Part (3)

4.9K 470 3
                                    

Unicode

ရိပေါ် အစောကြီးထပြီး မှန်ရှေ့မှာ ရပ်လို့ပြင်ဆင်နေတယ်။ သူအကြာကြီး သတ္တိမွေးပြီးမှ သူ့ကိုကိုကို သွားတွေ့တော့မယ်လေ။ အထပ်ထပ်ပြင်ဆင်ပြီးကာမှ သူ့ကိုယ်သူကျေနပ်သွားတယ်။ မျက်မှန်လေးတစ်လက်တောင် ကောက်တပ်လိုက်သေးတယ် ချစ်စရာပုံလေးများဖြစ်သွားမလားလို့။ နောက်တော့ သူ့ခြေလှမ်းတွေက ကော်ဖီဆိုင်လေးဆီကို ဦးတည်တယ်။

ရိပေါ် ကော်ဖီဆိုင်လေးကို ရောက်တော့ ရှောင်းကျန့်က သူထိုင်နေကျ​နေရာလေးမှာပဲ ကော်ဖီလေးတစ်ခွက်နဲ့ ထိုင်နေတယ်။ ရိပေါ် ထိုပန်းချီကားလေးကို အဝငေးပြီးကာမှ အနားကိုသွားလိုက်တယ်။

"နိဟောင် ကျွန်တော်ထိုင်လို့ရမလား"

ရိပေါ် ခွင့်တောင်းတော့ မော့ကြည့်လာတဲ့ အစ်ကို့ရဲ့ မျက်ဝန်းလေးတွေမှာ အံ့သြမှုတွေ ယှက်ပြေးလို့။

"အာ...ရ..ရပါတယ် ထိုင်ပါဗျ"

"ကျွန်တော်လာတာ အနှောင့်အယှက်များဖြစ်သွားလား"

"မဖြစ်ပါဘူး။ ဒါနဲ့ ရိပေါ်...အဲရိပေါ်လို့ခေါ်လို့ရလား"

"ရပါတယ်ဗျ။ ကျွန်တော်က ကျန့်ကောလို့ခေါ်မယ်နော်"

"အင်း...ရိပေါ်က ဒီဆိုင်ကို ရောက်လာမယ်လို့ မထင်ထားဘူး"

"ဒီဆိုင်မှာ ကျွန်တော်ကြိုက်တဲ့ ပန်းချီကားလေးရှိတယ်ဗျ။ အရမ်းအသက်ဝင်ပြီး လှလွန်းတယ်"

"ဟုတ်လား"

ရှောင်းကျန့်ဆိုတဲ့ ယုန်ဖြူလေးကတော့ သူ့ကို ရည်ညွှန်းပြီးပြောနေမှန်းမသိရှာဘူး။

"ရိပေါ်က ပန်းချီလဲ ခံစားတတ်တာပဲလား"

"ကျွန်တော်က အလှအပကို ခံစားတတ်တယ်လေ။"

"ဪ"

"ကျန့်ကောက ပန်းချီဆွဲတတ်လား"

"အင်း professional တော့မဟုတ်ပေမဲ့ တစ်ခါတလေ ဆွဲဖြစ်တယ်"

"ကျန့်ကောက ကောင်းလိုက်တာ သီချင်းလဲဆိုတတ်တယ်။ ပန်းချီလဲဆွဲတတ်တယ်"

"ရိပေါ်က ပိုတော်တာပါ ကလဲကတတ်တယ်။ ဆိုင်ကယ်လဲစီးတတ်တယ်။ ပြီးတော့ အများကြီးတော်တာတွေရှိသေးတယ်"

Have You Ever Been In Love?Where stories live. Discover now