My Wild Person (29)

2.8K 285 6
                                    

"ဘယ်လိုလဲ ဝမ်ချောင်
သူဌေးသား ဘဝနဲ့နေရတာတော်တော်လေးမှပျော်ရဲ့လား" ရှောင်အာ ဖုန်းဆက်ပြောတာ​ကြောင့် ဝမ်ချောင်အခု Enjoy club ကိုရောက်နေခြင်း

"ကျွန်တော် ဒီအလုပ်တွေကို တကယ်စိတ်ကုန်နေပြီ boss "

"မင်း အဲ့လိုလုပ်လို့မရဘူးလေ
ငါတို့လောက ကလူတွေက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတာမဟုတ်ဘူး
မင်းကြောင့် ငါတို့ ကိစ္စရဲတွေသိသွားရင် ငါတို့ကိုပါထိခိုက်လာလိမ့်မယ်"

"ကျွန်တော် ဘာအကြောင်းမှမပြောပဲ ငြိမ်ငြိမ်လေးနေပေးမယ်လေ
ကျွန်တော့်ကိုလွှတ်ပေးပါလား
Boss မှာလဲ ခိုင်းစရာ လူတွေအများကြီးရှိနေတာကို"

"ဒီတစ်ခေါက် ကိစ္စတစ်ခုကိုလုပ်​ပေးပြီး ရင် မင်းကိုလွှတ်ပေးမယ်
ဘယ်လိုလဲ"

"ဟုတ်ကဲ့  boss "လွှတ်မြောက်ရတော့မှာမို့အပျော်ကြီး ေပျာ်နေတဲ့ ဝမ်ချောင်က လွတ်မြောက်ခြင်းကအသက်ရှင်လျက်လွတ်မြောက်ခြင်း မဟုတ်ဘူးဆိုတာကိုသာ သိခဲ့ရင် အခုလိုပြုံးနိုင်ပါအုံးမလား

"Boss သူ့ကို တကယ်လွှတ်ပေးတော့မှာလား "

"ငါတို့လောက မှာ သက်ညှာပေးရိုးထုံးစံမရှိဘူး
ပျော့ညံနေရင်ခံရမှာပဲ
ဒီတစ်ခေါက်မင်းလိုက်သွား
ပစ္စည်းရတာနဲ့ သူ့ကို အပြတ်ရှင်းခဲ့
အခုတော့ အသုံးလိုနေသေးလို့ ခဏသုံးရအုံးမယ်"

ရွှင်မြူးစွာထွက်သွားတဲ့ ဝမ်ချောင့်ကျောပြင်ကိုကြည့်ရင်းသူ့တပည့်တစ်ယောက်ကို အမိန့်ပေးနေတဲ့ boss

     ***************************

"တောက် ဒီကောင်တွေ သက်သက်လူပါးဝတာ
ငါ့ကောင်လေးကို ထိရဲတယ်"

"ရိပေါ် ရယ် စိတ်ကိုလျော့အုံးလေ သူတို့တွေက လူတွေအများကြီး
ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ်ပဲ ခံရမှာ "

"မသိဘူးဗျာ ကျွန်တော် လုံးဝမကျေနပ်ဘူး
အဲ့ကောင်တွေကို ပြန်လက်စားချေရမှကျေနပ်မယ်"

"ရိပေါ်  ပြောနေတယ်လေ
မင်း ငါ့စကားနားမထောင်ရင် ညစာအငတ်ထားလိုက်ရမလားပြော"

"ကောကလဲ
မလုပ်နဲ့ဆို မလုပ်တော့ဘူး
ညစာတော့ အငတ်မထားပါနဲ့နော်" ကောမသိခင်လုပ်လဲ ရတာပဲ
ခုတော့ သူညစာမငတ်ဖို့အရေး အာမဘန္တေ ခံလိုက်ရတယ်

My Wild Person Where stories live. Discover now