My Wild Person (26)

3.4K 282 8
                                    

ကျန်းချန်တို့အိမ်မှာစာလုပ်နေတုန်း ဖုန်းခေါ်လာတဲရှောင်အာ့ကြောင့် ဘာများဖြစ်လို့လဲဆိုပြီး ကိုင်လိုက်တော့

"ရှောင်ကျန့် ငါအခုရိပေါ်အခန်းရှေ့ရောက်နေတာ
ဒီည နင်မရှိတဲ့အချိန် ရိပေါ် ငါ့ကိုစိတ်ဝင်စားလာအောင်ဘယ်လိုလုပ်မလဲကြည့်လိုက် "
Video call ခေါ်နေတာကြောင့် လက်ခံလိုက်တော့
တစ္ဖက္က ရှောင်အာနဲ့ရိပေါ် ပြောနေတဲ့စကားတွေကိုအကုန်ကြားနေရတယ်
ဖုန်းကို ရှောင်အာက လက်ကိုအောက်ချပြီး ကိုင်ထားတာကြောင့် သူ့လူသားလေး အောက်ပိုင်းတစ်ခုလုံးဖုဖောင်းနေတာကိုလဲမြင်နေရသေးတာ

ရိပေါ်က ရှောင်အာ့ကို သူ့အခန်းထဲဝင်အိပ်ဖို့ သဘောတူလိုက်တော့ သူ့မှာ ထိုင်ရမလို ထရမလို ဗျာများနေရတယ်
ဆက်မကြည့်ချင်တာကြောင့် ဖုန်းချဖို့ လုပ်မယ်ကြံတုန်း နောက်ဆက်တွဲကြားရတဲ့ရိပေါ်စကားတွေကြောင့်ကြည်နူးမှုက အတိုင်းအဆမဲ့
သူ့ကို အဲ့လောက်တောင်ချစ်တတ်တဲ့သူ ရှိပါလားဆိုတာတွေးမိတော့ သူ့အတွက်သူ ဂုဏ်ယူရသေးတာ
ကိုယ်ကောင်းဖို့အတွက်ကိုယ်တွေးကာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေများတဲ့လောကကြီးမှာ
သူလဲအခြားဘယ်သူ့ကိုမှထည့်မတွက်ပဲ
တစ်ခါလောက်ဖြစ်ဖြစ်
ကိုယ့်အတွက်ကိုယ်တွေးပြီး နေကြည့်လို့ရတယ်မလား ကိုယ့်ချစ်သူကို ဘယ်သူ့ကိုမှမပေးပဲ

စာလုပ်နေရင်းနဲ့ ရိပေါ်ခုချိန်တစ်ယောက်ထဲဘာများလုပ်နေမလဲ
သူ့ရဲ့ကိစ္စကော ဖြေရှင်းလို့ရရဲ့လား
မိုးတွေတအားရွာနေတော့ အိပ်လို့ပျော်ရဲ့လား
အတွေးတွေများပြီး လုပ်သမျှအဆင်မပြေ

"ရှောင်ကျန့် မင်း အဆင်ပြေရဲ့လား "

"အင်း ရရပါတယ် "

"မင်းကြည့်ရတာ မျောက်မီးခဲ ဖင်ခုထိုင်နေရသလို မရိုးမယွဖြစ်နေလို့"
သူတို့ကို အားနာလို့သာ အဆင်ပြေကြောင်းပြောမိပေမယ့် တကယ်တော့ အိမ်ကိုပြန်ချင်နေတာ တစ်ပိုင်းသေနေပြီ

"ကျန့်ကော အိမ်မှာ ကိစ္စတစ်ခုခုဖြစ်လို့လား
အိမ္က ဖုန်းလာပြီးကထဲက မျက်နှာသိပ်မကောင်းတာ"
မျက်နှာမကောင်းတာက သူ့လူရိုင်းလေးကိုလွမ်းလို့ပါ

My Wild Person Onde histórias criam vida. Descubra agora