My Wild Person (24)

3.3K 292 7
                                    

အခုတလော ကျန့်ကောကသူ့ကို​ရှောင်နေတယ်
ကျောင်းသွားရင်လဲ ရိ​ေပါ်နဲ့ရှောင်အာ့ကိုနှစ်ယောက်ထဲသွားခိုင်းပြီး အကြောင်းပြချက်ပေးကာ သူတစ်ယောက်ထဲထွက်သွားတတ်သည်။
စစချင်း  ၃ရက် ၄ ရက်လောက်တော့ရိပေါ်သံသယ မဝင်သေး
ညအိပ်တဲ့အထိပါ အခန်းခွဲအိပ်​လာတာ
ဘာလို့လဲမေးတော့ သူစာလုပ်စရာရှိလို့တဲ့ ကျောင်းပျက်ထားတဲ့စာတွေလိုက်လုပ်နေရလို့ ရိပေါ်ရှိရင် စာလုပ်ရမှာမဟုတ်ဘူးဆိုပြီး အခန်းခွဲအိပ်တာ

တစ်ပတ်နှစ်ပတ်ဆက်တိုက် ကျန့်ကောကျောင်းမှာ practical ရှိလို့စောစောသွားမယ်ဆိုပြီး ထွက်ထွက်သွားတာ
ညဘက်တွေလဲစာလုပ်ရအုံးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့
အဲ့ဒါတော့ ယုံချင်စရာမကောင်းဘူးမလား
ညာချင်ရင်လဲ အကြောင်းပြချက်အမျိုးမျိုးပေးတာမဟုတ်ဘူး ငတုံးလေးက
မရဘူး ဒီနေ့တော့ သူ့ယုန်လေး ဘာဖြစ်နေလဲမေးဖို့လိုပြီ
လွတ်လွတ်လပ်လပ်နေပါစေဆို​ြ
"ရိပေါ် ငါတို့သွားရအောင် "
"အေး "ကျန့်ကောကသူ့ညီမနဲ့ ရင်းနှီးစေချင်တယ်ဆိုလို့သာ အလိုက်သင့်လေးနေပေးနေပေမယ့် ရိပေါ်တကယ်စိတ်ရှုပ်ရတယ်
ကျန့်ကောရှောင်နေလို့ ဝမ်းနည်းနေရတဲ့ကြားထဲ ရှောင်အာ့ရဲ့ ပွစိပွစိ အပြောတွေကိုလဲ စိတ်ပျက်စွာနားထောင်ပေးရသေး
ကျန့်ကောပစ်ထားတဲ့ရိပေါ်ဘဝကြီးက အဆင်ပြေမနေဘူး
"ရိပေါ် "လာပြန်ပြီ ဒီအရှုပ်ထုပ်
ကားစီးတာကို သူမနဲ့အတူတူမစီးချင်လို့ ကားရှေ့ပိုင်းမှာနေနေတာကို နောက်ပိုင်းကိုရောက်ပြီးသားသူမက ရှေ့ကိုပြန်လျှောက်လာတာ

"နင်ကလဲ ကျောင်းအတူတူသွား မှတ်တိုင် တစ်ခုထဲ ဆင်းမှာကို အတူတူစီးကြရအောင်
သူငယ်ချင်းတွေပဲဟာကို "
ရှေ့ကားခေါင်းပိုင်းက လူကြပ်တက်တယ်
တက်လာတဲ့သူတွေက အတင်းတိုးဝှေ့ပြီးတက်ကြတာကြောင့်မိန်းကလေးဖြစ်တဲ့ရှောင်အာ့ကိ​ုတိုက်မိသွားကြတာ
အမြင်မတော်တာကြောင့် ရှောင်အာ့ကို သူ့ရှေ့နေရာပေးပြီး သူကတော့ ကားလက်ကိုင်ဂွင်းကိုကိုင်ပြီးစီးထားနေက သူ့ရင်ခွင်ထဲကို ရှောင်အာဝင်နေသလိုမျိုး
ကျန့်ကောညီမကို ကာကွယ်ပေးရမဲ့တာဝန်လို့သတ်မှတ်ထားတဲ့ရိပေါ်က ဘယ်လိုမှမခံစားရပေမယ့် ရှေ့က ရှောင်အာ့ရင်ထဲမှာတော့ သံစုံတီးဝိုင်းသံတွေမြည်လို့

My Wild Person Where stories live. Discover now