My Wild Person (8)

3.9K 402 3
                                    

ငှက်ကလေးတွေ အိပ်တန်းပြန်တဲ့အချိန်
နေလုံးနီနီကြီးအနောက်အရပ်ကိုဝင်သွားတဲ့အချိန်
ရိပေါ်တို့ ပတ်ဝန်းကျင်က တိရစ္ဆာန်လေးတွေအိပ်ဖို့ပြင်နေကြတဲ့အချိန် "သြော် ငှက်ကလေးတွေတောင်အချိန်တန်အိမ်ပြန်ကြရတာပါပဲလား ဒါဆိုသူ့ကျန့်ကောကကော အင်း ကျန့်ကောလဲသူ့အိမ်သူပြန်ရတော့မှာပဲ"
ငယ်ငယ်က မားပြောတဲ့စကားလေးတစ်ခွန်းကိုပြန်ကြားယောင်မိတယ် ကျန်ရစ်တဲ့သူနဲ့ထားသွားတဲ့သူမှာ ထားသွားခံရတဲ့သူက ပိုနာကြင်ခံစားရတယ်တဲ့ ရိပေါ်ဘွားဘွား မားနဲ့ရိပေါ်တို့ကို ထားသွားခဲ့တုန်းကပြောခဲ့တာ အဲ့တုန်းက ရိပေါ်ကငယ်သေးလို့ မားခံစားခဲ့ရတာကိုနားမလည် ခုတော့ အဲ့ဒီ့ခံစားချက်မျိုး ခံစားရတော့မယ်ထင်ပါရဲ့
"ရိပေါ် တဲထဲမဝင်သေးဘူးလား အပြင်မှာအေးနေပြီ"
ကျန့်ကောက လက်လေးနှစ်ဖက်ကိုပိုက်ထားကာ သူ့ဘေးမှာဝင်ထိုင်ရင်းပြောလာတယ်
ကျန့်ကောက သူတောထဲကိုစရောက်တုန်းက ဝတ်ခဲ့တဲ့အဝတ်အစားတွေကိုပြန်ဝတ်ထားတယ်
စန္ဒာငွေလရဲ့ အလှနဲ့အ​ြပ​ိုင်ကျန့်ကောရဲ့ မျက်နှာလေးက ဝင်းပနေတော့တယ်
လက်မလွှတ်ချင်လောက်အောင်ပါပဲကျန့်ကောရယ်
"ရိပေါ် ပြောတာကြားလား "သူမေးတာကိုပြန်မဖြေပဲသူ့ကိုပဲဆွေးဆွေးနင့်နင့်ကြည့်နေတဲ့ရိပေါ်ကြောင့်ရှောင်ကျန့်မှာ နားရွက်ဖျားလေးတွေရဲလို့
အရှက်သည်းစွာနဲ့ပဲ ရိပေါ်ကိုသတိပေးစကားဆိုနေမိရဲ့
"ကျန့်ကော မြို့ကို အရမ်းပြန်ချင်နေပြီလားဟင် "
"အင်း ကိုယ့်အတွက်ကြောင့်အခြားသူတွေကိုစိတ်အနှောက်ယှက်မပေးချင်ဘူး နောက်ပြီးကျောင်းတက်​ေနရင်း ဆိုတော့လေ "
အင်းပေါ့လေ ကျန့်ကောက ဒီတောထဲမှာ တစ်သက်လုံးနေနိုင်မှာမှမဟုတ်တာပဲ
"အာ့ဆို စောစောအိပ်တော့လေ ကျန့်ကော မနက်စောစော လိုက်ပို့ပေးမယ် တော်ကြာလွဲသွားမှာစိုးလို့ "
"ရိပေါ် ကောနဲ့ မြို့ကို မလိုက်ခဲ့ချင်ဘူးလား" မြို့ကိုလိုက်ခဲ့ဖို့တဲ့လား အဲ့လိုအတွေးမျိုး ရိပေါ်တောထဲကိုစရောက်ပြီဆိုထဲက မတွေးခဲ့တော့တာ မတွေးခဲ့တာဆိုတာထက်မဖြစ်နိူင်တဲ့အခြေအနေမို့ လက်လျော့ထားမိတာ
ခုကျန့်ကောက သူ့ကိုလိုက်ခဲ့ဖို့ခေါ်နေလေပြီ
"ဟိုရောက်ရင် မင်းမိသားစုကိုလဲ ရှာလို့ရတာပေါ့ "ဘာမှပြန်မပြောပဲတိတ်ဆိတ်နေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်ကပဲ စကားဆက်ပြောလိုက်တယ်
ဆုံးဖြတ်ချက်ချဖို့တွေဝေနေတဲ့ ကောင်လေးကို ရှောင်ကျန့်လဲအပြစ်မဆိုသာ
သူကျင်လည်ခဲ့ ရတဲ့ ပတ်ဝန်းကျင်နဲ့ သူ့သူငယ်ချင်းတွေကိုမခွဲနိုင်သေးလို့နေမယ်
"အေးဆေး စဥ်းစားပါ ေကာကအတင်းကြီးလဲမတိုက်တွန်းပါဘူး "အာ့လိုပြောနေတဲ့ ရှောင်ကျန့်ရဲ့စိတ်ထဲမှာတော့ ကောင်လေးကို မြို့ကိုလိုက်စေချင်တဲ့ အတ္တသေးသေးလေးရှိနေလေရဲ့
.........................................................................
ကောင်းကင်တစ်ခွင်မှာတိမ်သားညိုညိုတွေရစ်သိုင်းနေပြီ ညဦး ပိုင်းက ကြည်ကြည်လင်လင်နဲ့ သာနေခဲ့တဲ့ကိုရွှေလကလဲ တိမ်ဆိုင်တွေထဲမှာ ပုန်းကွယ်လို့
ညအမှောင်ကို အမှီပြုကာ လှုပ်ရှားနေတဲ့လူတစ်စုအတွက်တော့အခွင့်အရေးတစ်ရပ်
"ရန်ချန်း တို့လူတွေက ဒီမှာလား "
"ဟုတ်ကဲ့ boss "ဒီတစ်ခါတော့ ရန်ချန်းတို့အဖွဲ့ကို ဟိုကောင်တွေနိုင်မှာမဟုတ် ဘာလို့ဆို သူတို့အဖွဲ့ထဲ လူအင်အားအများကြီးဖြည့်ထားတဲ့အပြင် သူတို့ boss ကိုယ်တိုင်လိုက်လာတာကြောင့်ပင်
သူတို့လွှတ်ပေးလိုက်တဲ့ရွာသား 10​ယောက်ကိုလဲ သက်ဆိုင်ရာကိုတိုင်ပြောရင် သူတို့မိသားစုဝင်တွေကိုသတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်ထားတာကြောင်​့ တာဝန်ရှိသူတွေလိုက်လာမှာကို ပူစရာမလို
"ငါ အချက်ပေးတာနဲ့ စကြတော့ "
ခေါင်းဆောင်စကားလဲဆုံးရော် အဖွဲ့သားတွေအားလုံးအဆင်သင့်နေရာယူထားတယ်
သူတို့သတိမထားမိတာက သူတို့တဲမှာနေနေတဲ့ ယုန်ငြီးငဖြူက နားအရမ်းပါးတယ်ဆိုတာပဲ
သူတို့လူတွေကို ကယ်ဖို့လုပ်နေတုန်း ယုန်လေးတစ်ကောင် က တဲတစ်ခုထဲဝင်သွားတာကိုမြင်လိုက်ပေမယ့် အမှုမဲ့ အမှတ်မဲ့ပဲ
အာ့လိုနေလိုက်တာက သူတို့ကံဆိုးစေမယ့် အကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်ဆိုတာကိုမသိပဲနဲ့ပေါ့
ရိပေါ်လဲငဖြူ လာပြောတဲ့စကားကြောင့် အားလုံးကိုလေချွန်ကာသတိပေးလိုက်တယ် သူတို့သူငယ်ချင်းတွေငယ်ငယ်ထဲက အန္တရယ်ကြုံရင်အာ့လိုသတိပေးနေကြ
ေလချွန်သံကြားတော့ ထောင်ခြောက်တွေနားမှာအိပ်နေတဲ့ကျားသစ်ကြီးလဲလှုပ်လှုပ်ရွရွဖြစ်ခါနိုးလာတယ်
ရန်ချန်းတို့လဲ boss ဆီကအမိန့်ရတာနဲ့ လှုပ်ရှားကာတဲတွေဆီကိုချဥ်းကပ်လာတော့ ဘယ်နေရာကမှန်းမသိပေါ်လာတဲ့တိရစ္ဆာန်များစွာ ဒါပေမယ့် အရင်လိုကြောက်ဖို့မလို သူတို့မှာလက်နက်အပြည့်စုံပါတာပဲ
ရန်ချန်းတို့အဖွဲ့လဲ မဲမဲမြင်ရာ အကုန်သေနတ်တွေနဲ့လိုက်ပစ်တော့တယ် ဒါပေမယ့်အကောင်လေးတွေအားလုံးက အရှောင်အတိမ်း ဂျက်စီဂျိမ်းထက်တောင်ကျွမ်းကျင်နေတာကြောင့် တစ်ကောင်မှမထိ

My Wild Person Where stories live. Discover now