My Wild Person (5)

4.6K 467 2
                                    

ရှောင်ကျန့်နဲ့ရိပေါ်လဲ ရှောင်ကျန့်အဖွဲ့တွေကိုရှာနေပေမယ့် ခုထိအစအန ပင်မတွေ့သေး
"ကျန့်ကော ခင်ဗျားအဖွဲ့က မြို့ကိုပြန်သွားလောက်ပြီနေမယ် "
"ငါ ကျန်းချန်ကိုယုံတယ် အခြားလူတွေပြန်သွားရင်တောင် သူငါ့ကို မတွေ့တွေ့အောင်ရှာမှာ" ရှောင်ကျန့်ပါးစပ်က သူစိမ်းယောကျာ်းတစ်ဥွီးရဲ့နာမည် ထွက်လာတာကြောင့် ရိပေါ် မျက်ခုံး ပင့်ကြည့်မိတော့
"တစ်မျိုးမထင်နဲ့ရိပေါ် ကျန်းချန်က ငါ့သူငယ်ချင်း"ေပြာပြီးမှရှောင်ကျန့်ကိုယ့်ကိုယ်ကို မလုံမလဲဖစ်မိတယ် *ငါဘာလို့ သူ့ကိုရှင်းပြနေရတာလဲ ဘာလို့သူ အထင်လွဲသွားမှာကိုစိုးရိမ်နေရတာလဲ*
*ရှောင်ကျန်ံ့ရာ ရှောင်ကျန့် စိတ်အေးအေးထား *
သူက ဘာမှမပြောရသေးခင် အမောတကော ရှင်းပြနေတဲ့ ယုန်သွားလေးတွေနဲ့ ေကာင်လေးကြောင့် ရိပေါ်ရင်ဘတ်ပေါ် မြင်းကြီးငညိုဖြတ်ပြေးသွားသလို ရင်ဘတ်ထဲက အောင့်သလိုလို နာသလိုလို အခုန်မြန်နေတော့တယ်
ငညိုက အရမ်းအပြေးသန်တာ  သူ့သူငယ်ချင်းတွေထဲမှာငညိုပြေးတာအမြန်ဆုံး ငညိုပြီးရင်တော့ သူပေါ့
"နေလဲစောင်းနေပြီဆိုတော့ ကျွန်တော်တို့နားကြရအောင်"
မျက်နှာလေးက ပန်းရောင်သန်းသွားတဲ့ ကျန့်ကောကြောင့် သူစကားလမ်းကြောင်းလွှဲဖို့လိုပြီဆိုတာသိလိုက်တယ် သူစလိုက်ရင် စိတ်ဆိုးသွားမှာစိုးတာကြောင့်
ဟုတ်တယ်လေ ခုထိ ရိပေါ်တို့အခြေအနေက သောင်မတင် ေရမကျ ဖြစ်နေတာ
*သောင်တင် ရေကျသွားပြီဆိုမှ ဟင်းဟင်းဟင်း*

(မင်းတို့တစ်မျိုး မတွေးနဲ့ အာ့ချိန်ကျမှ သူစိတ်ကောက်အောင် စပြီစလိုက်ချော့မှာပြောတာ) ခုချိန်က ရိပေါ်ကိုအမြင်ကြည်ပြီး အမှတ်ပြည့်ရအောင်လုပ်ရမဲ့အချိန်
"ကောင်းသားပဲ " ပြောပြီး ရိပေါ်ကိုကြည့်မိတော့ ကောင်လေးက အပင်ငယ်လေးရဲ့ ခြေရင်းကို သူဝါးချွန်လေးနဲ့ထိုးစွနေခြင်း
"အာ့ ဘာလုပ်နေတာလဲရိပေါ် "
"စောင့်ကြည့် "
ခဏကြာတော့ ရိပေါ် လက်ထဲမှာပါလာတာက အသည်းပုံ ပုံစံ ဥတစ်မျိုး
"အာ့ဘာလဲဟင် ရိပေါ် "
"စိမ်းစားဥ လို့ခေါ်တယ်"
"ဟမ် ""
"ဟုတ်တယ်လေ အစိမ်းစားလို့ရတဲ့ ဥ မလို့စိမ်းစားဥ"
ရုပ်တည်ကြီးနဲ့ နောက်နေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့် နှာခေါင်းရှုံ့မိတော့ ကောင်လေး မျက်နှာပေါ်မှာပေါ်လာတဲ့အပြုံးရေးရေး
ကောင်လေးပြုံးတာကို တစ်ခါမှမမြင်ဖူးခဲ့တဲ့ရှောင်ကျန့်မှာတော့ ငေးခနဲ ရင်ထဲမှာလဲ ကုလားဘုရားလှည့်သလို တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း
ရှောင်ကျန့်လဲ မျက်နှာကိုအကြည့်လွှဲရင်း ကောင်လေးတူးပေးတဲ့ စိမ်းစားဥဆိုတဲ့ ဟာကြီးကိုသာ ပါးစပ်ထဲထည့်စားလိုက်တော့တယ်
ဟုတ်တယ်လေ စားတဲ့ချိန်ဆိုရှောင်ကျန့်တို့က တစ်လောကလုံးကိုမေ့နိုင်တယ် အယ်ဒါပေမယ့်
ရှောင်ကျန့်ဆီကို စိမ်းစားဥနွှာထားပြီးသားတွေကို ကမ်းပေးလာတဲ့လက်တစ်စုံ
သွေးကြောစိမ်းစိမ်းလေးတွေ ယှက်သန်းနေသောလက်လေး လက်ချောင်းလေးတွေက သွယ်မနေပဲ ယောက်ကျာ်းပီသတဲ့လက်ဆစ်တုတ်တုတ်လေးတွေ နဲ့
တုတ်ပေမယ့် လက်ချောင်းတွေကရှည်ရှည်လေးတွေ
"ယူလေဗျာ ကိုင်ထားရတာ ညောင်းနေပြီ " လက်ထဲက ဥ ကိုမယူသေးပဲ သူ့လက်တွေကိုပါ စိမ်းစားဥနဲ့တူတူ ရောကိုင်ထားတဲ့ ကျန့်ကောကြောင့် လူက လက်ကိုဆက်ပြီးအကိုင်ခံထားချင်သေးပေမယ့် ဟန်ကိုယ့်ဖို့လုပ်ခါ သတိပေးလိုက်ရတယ်
"သြော် အင်းအင်း " အယောင်ယောင်အနနနဲ့ ရှောင်ကျန့်ကိုင်ထားတဲ့လက်ကိုလွှတ်ပေးလိုက်ရတော့တယ်
*ခုဏကျွန်တော်ပြောတဲ့စကားကိုပြန်ရုတ်သိမ်းလိုက်ပြီ အစား ကိုတွေ့ရင် တစ်လောကလုံးကိုမေ့နိုင်တဲ့ထဲမှာရိပေါ်တော့မပါဘူး ဟဲဟဲ *
စိမ်းစားဥ ကလဲဗျာစိမ့်စိမ့်လေးနဲချိုချို လေး စားလို့ကောင်းလိုက်တာမှတအား အခွံနွှာပေးတဲ့ လက်ပိုင်ရှင်လေးကြောင့်လဲပါမှာပေါ့ (ဒါတွေကို FA ဖြစ်တဲ့ခင်ဗျားလေးတို့တစ်တွေ နားလည်မှာမဟုတ်သလို ခုစာရေးနေတဲ့သူလဲနားမလည်ဘူး 😁😁).
ညဘက် အိပ်ရမဲ့အချိန်ရောက်တော့လဲ အိပ်ရာကအဆင်သင့်ဗျ မြို့မှာလို စောင်တွေ ခေါင်းအုံးတွေ မွေ့ယာတွေ မရှိပေမယ့်လို့ သူလုပ်ပေးတဲ့မြက်ခြောက်မွေ့ယာ ငှက်ပျော် ခေါင်းအုံးကလဲ ကိုယ့် အတွက်နွေးထွေးနိုင်ပါတယ် သူနဲ့သာဆိုရင်ပေါ့
အာ့လောက် Boyfriend material type တွေဆန်လေ ေရှာင်ကျန့်တို့က ပိုပိုကွေးချင်လေပဲ
မဖြစ်သေးဘူးလေ ရွယ်ရွယ်ဆီက အဖြေတောင်းထားသေးတာ သူမကလဲ ကိုယ့်ကို ကြိတ်ကြွေနေတာလဲ ကိုယ်ကအသိဆိုတော့ သူများသမီးပျိူလေးကို အခုဆီထမင်း အခုဆီထမင်း အခုကြက်သားကြော် (အခုအဖြေတောင်းလိုက် အခု ပြတ်လိုက်ကိုပြောတာပါနော်) လုပ်နေရအောင် သူမကအစားစာလဲမဟုတ်
ရှောင်ကျန့်လဲ အတွေးတွေကိုလက်စသတ်  အိပ်ဖို့အတွက်ဟန်ယူနေတုန်း
ဟီးး ဟီးးး ဟီးးးးး
မြင်းဟီ သံကြီးကြားတာကြောင့် ဝါးတွေကိုချွန်နေတဲ့ရိပေါ်နားကိုတိုးကပ်မိတော့တာပဲ
"မကြောက် ပါနဲ့ ကျန့်ကျန့်ရယ် မြင်းကြီးငညိုဟီတာ ညအစီစဥ်တွက်ပါ" (ဗိုလ်အောင်ဒင်လေသံဖြင့်ဖတ်ရန်)
"အာ့ဆို ကျန့်ကော ကျွန်တော်တို့နဲ့ လိုက်မှာလား "
"အင်းလိုက်ခဲ့မယ်လေ ဒီမှာလဲ ငါတစ်ယောက်ထဲမနေရဲဘူး ဒါနဲ့ မင်းတို့ဘယ်လိုအစီအစဥ်တွေဆွဲထားလဲ"
"ဒီလိုဗျ ငနီ ကို ဟိုလူတွေနောက်ကို လိုက်ကြည့်ခိုင်းထားတာ သူတို့ နေရာကိုသိရအောင်လို့ နောက်သူတို့အိပ်ပျော်နေတဲ့ချိန် ငနီတို အမျိုးတွေက သူတို့ရဲ့သေနတ်တွေကို သွားယူခိုင်းလိုက်တယ်  အာ့လိုတွေလုပ်ပြီးရင် ကျွန်တော့်ကို လာခေါ်ဖို့ပြောထားတာ ပြီစလို့ ငညိုလာခေါ်တာနေမယ်"
"ရှောင်ကျန့်လဲ ရိပေါ်နဲ့အတူ ငညိုကြီးကိုစီးလို့ ရန်သူ့နယ်မြေရှိရာသို့ " ခုချိန်ရှောင်ကျန့်မျက်နှာကိုကြည့်ရင် မော်မော်ကြွားကြွားကြီးဖြစ်နေသည်ကို တွေ့ရမည်။ အဘယ့်ကြောင့်ဆိုသော် ရိပေါ်က ရှောင်ကျန့်ကို သူ့ရှေ့မှာတစ်စောင်းအနေအထားဖြင့်ထားပြီး သူ့ကိုရင်ခွင်ထဲထည့်ကာစီးနေခြင်းကြောင့်ပင် ဟုတ်တယ်လေ ခုက မင်းသားလေးက မင်းသမီးလေးကို ပွေ့ထားတဲ့အတိုင်း
သူတို့မှာ စစ်ချီလာတဲ့မင်းသားနဲ့မင်းသမီးလိုပင်
ရှောင်ကျန့်မော်ကြွားနိုင်အောင်ပံ့ပိုးပေးတဲ့သူတွေကတော့ ရိပေါ်ရဲ့အပေါင်းပါတစ်သိုက်
ငညိုနဲ့ ငနီရဲ့အမျိုးတွေအပြင် ဘယ်ကရောက်လာမှန်းမသိတဲ့ ရှဥ့်တွေ ကြံ့တွေ ဆင်တွေ ယုန်တွေ နဲ့အခြားရှောင်ကျန့်မသိတဲ့သတ္တဝါ မျိုးလေး တွေပါ ပါတယ်
ရိပေါ်မှာအာ့ လောက်အပေါင်းသင်းများမှန်းရှောင်ကျန့်မသိခဲ့ရိုးအမှန်
တစ်နေရာ အရောက်ရှောင်ကျန့် မျက်လုံးပြူးသွားမိတော့တယ်
"ဟင် ကျားသစ်ကြီး"ရှောင်ကျန့်က သွေးပျက်နေသလောက် ရိပေါ်ကတော့ မတုန် မလှုပ် ကြောက်ရုပ်ကြီးအတိုင်း
နောက်တော့ အာ့ကျောက်ရုပ်ကြီးကဘအသက်ဝင်လာပြီး မျက်လုံးနီနီနဲ့ ကျားသစ်ကြီးဆီသွားတာကြောင့်
"ရိပေါ် " ရှောင်ကျန့် စကားမဆုံးသေးခင် ကျားသစ်ကြီးက ရိပေါ်ကိုခုန်အုပ်လိုက်တာကြောင့်
"အမလေး " ရှောင်ကျန့်လဲရိပေါ် တစ်ခုခုဖြစ်ပြီအထင်နဲ့မကြည့်ရဲကြည့်ရဲ ကြည့်လိုက်မိတော့ အမယ် နှစကောင်သားက (အယ် ဟုတ်ပါဘူး တစ်ကောင် တစ်ယောက်သား)က ဖက်လုံးနေကြတာကိုး
ကျားသစ်ကြီးက ရိပေါ်ကို အန္တရယ်ပြုမယ့် အနေထားမဟုတ်တာကြောင့်ရှောင်ကျန်ံ့ လဲ လက်ပိုက်ကာကြည့်နေတော့တယ် သူတို့ နပန်းလုံးလို့ဝသွားတော့မှ
"ကျန့်ကော ဒါ ကျွန်တော့် အကို "
"ဟမ် မင်းကလူမဟုတ်ဘူးလား "ကြောင်တောင်တောင်နဲ့ ပြန်ပြောတဲ့ ကျန့်ကောကြောင့်
"လူတော့ လူပေါ့ဗျ ဒါကျွန်တော်မွေးစားအကို သူ့ရဲ့ အ​ေမက ကျွန်တော်ကိုကယ်ခဲ့လို့ ကျွန်တော် အသက်ရှင်နေတာ"
ရိပေါ်အဲ့နေ့ကို ဘယ်တော့မှမမေ့ ဦးဦးရဲ့ ပြန်လာခေါ်မယ်ဒီနေရာလေးကနေစောင့်နေဆိုတဲ့စကားကြောင့်ရိပေါ်စောင့်နေခဲ့တယ် အချိန်အတော်ကြာတဲ့ထိ ဦးဦး ကပေါ်မလာခဲ့
ရိပေါ်သစ်ရွက်တွေကိုနင်းတဲ့အသံကြားတာကြောင့်သစ်ခေါင်းထဲက ထွက်ကြည့်မိတော့မျှော်နေသူတော့မဟုတ်ခဲ့ အာ့အစား သူ့ကိုခုန်အုပ်တော့မယ့် ကျားကြီးတစ်​ကောင် ရိပေါ်လဲ ကြောက်ကြောက်လန့်လန့်နဲ့မျက်လုံးမှိတ်ထားမိတော့တယ် အချိန်အတော်ကြာတဲ့ထိ သူနာကြင်မှုကိုမခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ သူ့ကိုခုန်အုပ်ဖို့လုပ်နေတဲ့ကျားကြီးနဲ့ ကျားသစ်မတစ်ကောင်က လုံးထွေးသတ်ပုတ်နေကြတယ်
နောက်တော့ ကျားကြီးလဲအထိနာပြီးထွက်ပြေးသွားတယ် ကျားသစ်မကြီးမှာလဲဒဏ်ရာအတော်ရနေတယ်
ရိပေါ်လဲကျားသစ်မကြီးနားသွားပြီး သွေးထွက်နေတဲ့နေရာကို သူ့ကျောပိုးအိတ်ထဲမှာပါလာတဲ့ အဝတ်တွေကိုယူပြီးဒဏ်ရာကိုသုတ်ပေးလိုက်တယ်
ကျားသစ်မကြီးဒဏ်ရာ အတော်လေးသက်သာသွားတဲ့အချိန် မှာတော့ ကျားသစ်မကြီးက ရိပေါ်ကို တောထဲက သူတို့မိသားစုရှိရာဂူလေးကိုခေါ်ဆောင်သွားတော့တယ် ဂူထဲကိုရောက်တော့ ကျားသစ်သားပေါက်လေးတစ်ကောင်ကပြေးလွှားဆော့ကစားနေတယ် ခုမှရိပေါကိုကျားသစ်မကြီးက ဘာ့ကြောင့်ကယ်ခဲ့လဲဆိုတာသဘောပေါက်တော့တယ် မေတ္တာတရားဟာတယ်လဲကြီး​မားသကိုး
ဘယ်လောက်ပဲ သားစားကြူး တဲ့ တိရစ္ဆာန်ပင် ဖြစ်လင့်စေကာမူ သားသမီးချင်းကိုယ်ချင်းစာစိတ်နဲ့ရိပေါ်ကိုကယ်ခဲ့တာပဲ
သတိရလိုက်တာမားရယ်
ဒီလိုနဲ့ရိပေါ်ဘဝကို တောထဲမှာ သူချစ်ရတဲ့ ကျားသစ်မေမေကြီးရယ် ကျားသစ်ပေါက်လေးရယ်နဲ့ နွေ မိုး ဆောင်း ရာသီအလီလီ ပြောင်းလဲမှုနဲ့အတူ ဖြတ်သန်းခဲ့တယ်
ဦးဦး ကိုတော့ ရှာလို့မတွေ့ရတော့ ဦးဥွီးက သူစောင့်နေပါလို့ပြောတာကို ရိပေါ်ကစောင့််မနေလို့ ရိပေါ်ကိုစိတ်ဆိုးပြီးထားခဲ့တာနေမယ်
.........................................................................
ရိပေါ် လဲအတွေးလွန်နေတာကို လတ်စသတ်ပြီး
ရိပေါ်ဦးဆောင်ကာ သူငယ်ချင်းတစ်တွေ ရန်သူတွေရှိရာဆီသို့ ချီတက်သွားကြတော့တယ်

My Wild Person Where stories live. Discover now