My Wild Person (28)

2.8K 252 8
                                    

"အသက် ဟိုကောင်က ဘယ်ချိန်ပြန်လာမှာတဲ့လဲ "

"ကိုကလဲ ဟိုကောင်လို့မပြောပါနဲ့ ကို့သားပဲဟာ
သူတစ်ယောက်ထဲသွားတာမဟုတ်ဘူး
သမီးလေးရှောင်အာနဲ့သွားတာ အချိန်တန်ရင်ပြန်လာမှာပေါ့"

"အသက် ကိုယ်တစ်ခုပြောမလို့
သူက ကိုယ်တို့သားမဟုတ်ဘူးလို့ကိုယ်ထင်နေတယ်"

"ကိုရယ် အသက်တို့သားမလို့ပဲ ငယ်ငယ်ကအဖြစ်အပျက်တွေ ပြန်ပြောပြနိုင်တာပေါ့
မဟုတ်တာတွေလျှောက်တွေးမနေနဲ့တော့
အရင်က သားလေးကိုပြန်မတွေ့ရတော့ဘူး ဆိုပြီး စိကောင်းဖြစ်နေရတာ
ခုပြန်တွေ့ပြီးမှ သံသယစိတ်တွေဝင်ပြီး ထပ်ခွဲရရင် အသက် ဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး" ပြန်တွေ့တာ တစ်ပတ်လောက်ပဲ ရှိသေး အရမ်းတွေချစ်ပြီး သံယောဇဥ်တွေတွယ်နေတဲ့ ဝမ်ကတော်ကြောင့် ဝမ်သူဌေးဆုံးဖြတ်ရခက်နေပြီ
သူ့သားအရင်းလို့ သူတစ်ယောက်ပဲ လက်မခံနိုင်သေးတာလေ
သားအရင်းမဟုတ်ကြောင်းသက်သေပြစရာလဲ ဘာမှမရှိ

"မား  သားပြန်လာပြီ "

" မား သားလေး ပင်ပန်းလာပြီလား
အမောပြေအောင်မားသံပုရာ ရည်လေးဖျော်ထားတယ်
သောက်လိုက်
သမီးလေးပါ တစ်ခါထဲသောက်လေ"

"ဟုတ်ကဲ့ အန်တီ"

"မား ဇက်ကြောတွေတက်နေတာလား
သားအကြောလျော့ပေးမယ် "ငယ်ငယ်ထဲက မိဘမေတ္တာငတ်ခဲ့ရသူမို့ ဝမ်ကတော်တို့ကို ကိုယ့်မိဘအရင်းတွေ အတိုင်းစိတ်ထဲက မှတ်ယူနေမိတာ

"မား သားလေး ကျန်းမာ ချမ်းသာ အနာရောဂါတွေကင်းပါစေကွယ် "
သေမှာကြောက်လို့သာ လိမ်လိုက်ရပေမယ့် လိပ်ပြာမလုံနိုင်
ကိုယ့်အပေါ် ဒီလောင်ကောင်းတဲ့သူတွေကို လိမ်မိတာကြောင့် အဲ့စိတ်နဲ့ပဲစားမဝင် အိပ်မပျော်
မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာတယ်ပဲဆိုဆို သူလိမ်ညာခဲ့တဲ့အပြစ်တွေကြေအောင် ဝမ်လင်မယားကိုကိုယ့်မိဘအရင်းတွေလိုသဘောထားပြီး ပြုစုပေးမိတယ်
ဝမ်သူဌေးကြီးကတော့ သူတို့ သားအမိနှစ်ယောက်ကိုကြည့်ပြီးဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်မိတယ်

           **************************
ဖုန်း ringtone မြည်သံကြားရတာ​ကြောင့် ကိုင်ဖို့ ဆတ်ခနဲ အထ

My Wild Person Waar verhalen tot leven komen. Ontdek het nu