ရဲစခန်းထဲကို အလောတကြီးဝင်လာတဲ့လူတစ်ယောက်

"ရိပေါ်   ဘာဖြစ်သွားသေးလဲ
ကောလာကြိုမယ်ပြောထားတာကို ဘာလို့တစ်ယောက်ထဲပြန်ရတာလဲ
မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "ရှေ့မှာ သူရှိနေတယ်ဆိုတာတော့မြင်လောက်ပါတယ်နော်

"ကော ဘာလို့ လိုက်လာတာလဲ
သူတို့က ကောကို အချုပ်ခန်းထဲဖမ်းထားလိမ့်မယ်"

"ဟမ်"စခန်းမှူး ခင်မျာ မျက်လုံးကစကောဘလေညက်ကြီးပြူးလာလေရဲ့

"ဘာလို့ဖမ်းရမှာလဲ ရိပေါ်ရဲ့
ကောတို့မှာ အပြစ်မှမရှိတာ
ဦးရဲကြီးတွေက အပြစ်ရှိတဲ့သူတွေကိုပဲဖမ်းတာ "

"မသိဘူး လေ သူတို့က ကောကို ဆက်သွယ်ဖို့ပဲ ပြောနေတော့ ကျွန်တော်လဲ မသင်္ကါ တော့တာ
Drama တွေထဲမှာဆို သူတို့က တစ်ယောက်ကို ဖမ်းမိရင် နောက်ထပ်ကြံရာပါတွေရှိသေးတယ်ဆိုပြီး အဲ့ကြံရာပါတွေကိုဆက်သွယ်ဖို့လိပ်စာတွေအတင်းတောင်းကြတာ
ကောကို ဖမ်းမှာစိုးလို့ ကောလိပ်စာတွေ ဖုန်းနံပါတ်တွေမသိဘူးပြောထားတာ "

"အမ် ဒါဆို ရိပေါ်က ကောကို ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်သိလို့လား "

My Wild Person Where stories live. Discover now