My Wild Person (10)

4.1K 422 10
                                    

" ဆရာ ကျွန်တော်တို့ ဒီဂူထဲမှာပဲ နေရမယ်ထင်တယ်
မှောင်လဲမှောင်တော့မှာဆိုတော့ ပြန်လို့မရဘူး "
"ဆရာလဲ အဲ့လိုပဲထင်တယ် လမ်းပြတွေကို မေးကြည့်အုံးမယ် "ကျွန်တော်တို့တွေက တောထဲကလမ်းတွေကို မကျွမ်းကျင်တာကြောင့် လမ်းပြနှစ်ယောက်ကိုခေါ်ထားခြင်းပင်
"အာ့လိုပဲကောင်းပါတယ်ဆရာ တောထဲမှာ ညဘက်လျှောက်သွားဖို့က အဆင်မပြေဘူး "လမ်းပြနှစ်ယောက်ကပါ ညအိပ်ဖို့ သဘောတူနေတာကြောင့်
"တပည့်တို့ ငါတို့ဒီညဒီမှာတည်းကြမယ် မနက်ကျမှ မြို့ကိုပြန်ကြတာပေါ့ "
"ဟုတ် "
"ဖြစ်နိုင်ရင်တော့ကွာ ဒီလောက်သာယာလှပတဲ့တောထဲမှာ တစ်ပတ်လောက်တော့နေချင်သေးတာ ဆရာက တစ်ညထဲနေပြီး မနက်ပြန်မယ်ဆိုတော့ ကြည်နူးနေတဲ့စိတ်ကလေးတောင်ကြက်ပျောက် ငှက်ပျောက် "
ကျောင်းသားတစ်ဦးရဲ့ပြောစကားကို အခြားကျောင်းသားတွေအားလုံးလဲ ခေါင်းညိမ့်ထောက်ခံကြလေရဲ့
"အာ့ဆို ဆရာ့ကိုပြောကြည့်ပါလား "
"အင်း ခေါင်းဆောင်ကို ပြောခိုင်းရမယ် "သူတို့ပါသူတို့တိုင်ပင်နေကြတာအဟုတ် ဘာမှမပြောပဲ ဂူအဝင်ဝကြက်တူရွေးလေးနှစ်ကောင်ကို ငေးနေတဲ့ ကျန်းချန်ဘက်သို့မျှားဦးလှည့်လာတာကြောင့်
"မင်းတို့ ကိုယ်ပါတူပြောပါ့လား "ငါးတစ်ကာ ယိုတဲ့ချီး ပုဇွန်စိပ် ခေါင်း စုဆိုသလို နေချင်တာက သူတို့ ဆရာ့ကို​ပြောလို့ ဆရာက သဘောမတူပဲဆူရင် ကျန်းချန်ပဲခံရမှာ
"ချန်ချန်လေး ကလဲ ပြောပေးပါနော်နော် မင်းက ငါတို့ရဲ့ hero ငါတို့ရဲ့ခေါင်းဆောင်ကြီးမလို့ အားကိုးမိတာကို "ေဟာက်ရွှမ်းက coolguy image နဲ့မှမလိုက် ချွဲချွဲနွဲ့နွဲ့ပြောနေတာကြောင့် ရယ်ချင်စိတ်ကို အသာထိန်းရင်း
"ငါတစ်ယောက်ထဲတော့ မ​ပြောဘူး အကုန်လုံးဝိုင်းပြောရင်တော့ ဆရာက လက်ခံပေးမယ်ထင်တယ် "
OK
ရှောင်ကျန့်တစ်ယောက်ကတော့ သူတို့တွေပြောနေတာကိုအာရုံမထားနိုင် မျက်လုံးများက ဂူပေါက်ဝကိုတစ်ကြည့်ကြည့်
*ရိပေါ်က လိုက်လာခဲ့မယ်ပြောပြီး မလာသေးဘူး တစ်ခုခုများဖြစ်နေလို့လား ဟိုလူဆိုးတွေကဖမ်းပြီးများသတ်ပစ်လိုက်ပြီလား * သူ ရိပေါ်ကိုတစ်ယောက်ထဲထားခဲ့မိတာကိုတွေးပြီး နောင်တရချင်ချင်
ရိပေါ်နဲ့ နေခဲ့ရင်လဲ သူက ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ ရိပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာဆိုးလို့သာ လိုက်လာခဲ့ရတာ
ရိပေါ်က ပေးပြီးသားကတိတည်မဲ့လူမျိုးပါ သူ့ဆီလိုက်လာမှာ ဟုတ်တယ် " နှုတ်ခမ်းကိုက်လိုက် မျက်မှောင်ကျုံ့လိုက် စိတ်လှုပ်ရှားရင် လုပ်နေကြ ဂုတ်ကို ပွတ်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ကြောင့်
"ရှောင်ကျန့် မင်းဘာဖြစ်နေတာလဲ တောထဲ 10ရက်လောက်ပဲနေရသေးတာ တိရစ္ဆာန်စိတ်ပေါက်နေတာတော့မဟုတ်ပါဘူးနော် "ကျန်းချန်စကားကိုကြားတော့ ရှောင်ကျန့်မှာပြုံးမိသေး
သူသာ ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးဖြစ်ရင် ရိပေါ်က အခုထက်တောင်ပိုပြီး သူ့ကိုဂရုစိုက်ပေးမှာသေချာတယ်
သူ့စကားကိုခွန်းတုံ့မပြန်ပဲပြုံးပြုံးကြီးလုပ်နေတဲ့ ရှောင်ကျန့်ကြောင့် ကျန်းချန်မှာတော့ နရင်းကို အုပ်ပစ်ချင်နေတဲ့စိတ် တစ်ဖွားဖွား
ဒါပေမယ့်လဲ 10ရက်လောက်ပျောက်နေပြီး မသေကောင်းမပျောက်ကောင်း ခုမှပြန်တွေ့ရတဲ့သူငယ်ချင်းလေးကြောင့် စိတ်လျော့ထားလိုက်ရတော့တယ် နောက်သဘောမတွေ့စရာ တစ်ခုခုရှိမှ ခုအတွက်ပါပိုပြီး နရင်းကိုနာနာလေးအုပ်ပစ်မယ်လို့ တေးထားရင်း
"ရှောင်ကျန့် ဒီ 10ရက်အတွင်း မင်းဘာတွေဖြစ်ခဲ့လဲဆို​တာ ငါ့ကိုပြောပါအုံး "
"ဒီလိုကွ.............. "
"အာ့ဆို မင်းကို ကယ်ခဲ့တဲ့သူက လူရိုင်းလေးပေါ့
အမလေး ကြက်သီးထလိုက်တာကွာ
ငါကြည့် ဖူးတဲ့ movie တွေထဲမှာ ဆိုရင် လူရိုင်းတွေက ငါတို့လို လူတွေကိုတွေ့ရင် မီးကင်ပြီး စားကြတာကွ
မသေကောင်း မပျောက်ကောင်း ငကျန့်ရယ် "ကျန်းချန်က ပြောနေရင်း သူ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်နဲ့သိုင်းဖက်လာတာကြောင့် ရှောင်ကျန့်ကလဲ ပြန်ဖက်ပေးရင်းကျောလေးကို ပုတ်ခါနှစ်သိမ့်ပေးလိုက်ရတော့တယ်
နောက်ခါများ ကြုံကြိုက်ခဲ့ရင် အဲ့ဒီ့လူရိုင်းကောင်လေးက ကြောက်စရာမကောင်းပဲ ချစ်ချင်စရာ အားကိုးချင်စရာကောင်းကြောင်းနဲ့ လူရိုင်းလေးက ရှောင်ကျန့်ခန္ဓာကိုယ်ကို ကင်စားတာမဟုတ်ပဲ ရှောင်ကျန့်နှလုံးသားလေးကို ပြုစားသွားတာဖြစ်ကြောင်း ပြောပြချင်ပါသေးရဲ့
.......................................................................
ညဥ့် ဦးယံ တောထဲမှာရှိတဲ့ ပိုးကောင်လေးတွေရဲ့ ပိကျိပိကျိ အော်သံ
လူအများရဲ့အသက်ရှုသံမျှင်းမျှင်းလေးကို သာကြားနေရတဲ့ ဂူလေးဆီရှိရာသို့ တိတ်တစ်ဆိတ်ချဥ်းကပ်လာတဲ့လူတစ်ယောက်
အဲ့ဒီ့လူသားလေးက အိပ်မောကျနေတဲ့ ကောင်လေးတစ်ယောက်ရဲ့မျက်နှာလေးကို လရောင်ရဲ့အကူအညီကိုယူပြီး တစ်စိမ့်စိမ့်ကြည့်နေလေရဲ့
နောက်တော့ ကြည့်နေရတာ အားမရလို့ ထင်ပါရဲ့
လူသားလေးရဲ့ လက်တွေဟာ ကောင်ငယ်လေးရဲ့ အျက်နှာအစိတ်အပိုင်း တစ်ခုချင်းကို ရွရွလေး ထိလို့
*ကျန့်ကော ဘယ်အချိန်မှာပြန်တွေ့ရမယ်မှန်းမသိ မသေချာတဲ့ အနာဂတ် မှာ ကျွန်တော် ကျန့်ကောမရှိပဲနေနိုင် ဖို့ ကျန့်ကောရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုမှတ်ထားချင်တာမို့ ကျွန်တော့်ကိုဒီတစ်ညတော့ ကျန့်ကော ကိုယ်လေးကိုထိတွေ့ခွင့်ပေးပါ *
အိပ်ပျော်နေတဲ့ကောင်လေး မကြားနိုင်ပေမယ့်လို့ လူသားလေးကတော့ စိတ်ထဲကနေတိတ်တစ်ဆိတ် ခွင့်တောင်းနေလေရဲ့
နဖူးလေး
မှိတ်ထားတဲ့မျက်ဝန်းလေး
မျက်ခုံးထူထူ မျက်တောင်ရှည်ရှည်လေး
နာခေါင်းချွန်ချွန်
စတော်ဘယ်ရီရောင်နှုတ်ခမ်းလေးနဲ့ အောက်နှုတ်ခမ်းလေးအောက်ကမှည့်နက်နက်လေး
မှည့်လေးကိုမြင်တော့ ဟိုတစ်ခါ သူကလိမ်ကျပြီး ကျန့်ကော မှည့်လေးကိုထိခွင့်ရတာကို ပြန်တွေးမိတော့ ပြုံးမိပါသေးရဲ့
သူလိမ်ပြီးပြောတာကို မသိပဲ ငတုံးလေးက သူပြောသမျှကိုယုံနေသေးတာ
အာ့တုန်းက မှည့်လေးကိုမြင်ပြီးသူ ထိတွေ့ချင်စိတ်တစ်ဖွားဖွား စိတ်နောက် ပါးစပ်က လိုက်ခါ ကျန့်ကော မှည့်လေးကို လျှက်လိုက်မိတာ
ထိတွေ့ပြီးမှ သူလဲမလုံမလဲဖြစ်ခါ ပါးစပ်ထဲတွေ့ရာပြောလိုက်တာ.
ဒါပေမယ့် အာ့လို ထိတွေ့ဖို့အတွက်ဒီညပြီးရင် သူ့မှာအခွင့်မရှိတော့
နောက်ဆုံးအနေနဲ့ ကျန့်ကောရဲ့နှုတ်ခမ်းလေးကို ငုံထွေးမိတော့
ဖြတ်ခနဲ ပွင့်လာတဲ့မျက်လုံးလေးတွေ
"ဟင် နိုးသွားတာလား "မှင်သေသေမျက်နှာပေးနဲ့ သူလုပ်ထားတာတွေကို မသိချင်ယောင်ဆောင်ကာအသံတိုးတိုးလေး မေးလာတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်လဲအမြင်ကပ်ကပ်နဲ့ပဲ
"ဒီလောက် လူကိုဂျုံနယ်တဲ့အတိုင်းလှည့်ပတ်ထိနေတာကို မနိုးပဲနေရအောင် ငါ့ကို အရူးကြီးများထင်နေလား"
တကယ်တော့ ရှောင်ကျန့် တစ်ရေးမှမအိပ်ရသေးပေ
ခိုဝင်နေကြ ရင်ငွေ့နွေးနွေးလေး မရှိတာကြောင့်ရော သူများတစ်ခုခုဖြစ်နေမလားဆိုပြီး စိုးရိမ်နေတဲ့ စိတ်ကြောင့်ပါ အိပ်လို့မရ
မျက်လုံးများက ဂူအဝင်ဝလေးဆီကိုသာပို့ထားတယ်
ကိုယ်တော်လေးရောက်လာတာကိုမြင်သားပဲ မသိချင်ယောင်ဆောင်ပြီးမျက်လုံးမှိတ်ထားတာ
နောက်ကျမှရောက်လာတာကြောင့် စိတ်ကောက်ချင်သလိုလို
ဒါပေမယ့် ကောင်လေးက သူ့ကိုမနိုးပဲ လုပ်ချင်ရာလုပ်နေတာကြောင့် ဟန်ဆောင်တာကို ရပ် မျက်လုံးတွေကိုဖွင့်လိုက်ရတယ်
မဖွင့်လို့လဲမရ တော်ကြာ ဟိုတစ်ခါလိုများဖြစ်သွားရင်မကောင်းပေ
လူတွေအများကြီးလဲရှိသေးတယ်မလား (တော်သေးတာပေါ့ရှင် အာ့လိုလေးတွေးလို့ မဟုတ်ရင် ကျွန်မ က ရှက်ရှက်နဲ့ plus ရေးရတော့မို့ 😁)
"လာ "ရှောင်ကျန့်လဲ ရိပေါ်လက်ကို စွဲခေါ်လို့ ဂူအပြင်ဘက်သို့ထွက်ခဲ့တော့တယ်
ဂူထဲမှာဆို လွတ်လွတ်လပ်လပ်ပြောလို့မရဘူးမလား
ရိပေါ်အကြောင်းကို ကျန်းချန်တစ်ယောက်ထဲကိုပဲပြောပြထားတာ တော်ကြာကျန်တဲ့လူတွေက ရိပေါ်ကို လူဆိုးထင်ပြီးတစ်ခုခုလုပ်နေမှာစိုးတာကြောင့်

My Wild Person Where stories live. Discover now