My Wild Person (22)

2.7K 286 3
                                    

"ကော အဆင်ပြေရဲ့လား " သူအန်နေတဲ့ဘေးနားလိုက်လာခါ မျက်နှာငယ်လေးနဲ့ ဆိုလာလေတဲ့ရိပေါ်

"ကော အဆင်ပြေပါတယ်ရိပေါ်ရဲ့"

"ခေါင်းတွေဘာတွေမူးနေတာများရှိနေလား
ကျောင်းဆေးပေးခန်းသွားမလား
လမ်းကော လျှောက်နိုင်ရဲ့လား
ဒီလောက်အန်နေတာကို စားသမျှကအန်တဲ့ထဲပါပြီး လျှောက်နိုင်မယ့်ပုံလဲမပေါ်ပါဘူး
အစပိုင်း သားဦး ဆို အရမ်းဂရုစိုက်ရတာတဲ့
ကောကယောကျာ်းလေးဆိုတော့ပိုပြီးဂရုစိုက်ပေးရမယ်" ပျာယာခတ်စွာစကားတွေဆိုရင်း လက်နှစ်ဖက်ကလဲ စာအုပ်လေးကိုယမ်းကာ သူ့ကျန့်ကောကို ယပ်ခတ်ပေးနေလေရဲ့

"မမူးပါဘူးရိပေါ်ရဲ့
ကောဘာမှဖြစ်တာမဟုတ်ဘူးလေရိပေါ်
အဲ့လောက်ကြီး စိုးရိမ်စရာမလိုပါဘူးရိပေါ်ရဲ့
နောက်ပြီးဘာတွေပြောနေတာလဲ သားဦးတွေဘာတွေကဘယ်ကပါလာတာလဲ" toilet ထဲမှာအခြားကျောင်းသားတွေရှိနေတာကြောင့် ရိပေါ်နားနားကပ်ခါမစိုးရိမ်ဖို့ပြောလိုက်တာကို
ထခုန်လိုက်တဲ့ရိပေါ်ကြောင့်ရှောင်ကျန့်ကြောင်အစွာ
Toilet ထဲက ကျောင်းသားအချို့က ရိပေါ်ကို စိတ်မှကောင်းသေးရဲ့လားဆိုတဲ့အကြည့်တွေနဲ့ကြည့်ပြီး ထွက်သွားကြလေရဲ့

"သေချာနေပြီပေါ့ ဟုတ်လားကော "

"ဟင် ဘာ ဘာကိုလဲ "

"ဒါလေ ဒါဒါ "ဗိုက်ကို လက်နှစ်ဖက်နဲ့ယှက်ခါ အဝိုင်းပုံစံလုပ်ပြလာတာကြောင့် ရှောင်ကျန့်သဘောပေါက်လိုက်ပြီ

"ဟား ဟား ဟားးး ရိပေါ်က ကောကို
ကောကို ဟားးးး ဒါ ဒါ ရှိနေတယ်ထင်တာလား ဟားး"အရမ်းရီချင်နေတာကြောင့် စကားတောင်မပြောနိုင် လက်အမူအရာနဲ့ပဲ ဗိုက်ကို လက်ညှိုးထိုးပြပြီး မေးလိုက်တော့ ခေါင်းလေးညိမ့်ပြလာလေရဲ့

"ပြောပါအုံး ကောရဲ့ လူရိုင်းလေးက ဘာအကြောင်းကြောင့် ကောကို ဗိုက်ကြီးတယ်ထင်ရတာလဲ "

"ကောကလဲ drama တွေထဲမှာ ပန်းအိုးကျကွဲရင် ယောကျာ်းနဲ့ မိန်းမအတူတူနေမိလို့
နောက်ပြီး ကောင်မလေးကကောင်လေးနား တိုးတိုးလေးကပ်ပြောတာဆိုရင် အဲ့ဒါကိုယ်ဝန်ရှိလို့လေ
ကောကလဲ မြို့မှာနေတာကြာပြီ
ဒီအထာလေးတွေတောင်မသိဘူးလား"
Drama ကြည့်တာ ဗဟုသုတရပေမယ့် တစ်ခါတစ်လေ ဒီလိုအလွဲလေးတွေလဲ ရှိတတ်သေးတယ်

My Wild Person Where stories live. Discover now